မိန်းခလေး မှန်ရင် သိမ်းထားပါ
1.မိတ်ကပ် လိမ်းခြယ် မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင် လုပ်ပါ
2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့
3.မိတ်ကပ်ကို အပြင် သွားပြီး ပြန်လာ တာနဲ့ တစ်ခါထဲ ဖျက်ပါ
4.မိတ်ကပ်လိမ်း တဲ့နေ့တွေမှာ မျက်နှာကို သေချာ သန့်စင်ပါ ၊မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက် ပါဘူး
5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီး သန့်စင်ပြီးမှ မျက်နှာ သစ်ပါ
6.မိတ်ကပ် remover ကို အလေအလွင့် နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီး ဖျက်ပါ
7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီးရင် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make upremover ကို နဲနဲပဲကုန်စေနိင်သလို အကျိုးလဲ ရှိပါ တယ် money saving ဖြစ်စေပါတယ်
8.တိုနာကို လဲ ထိုနည်း လည်းကောင် းလုပ်လို့ရပါတယ်
9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာ သစ်ဆေးနဲ့ သစ်ပေးပါ
10.ပြီးရင် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာ အနှံ့ ပွတ် လိမ်းပါ
11.တိုနာက ချွေးပေါက် ကျဉ်းစေ တယ်လို့ ပြောကြ တာထက် မျက်နှာသစ်ပြီး သုံးရင် ကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေး ပါတယ်
11.ပြီးရင် လိမ်းနေကြ တစ်ခုခု ရှိရင် လိမ်းပါ
12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ
13.မနက်တစ်ကြိမ် ညတစ်ကြိမ် သစ်ပါ ။ မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ။
14.သွားကျန်းမာရေးကိုလဲ ဂရုစိုက်ပါ
15.တနေ့နှစ်ခါ တိုက်ပါ
16.အစာစားပြီး ပလုတ်ကျင်းပါ
17.သွားတိုက်ရင် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ
18.မျက်နှာလေး လှနေယုံနဲ့ မပြီးပါဘူး ၊ပါးစပ်က အနံ့ ဆိုးတွေ ရှိရင် လူတစ်ယောက်ရဲ့ image က ပြောင်းသွား နိုင်ပါ တယ်။
19.ဆံံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ
20.နဖူးမှာ ဝက်ခြံတွေ အရမ်းထွက် တတ်တာ မျိုးက ဆံပင်က မသန့်တာကြောင့်ဖြစ်တတ်ပါတယ် ခေါင်းမလျှော်ဖြစ် ခဲ့ရင်တောင် အရှေ့ဆံပင်လေးကို လျှော်ပေးပါ
21.ဝက်ခြံထွက်ရင် လက်နဲ့ မညစ်ပါနဲ့
22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ
23.အရမ်းများလာရင် တတ်ကျွမ်းသူတွေနဲ့ ပြပါ
24.ဝက်ခြံကို အသည်းယားလို့ ကုတ်ဖဲ့ တာမျိူးက အန္တာရယ် များပါတယ် ဝက်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေရာတွေမှာပါ ဝက်ခြံ ထွက်တတ်ပါတယ်
25 ဆင်ဝက်ခြံလို ဝက်ခြံမျိူးတွေ လက်နဲ့ အညစ်များတဲ့ ဝက်ခြံတွေဟာ ကြာရင် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင် ပါတယ်
26.ဆားဝက်ခြံတွေ ကလဲ စိတ်ရှုပ်ရပါတယ်
27.ဆားဝက်ခြံတွေကို ပျောက်ကင်းအောင် ထပ်မ ထွက်အောင် ကုသမရသေးပါ
28.ပါးသွားအောင်ပဲ လုပ်လို့ရနိုင်ပါတယ်
29.ဝက်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေး နိုင်ပါ တယ်။ ဆားဝက်ခြံ ကပ်ခွာတွေလဲ ကပ်နိုင် ပါတယ်။ ဘယ်လို နည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပစ်ထားပါနဲ့
30.treatmentပြန် လုပ်ပေးပါ။ ထပ်ခါ ထပ်ခါ လုပ်ပါများရင် ချွေးပေါက်တွေကျယ်ပြီး အဆီအရမ်းပြန် တတ်ပါ တယ်
31.အကောင်းဆုံး နည်းလမ်း ကတော့ မျက်နှာကို ရေနွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး ရေနွေးငွေ့ ခံပါ ပြီးရင် ကြက်ဥ အကာကို မျက်လုံးကို ဝိုက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါ။ tissue နှစ်လွှာကို တစ်လွှာခွာပါ မိမိကပ် မဲ့နေရာ ချိန်ပြီး အရွယ်တော် ဖြဲပါ ။
ပြီးရင် ကြက်ဥအကာ သုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ။ပြီးရင် tissue ကပ်ထားတဲ့ အပေါ် ကို ကြက်ဥအကာထပ်တင်ပေးပါမိနစ် ၂၀ခန့်ထားပြီး ခွာချပါ ဆားဝက်ခြံတွေ ပါလာ ပါလိမ့်မယ်။ အကုန်တော့ မပါလာပါဘူးနော်။ သဘာ၀ နည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ ဖြေးဖြေးခြင်းထိရောက်တာပါ
နောက်ဆုံး ရေခဲရေ နှင့်မျက်နှာသစ်ပါ (သို့ )ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ ။ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ။ ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ် ဆားဝက်ခြံများရင် တစ်ပတ် ၃ကြိမ်လုပ် ပါပါး သွားရင် တစ်ပတ် ၁ကြိမ်ဆို ရပါပြီ
32.အပူက ချွေးပေါက် ကျယ်စေပါတယ် အအေးက ချွေးပေါက် ကျဉ်းစေပါတယ်
33.ချွေးပေါက် အရမ်းကျယ်လို့ မိတ်ကပ်လိမ်းရအဆင်မပြေရင် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး တဘတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ
