Local News

အကြိမ်(၁၀၀၀)မှာ (၁)ခါတောင် မဖြစ်ဖူးတဲ့ အမှားမျိုး ကျူးလွန်မိခဲ့တဲ့ နီပေါလေကြာင်းလိုင်း

သယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ရင် အမြဲတမ်း ဂရုတစိုက်နဲ့ အာရုံစိုက်ပြီး ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြရတာ ဘယ်သူမှမပြောလည်း အလိုလိုနားလည်ရမယ့် အချက်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ CNN ရဲ့ ဖော်ပြချက်အရတော့ နီပေါလေကြောင်းလိုင်းတစ်ခုမှာတော့ အကြိမ် ၁၀၀၀ မှာ ၁ခါတောင် ဖြစ်ခဲတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဖြစ်ပုံကတော့ဒီလိုပါ။

နီပေါရဲ့ နာမည်ကြီး လေကြောင်းလိုင်း တစ်ခုရှိပါတယ်။ အဲဒါကတော့ Buddha Air ပါတဲ့။ ခရီးသည် ၆၉ ယောက်ပါတဲ့ လေယာဉ်ကြီးဟာ Kathmandu မှာရှိနေတဲ့ Tribhuvan နိုင်ငံတကာလေဆိပ်ကနေပြီး နီပေါရဲ့ ဒုတိယအကြီးဆုံးမြို့တောဖြစ်တဲ့ Pokhara ကို ပျံသွားခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တုန်းကပေါ့။ Pokhara ဟာ Tribhuvan ရဲ့ အနောက်မြောက်ဖက်ကမှာ တည်ရှိနေပါတယ်။

ဒါပေမဲ့ တကယ်တမ်း အဲဒီလေယာဉ်ပျံသန်းရမှာက Tribhuvan အရှေ့တောင်ပိုင်းမှာရှိနေတဲ့ Janakapur ကိုပါ။ Janakapur နဲ့ Pokhara ဆိုတာ မိုင်ပေါင်း ၂၅၀ တောင် ကွာဝေးလျက်ရှိနေပါတယ်။

တောင်နဲ့မြောက် တခြားစီဖြစ်နေပြီးတော့ မြို့နာမည်တွေလည်း ကွာခြားနေတာကို လေယာဉ်မောင်းတွေက အခုလိုမျိုး မှားပျံသွားတာဟာ တော်တော်လေးတော့ အံ့သြစရာကောင်းနေပါတယ်။ လေယာဉ်မောင်းဆိုတာဟာလည်း ကားတွေလိုမျိုး တစ်ယောက်တည်းမောင်းတာရတာမျိုးလည်း မဟုတ်ပါဘူး။ နှစ်ယောက်ဖြစ်ပြီးတော့ လေယာဉ်ပေါ်မှာလည်း တခြား လေယာဉ်မယ်တွေ မောင်တွေရှိနေပါသေးတယ်။ ဘာလို့မှားပြီး ပျံသွားခဲ့တယ်ဆိုတာကိုတော့ လေကြောင်းလိုင်းတာဝန်ခံတွေလည်း တိတိကျကျ ဖြေရှင်းချက်ပေးထားတာမျိုးမရှိပါဘူး။

သူတို့ပြောတာကတော့ နားလည်မှုလွဲသွားတယ်လို့ပဲ ထုတ်ပြန်ခဲ့တာပါ။ ခရီးသည်တွေကိုတော့ လေဆိပ်ရောက်ရောက်ချင်းမှာပဲ နေရာမှန်ဖြစ်တဲ့ Janakapur ကို ပြန်ပို့ခဲ့ပါတယ်တဲ့။ နာရီအနည်းငယ်နောက်ကျသွားတာကလွဲလို့ ဘာမှတော့ ပြဿနာကြီးကြီးမားမားမဖြစ်သွားခဲ့ပါဘူး။ ဒါပေမဲ့ မြို့နှစ်မြို့ဟာ တိုက်ရိုက်လေကြောင်းလိုင်း မရှိတဲ့အတွက် ဒီခရီးစဉ်ကတော့ တစ်ဦးတည်းသော အထူးသီးသန့် Janakapur နဲ့ Pokhara ကို ပျံသန်းတဲ့ ခရီးစဉ်ဖြစ်သွားခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ ၂၀၁၉ ခုနှစ်တုန်း British Airways မှာ တစ်ခါဖြစ်ခဲ့ဖူးပါတယ်။ London မြို့လေဆိပ်ကနေပြီး Dusseldorf ကို သွားမယ့်ခရီးစဉ်ကိုမှားပြီးတော့ Edinburgh ကို သွားခဲ့တာပါတဲ့လေ။ ခရီးလမ်းကြောင်းမှားပြီဆိုတာကို ခရီးသည်တွေက ပြူတင်းပေါက်ကနေကြည့်ပြီးတော့ Google Map ကို ကြည့်လို့သာ သိခဲ့ရတာပါတဲ့လေ။

ခရက်ဒစ်