Local News






Unicode

ဇန်နဝါရီလမှာ မြန်မာတနိုင်ငံလုံး ထူးကဲ အအေးပိုမည်

ဇန်နဝါရီလမှာ မြန်မာတနိုင်ငံလုံး ထူးကဲ အအေးပိုမည် (မိုးလေဝသပညာရှင်မလေး စုစုစံ)

၂၀၂၀ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ဇန်နဝါရီလ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ ပုံမှန်ထက် အအေးပိုလာစေနိုင်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ထူးကဲအအေးပိုခြင်းတွေ ရှိလာနိုင်ကာ ရန်ကုန်တိုင်း ဧရာဝတီတိုင်း မွန်ပြည်နယ်တွေမှာတောင် ၁၅ ဒီဂရီစင်တီဂရိတ် အထိ အေးစေနိုင်တဲ့ ရက်တစ်ချို့ ရှိလာနိုင်ပါတယ်…

လာအို ထိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် ကရင်ပြည်နယ်တွေမှာ ဇန်နဝါရီလ အတွင်း ထူးကဲ အအေးပိုနိုင်လာတဲ့ ရက်တွေရှိလာနိုင်သဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိသူများ အသက်အရွယ်ကြီးရင့်သူများသည် မိမိမဒေသထက် အအေးပေါ့စေနိုင်တဲ့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေသို့ ဇန်နဝါရီလမှာ အအေးရှောင်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်…

11/12/2020 at 4:12pm (MMT) Su Su San