Health

သွားနဲ့နှလုံးကျန်းမာရေးဟာ ဘယ်လိုဆက်စပ်လို့နေပါသလဲ

သွားနဲ့နှလုံးကျန်းမာရေးဟာ ဘယ်လိုဆက်စပ်လို့နေပါသလဲ။ ဒါကို အင်္ဂလန်နိုင်ငံမှာ သုတေသနတစ်ရပ်အသစ်ပြုလုပ်ခဲ့ကြပါတယ်။ ခံတွင်းသန့်ရှင်းရေးက နှလုံးကျန်းမာရေးကို အများကြီးအထောက်အကူပြုထားတယ်ဆိုတာကို ခိုင်မာတဲ့ ဆက်စပ်မှုတစ်ရပ်အနေနဲ့ တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကို စကော့တလန်ကျန်းမာရေးစစ်တမ်းကလည်း အသက်အရွယ်ပေါင်းစုံပါဝင်တဲ့ လူပေါင်း ၁၁,၀၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။

သူတို့ထဲမှာ ၆၂ ရာခိုင်နှုန်းလောက်က ၆ လတစ်ကြိမ် သွားဆရာဝန်ဆီကိုသွားရလေ့ရှိပြီး ၇၂ ရာခိုင်နှုန်းက တော့ တစ်နေ့ကို သွား၂ကြိ်မ်တိုက်လေ့ရှိတယ်လို့ ဆိုကြပါတယ်။

သူတို့ရဲ့သတင်းအချက်အလက်ကို မူတည်ပြီး သုတေသနအဖွဲ့က လေ့လာမှုပြုလုပ်ခဲ့ရာ သွားတိုက်နှုန်းကြိမ်ရေနည်းလွန်းသူတွေဟာ နှလုံးရောဂါ (ဒါမှမဟုတ်) ရုတ်တရက် နှလုံးအမောဖောက်မှုတို့ဖြစ်နိုင်ချေအန္တရာယ် ၇၀ ရာခိုင်နှုန်းထိ ရှိကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ခံတွင်းသန့်ရှင်းရေးက နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့လည်း အများကြီးဆက်စပ်နေတယ်ဆိုတာကို University College London မှ ရစ်ချက်ဝတ်ဒီဒ်ကလည်း တွေ့ရှိချက်ရလဒ်အပေါ် အ ခြေခံပြီး ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ခံတွင်းကျန်းမာရေးနဲ့ နှလုံးဆက်စပ်နေပုံတို့ကို ထပ်မံတွေ့ရှိခဲ့ကြပြန်တယ်။ သွားဖုံးယိုယွင်းပျက်စီးမှုတို့ဟာ နှလုံးသွေးကြောကျန်းမာရေးတို့ကိုပါ ထိခိုက်စေကြောင်း၊ နှလုံးသွေးကြောတို့ကို ကျဉ်းမြောင်းစေကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သွားဖုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းမြောင်းမှုတို့က ဘယ်လိုဆက်စပ်နေတာလဲ။ သိပ္ပံနည်းကျလေ့လာကြတဲ့အခါ ခံတွင်းထဲမှာ ဘတ်တီးရီးယားတို့စုပြုံတိုးပွားလာတဲ့အချိန် သွားဖုံးရောဂါဖြစ်ပွားလာခဲ့ပြီး သွားဖုံးရောဂါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေဖို့ ဦးတည်သွားစေတော့တာပါပဲ။

ရောဂါပိုးတွေကြောင့် သွေးကြောတွေ ရောင်ရမ်းလာတဲ့အခါ သွေးလည်ပတ်စီးဆင်းနေတဲ့ သွေးလမ်းကြောင်းနေရာတို့ ကျဉ်းမြောင်းကုန်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ အစပြုဖြစ်ပေါ်ခြင်းပင် ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုတာနဲ့ ရုတ်တရက်နှလုံးအမောဖောက်တာတို့၊ လေဖြတ်တာတို့ဖြစ်ဖို့ အခွင့်အရေးတော်တော်များသွားပြီ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ခံတွင်းကို အမြဲသန့်ရှင်းဖို့၊ လူငယ်လူရွယ်ပေမယ့် ခံတွင်းသန့်ရှင်းရေးနည်းပါက နှလုံးကျန်းမာရေးထိခိုက်ပြီး ရုတ်တရက် ဆုံးပါးသွားနိုင်တယ်ဆိုတာ သတိချပ်စရာဖြစ်ပါတယ်။