34.မနက် အိပ်ရာထလျှင် ထခြင်း ရေတစ်ဖန်ခွက် အပြည့်သောက်ပါ ။ တစ်ကျိုက်ထဲ မော့ပါ စသောက်ခြင်း အဆင်မပြေ ပါဘူး။ နောက်ရက်တွေ အိုခေ လာမှာပါ။
35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အရွက် စားပါ ဝမ်းချုပ်နေပြီခံစား ရရင် ဝမ်းနုတ်ပါ
36.ဆီး ဝမ်း လေမှန်မှ နေသာ ထိုင်သာ ရှိပြီး ကျန်းမာရေး ကောင်းမှာပါ ။
37.ရေချိုးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတ်ဆေးကြောပါ။ လူတစ်ယောက်ကို အကဲဖြတ် ရာမှာ ခြေထောက်ရယ် မျက်နှာရယ် က အဓိကပါ။
38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့ ဆိုးဖြစ် ခဲကြောင်း မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်း ကျန်းမာဖို့ ပါ
39.လက်သည်း ကျိုးလွယ် တယ် အရမ်းပျော့နေမယ် ဆိုရင် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ
40.မိတ်ကပ် လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ
41.လက်နဲ့ပဲ လိမ်းချင်တယ် ဆိုရင် လက်ကို သေချာ သန့်စင်ပြီးမှ လိမ်းပေးပါ။ လက်က ဘက်တီးရီးယား အများဆုံး နေရာပါ။
42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ ။ make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါ တယ်။ အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင် ပါတယ်
43.မိတ်ကပ်ဖော့အသုံးပြုရင်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်ရင် တခုနဲ့ သုံးလို့ရနိုင်ပါတယ်
44.နှုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင် ပါတယ် နှုတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့ ရပါတယ်
45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မရဘူး အလျင်လိုနေခဲ့ရင် mascara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်
46.concelar သုံးဖို့ လိုအပ်လာရင် concelar မရှိခဲ့ ရင် သုံးနေကြ မိတ်ကပ်အရည်ရဲ့ အဖုံး သို့ နှုတ်ခမ်းအဝမှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံးပေးနိုင်ပါတယ်
47.powder hightlight လုပ်ချင်လို့ loose powder မရှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်
48.မျက်တောင်ပါးရင်masacara ကော့ပြီး ပေါင်ဒါမှုန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီးရင် mascara ပြန်ကော့ပါ။သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်
49.မျက်ခုံးဆိုးရင် မျက်ခုံးရိတ်ပြီးမှ မျက်ခုံးဆိုးပါ။မျက်ခုံးကို မိမိဘာသာ မရိတ်တ်တက်ရင် ဆိုင်မှာ ပုံအရင်သွင်းပါ။
50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာရိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်
51.မျက်ခုံးမှ မရိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ
52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ
53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့
54.မိတ်ကပ်လိမ်းရင် မိမိမျက်နှာက အလှဆုံး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ
55.နှုတ်ခမ်း matte တွေ ဆိုးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ
56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်
57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ် ။မျက်နှာမှာ ကပ်ရင် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီးရင် မျက်နှာတော့ သေချာပြန်သစ်ပါ။
58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိူးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးးပြီး။ ပြီးမှ ရေချိူးလို့ရပါတယ် အသားအရည်လဲ လှစေပါတယ်။
59.ကြက်ဥအကာ သံံပုရာသီး ၃စက်ခနု့်ရောမွှေပြီးလူးပေးပါ ၁၅မိနစ်ထားပါ။ပြီးရင် ရေဆေးချပါ အသားအရည် တင်းရင်းစေပါတယ်။
60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ)။vasaline ကို ရေမွှေး စွတ်မဲ့ နေရာကို လိမ်းပေးပြီး ရေမွှေး စွတ်ရင် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်။
61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိုင်းမဲ နှုတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်
62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့ရပါတယ်
63.eyeliner pencil တွေ ဆိုးရတာ အရောင်မထွက်ရင် မီးအပူ ခဏလေးပြီး ဆိုးရင် အရောင်ပိုတောက်စေပါတယ်။
64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလို့ရပါတယ်
