မင်းကို အပြစ်မဖွဲ့ချင်တော့လို့သာ ကံကို အပြစ်တင်ပုံချလိုက်တာပေါ့
ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်သလို ကိုယ့်ကို နာကျင်စေတာတွေအတွက်လဲ ခွင့်လွှတ်ပါတယ်
မင်းကို အပြစ်မဖွဲ့ချင်တော့လို့သာ ကံကို အပြစ်တင်ပုံချလိုက်တာပေါ့ အတိတ်ဘဝမှာ ကိုယ်လဲ တစ်စုံတစ်ယောက်ကို လှည့်ဖျားပြီး ချစ်ခဲ့ဖူးလိမ့်မယ်ထင်ပါတယ် အဲ့ဒီဝဋ်ကြွေးကြောင့်ပဲ ဒီဘဝမှာ မင်းရဲ့ လှည့်ဖျားခြင်းတွေကို ခံခဲ့ရတာပေါ့ ကိုယ့်ကံပါ …
လိမ်နေမှန်းသိသိနဲ့ အလိုက်သင့်လေး လှိမ့်ပေးနေခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်တယ် ကိုယ်သိတယ်လို့ပြောလိုက်ရင် အဝေးပြေးထွက်သွားမှာစိုးတဲ့စိတ်တွေကြောင့်လဲပါတယ် .. ပြီးရင် မထူးဇာတ်ခင်းပြီး ကိုယ့်ကို မင်းထားရစ်ခဲ့တော့မယ် …
တချို့အရာတွေကိုဆိုတာထက် အရာတော်တော်များများကို မသိချင်ယောင်ဆောင်ထားရင် ဒီ ဆက်ဆံရေးမှာ ပျော်အောင်နေနေရသူပါ ကိုယ့်ကို ဟန်ဆောင်ပြီး
ဂရုစိုက်တာတွေကအစ ကိုယ့်မှာ ဟန်ဆောင်ပြီးပဲ ပျော်ရတယ် တကယ့်အစစ်အမှန်ကို မခံစားရမိတော့တာ အခုနဲ့ဆို အချိန်တော်တော်တောင်ကြာနေပြီ
မင်းကို ချစ်ရမယ့်ကံ ကိုယ့်မှာပါလာပြန်တော့လဲ ကိုယ်အတတ်နိုင်ဆုံး ချစ်ရမယ့် တာဝန်တွေက အလိုလို ရှိလာပြန်ပြီပေါ့ … ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်မိသလို ကိုယ့်ကို နာကျင်စေခဲ့တာတွေအတွက်လဲ တောင်းပန်စရာမလိုပဲ ခွင့်လွတ်ပါတယ်
ဒီဘဝမှာတော့ မင်းကို အကောင်းဆုံးနဲ့ အချစ်တွေအကုန်ပေးပြီး ချစ်ပေးခဲ့တာပါ … နောင်တချိန်မှာ ကိုယ်လဲ တစ်စုံတစ်ယောက်ဆီက ကိုယ့်လိုချစ်ခြင်းမျိုး ပြန်ရမယ်ထင်ပါတယ် မင်းဆီကတော့ မမျှော်လင့်တော့ပါဘူး ဒီတစ်သက် ကိုယ်မရနိင်တော့မှန်း နားလည်မိသွားလို့ပါ …
Crd-
Unicode