တခါတရံမှာ ဘာကြောင့် နှလုံးရောဂါဖြစ်နေတာလဲ တရားခံရှာမရဖြစ်နေတတ်တာ ရှိပါတယ်။ ဒီလိုခံတွင်းသန့်ရှင်းရေးအားနည်းနေခဲ့မှုကလည်း ကိုယ့်ရဲ့သက်တမ်းကို တိုသွားစေနိုင်တဲ့ နှလုံးကျန်းမာရေးကို အများကြီး သက်ရောက်စေနိုင်တယ်ဆိုတာ သတိထားသင့်စရာပင် ဖြစ်ပါတယ်။

ခရက်ဒစ်

Unicode

သွားနဲ့နှလုံးကျန်းမာရေးဟာ ဘယ်လိုဆက်စပ်လို့နေပါသလဲ။ ဒါကို အင်္ဂလန်နိုင်ငံမှာ သုတေသနတစ်ရပ်အသစ်ပြုလုပ်ခဲ့ကြပါတယ်။ ခံတွင်းသန့်ရှင်းရေးက နှလုံးကျန်းမာရေးကို အများကြီးအထောက်အကူပြုထားတယ်ဆိုတာကို ခိုင်မာတဲ့ ဆက်စပ်မှုတစ်ရပ်အနေနဲ့ တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကို စကော့တလန်ကျန်းမာရေးစစ်တမ်းကလည်း အသက်အရွယ်ပေါင်းစုံပါဝင်တဲ့ လူပေါင်း ၁၁,၀၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။

သူတို့ထဲမှာ ၆၂ ရာခိုင်နှုန်းလောက်က ၆ လတစ်ကြိမ် သွားဆရာဝန်ဆီကိုသွားရလေ့ရှိပြီး ၇၂ ရာခိုင်နှုန်းက တော့ တစ်နေ့ကို သွား၂ကြိ်မ်တိုက်လေ့ရှိတယ်လို့ ဆိုကြပါတယ်။

သူတို့ရဲ့သတင်းအချက်အလက်ကို မူတည်ပြီး သုတေသနအဖွဲ့က လေ့လာမှုပြုလုပ်ခဲ့ရာ သွားတိုက်နှုန်းကြိမ်ရေနည်းလွန်းသူတွေဟာ နှလုံးရောဂါ (ဒါမှမဟုတ်) ရုတ်တရက် နှလုံးအမောဖောက်မှုတို့ဖြစ်နိုင်ချေအန္တရာယ် ၇၀ ရာခိုင်နှုန်းထိ ရှိကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ခံတွင်းသန့်ရှင်းရေးက နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့လည်း အများကြီးဆက်စပ်နေတယ်ဆိုတာကို University College London မှ ရစ်ချက်ဝတ်ဒီဒ်ကလည်း တွေ့ရှိချက်ရလဒ်အပေါ် အ ခြေခံပြီး ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ခံတွင်းကျန်းမာရေးနဲ့ နှလုံးဆက်စပ်နေပုံတို့ကို ထပ်မံတွေ့ရှိခဲ့ကြပြန်တယ်။ သွားဖုံးယိုယွင်းပျက်စီးမှုတို့ဟာ နှလုံးသွေးကြောကျန်းမာရေးတို့ကိုပါ ထိခိုက်စေကြောင်း၊ နှလုံးသွေးကြောတို့ကို ကျဉ်းမြောင်းစေကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သွားဖုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းမြောင်းမှုတို့က ဘယ်လိုဆက်စပ်နေတာလဲ။ သိပ္ပံနည်းကျလေ့လာကြတဲ့အခါ ခံတွင်းထဲမှာ ဘတ်တီးရီးယားတို့စုပြုံတိုးပွားလာတဲ့အချိန် သွားဖုံးရောဂါဖြစ်ပွားလာခဲ့ပြီး သွားဖုံးရောဂါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေဖို့ ဦးတည်သွားစေတော့တာပါပဲ။ ရောဂါပိုးတွေကြောင့် သွေးကြောတွေ ရောင်ရမ်းလာတဲ့အခါ သွေးလည်ပတ်စီးဆင်းနေတဲ့ သွေးလမ်းကြောင်းနေရာတို့ ကျဉ်းမြောင်းကုန်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ အစပြုဖြစ်ပေါ်ခြင်းပင် ဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုတာနဲ့ ရုတ်တရက်နှလုံးအမောဖောက်တာတို့၊ လေဖြတ်တာတို့ဖြစ်ဖို့ အခွင့်အရေးတော်တော်များသွားပြီ ဖြစ်ပါတယ်။