65.နူတ်ခမ်းနီ ဝယ်မိတာ မစိုမခြောက် ဖြစ်နေရင် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နှုတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နှုတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်
66.Eyeshadow ဆိုးရင် အမူန်တွေတခါတလေ ကျပါတယ် ကျရင် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ
67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်ရှားပေးနိုင်ပါတယ်
68.မိတ်ကပ်လိမ်းရင် လည်ပင်းကိုပါ လိမ်းပါ။ မိမိ မိတ်ကပ် က ဈေးကြီးလို့ နှမြောရင် ဈေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ အရောင်ညီတာ လေးဝယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ
69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ
70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီးရင် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်ရှင်
71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ
72.ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်ရာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ
73.စိုထိုင်းထိုင်း အနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အရမ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ်။ခေါင်းအုံး မသန့်ရင် မျက်နှာ ဝက်ခြံထွက်စေပါတယ်။
74.အိပ်ရေးပျက်မခံပါနဲ့
75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ
76.ည 12နာရီ နှင့် 1 နာရီအချိန်မှာ မျက်နှာက နုပျိုခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ် ။ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါအဲ့အချိန်မအိပ်ရင် မထွက်နိုင်ပါ{ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေးရှိနိုင်ပါတယ် ၁၁နာရီနောက်ပိုင်း အိပ်ရမှာက သေချာပါတယ်)
77.အိပ်ရေးပျက်ရင်လဲ ဝက်ခြံထွက်တတ်ပါတယ်
78.အသားခြောက်သူတွေ က ရေဓာတ်ပါဝင်နဲ့ skincare တွေ လိမ်းပေးပါ
79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ ရေဓာတ် ပြည့်ဝပါတယ် ကပ်ပေးနိုင်ပါတယ်
80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိူးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်
81.အရမ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေရင် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်
82.မိတ်ကပ်ဝယ်တဲ့ အခါ tester ရှိတဲ့နေရာက ဝယ်ပါ
83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ရွေးခြယ်ပါ
84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး မေးရိုး တို့မှာတင်ပြီး ရွေးပါ အရောင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိူးရှောင်ပါ ။မိတ်ကပ် နံပါတ် ၃ခု ရှိရင် သုံးခုလုံး နေရာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုံရွေးခြယ်ပါ
85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိူးရှောင်ပါ
86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ
87.မိတ်ကပ်ရွေးခြယ်ဖို့ ခက်နေသည့်အခါ မိမိ အသားအရည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မရွေးးခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ
88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့ပညာရှင်ကိုမေးပါ ဝါသနာရှင်က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူး တံဆိပ်အမျိုးမျိုး မသုံးနိုင်ပါဘူး။လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖို့ရာ ညွှန်းဖို့ရာအရမ်းခက်ခဲပါတယ် ။တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ
(sis ကိုလာမေးကြရင် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲ တဲ့ ဘယ်လိုဖြေရမှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲ ပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေကရှိသေးတယ်လေနော့်)ဝါသနာရှင်ပါရှင် နားလည်ပေးကြပါနော်)
89.နားလည်သူ ညွှန်းတဲ့ မိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကြ counter မှာဝယ်ပါ ထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်ရင် ဝယ်သုံးပါ။အဆင်မပြေရင် နောက်တခုပြောင်းဝယ်ဖို့ အသေးထွက်ရင် အသေးဝယ်ပါ အဆင်ပြေမှ ဘူးကြီးဝယ်ပါ။
90.ငွေကို ချွေတာလို့ရတဲ့နေရာ ချွေတာပါ masacara လို eyelinerအရည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို ဈေးအမြင့်ဆုံးထဲ က ဝယ်မဲ့ အစား ဈေး အလတ်စားထဲက ဝယ်ပါ။
91ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ
Crd-