Knowledge

အမေ မရှိတော့တဲ့နေ့ မျက်ရည်ခိုင်မှဖတ်ကြပါ(ဒီစာဖတ်ပြီး အမေ့ကိုပိုချစ်လာပြီ)

အမေမရှိတော့တဲ့နေ့မင်းအမေ ဆုံးပြီနင့်အမေ ဆုံးသွားပြီဆိုတဲ့ အသံမျိုးကိုအမေဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့ စကားလည်းဖြစ်သလိုမကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ။အဲဒီအချိန်အခိုက်တန့်လေးမှာ ခံစားရတဲ့ခံစားချက်ကငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူးအသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော.တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ။

ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလိုခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ်ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့။အသံတစ်သံထွက်ကျလာခဲ့တယ်လေ အဲဒါက အမေ ဆိုတဲ့စကားတစ်ခွန်းပေါ့။ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး အကြောက်တရားတွေလည်းကင်းနေပီ အမေ့ကိုဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတ ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက နောက်နေ့တွေကစတင်ပြီးလက်ကျန်ဘဝရဲ့။

အချိန်တိုင်း အချိန်တိုင်းမှာ ငါဟာ အမေလို့ခေါ်ခွင့်မရှိတော့တဲ့သူလို့။အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့ ထမင်းတစ်လုတ်လောက်တော့ အမေ့ကိုကျွေးချင်မွေးချင်ခဲ့တယ် ဒါပေမယ့် အမေက ဘေးနားမှာရှိမနေတော့ဘူး။သူများသားသမီးတွေ အမေ အမေလို့ခေါ်တဲ့အသံကိုကြားရတိုင်း အခုဆိုရင် အမေဘယ်ဘဝများရောက်နေသလဲ

အမေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ။တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အမေ လို့တမ်းခဲ့တယ်။ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမှာ အမေတွေတော့မပါလောက်ဘူးထင်ပါရဲ့နော်။ ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ် ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ။

မမေ့ပါရစေနဲ့ လက်တွေ့မှာ အမေ မရှိပေမယ့် ရင်ထဲမှာတော့ အမေ့ကိုဖက်တွယ်ထားပါရစေ အမေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့် စိတ်ထဲကအလိုရှိတဲ့အခါ တမ်းပါရစေ .ပြန်မဆုံနိုင်တော့တာသိပါလျှက်နဲ့ အမေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း အမေ့ကိုလေ ရူးမိုက်စွာတွေနဲ့ပဲမျှော်နေတတ်ကြတယ်ဆိုတာပါပဲလေ။

Credit

Unicode