Health

နှာပိတ်တာကို သက်သာစေတဲ့ ဒီအိမ်တွင်းနည်း

ဆောင်းရာသီကိုရောက်ရင် လူအများစုက အအေးဒဏ်ကြောင့် နှာပိတ်တာ၊နှာရည်ယိုတာ၊ အအေးမိတာတို့ကို ကြုံကြရပါတယ်။ နှာပိတ်တာကလည်း တော်တော်ခံရခက်ပါတယ်။ နှာမွှန်ပြီး နှာခေါင်းကပိတ်၊ နှာခေါင်းကနေ အသက်ရှုမရတော့ ပါးစပ်ကနေရှုကြရတယ်။ တစ်ညလုံးမအိပ်ရဘဲ ဒီနှာပိတ်တဲ့ဒဏ်ကို အလူးအလဲခံကြရတာ ရှိတယ်။ တချို့က သဘာဝအိမ်တွင်းနည်းကို အသုံးပြုပြီး နှာပိတ်တာကို သက်သာသွားအောင် ပြုလုပ်ကြတာ ရှိပါတယ်။

အိမ်တွင်းသဘာဝနည်းတွေက ခက်ခက်ခဲခဲလုပ်စရာမလိုဘဲ လူတိုင်းလွယ်လွယ်ကူကူလုပ်ပြီး သောက်လို့ရတာမျိုးဖြစ်တယ်။ နှာပိတ်တာကို သက်သာစေတဲ့ ဒီအိမ်တွင်းနည်းမှာတော့ ပျားရည်၊ ငရုတ်သီးမှုန့်၊ ဂျင်းတို့ပါဝင်ပြီး ငရုတ်သီးမှုန့်က အသက်ရှုလမ်းကြောင်းရောင်ရမ်းတာတို့၊ ကျဉ်းမြောင်းတာတို့ကို အထူးသက်သာစေတာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေက-
• ငရုတ်သီးအမှုန့် လက်ဖက်ရည်ဇွန်း နှစ်ပုံတစ်ပုံ
• ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း နှစ်ပုံတစ်ပုံ
• ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
• သံပရာရည်က ဖန်ခွက်ရဲ့လေးပုံတစ်ပုံ
• ပန်းသီးရှာလကာရည်က ဖန်ခွက်ရဲ့လေးပုံတစ်ပုံ

ပြုလုပ်ပုံကတော့-
• သံပုရာရည်နဲ့ ပန်းသီးရှာလကာရည်တို့ကို အိုးထဲထည့်ကျိုပြီးနောက် ပုလင်းတစ်လုံးထဲမှာဖြစ်ဖြစ်၊ ရေကရားတစ်လုံးထဲမှာဖြစ်ဖြစ် ထည့်ထားလိုက်ပါ။

• ပြီးတော့ ငရုတ်သီးမှုန့်၊ ပျားရည်နဲ့ ဂျင်းတို့ကို ရောမွှေလိုက်ပြီး သံပုရာရည်နဲ့ ပန်းသီးရှာလကာရည်တို့ထဲကို ထည့်လိုက်ပါ။
• ပြီးတဲ့အခါ အအေးခံထားပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ။

သုံးစွဲပုံသုံးစွဲနည်းကတော့-
အရွယ်ရောက်ပြီးသားသူတွေက နေ့စဉ် စားပွဲတင်ဇွန်း ၁ ဇွန်းက နေ ၂ ဇွန်းထိ သောက်ပေးလို့ရပါတယ်။ မသောက်ခင်မှာ ပုလင်းကို လှုပ်ပေးဖို့လိုုပါတယ်။ သူ့ကို မ သောက်ခင် နွေးနွေးလေးဖြစ်အောင်လုပ်ပြီး သောက်တာကလည်း ခံတွင်းအဝင်ကောင်းစေပါတယ်။

Image Source & Refs : How to Make Natural Nasal

Unicode