Knowledge

ခမောက်ယက်လုပ်၍ငွေစုကာ အမြဲဆွမ်းလှုဒါန်းသော “အဖွား”သာဓုခေါ်ဆိုနိုင်ကြစေရန် တင်ဆက်ပေးလိုက်ပါသည်။

ခမောက်ယက်လုပ်ပြီးငွေစုကာ ဆွမ်းအုမဲလှူဒါန်းနေသော အဖွား

ခမောက်ယက်လုပ်၍ ငွေစုကာ အမြဲဆွမ်းလှုဒါန်းသော “အဖွား” သာဓုခေါ်ဆိုနိုင်ကြစေရန် ဖော်ပြပေးလိုက်ပါတယ်။ “ကင်း”ကျောင်းတိုက် ပရိဝါသ်ပွဲမှ သံဃာတော်များအတွက် ခမောက်ယက်လုပ်၍ငွေစုကာ အမြဲဆွမ်းလှုဒါန်းသော “အဖွား”သာဓုခေါ်ဆိုနိုင်ကြစေရန် တင်ဆက်ပေးလိုက်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်ဝန်းသိုမြို့နယ် ကင်းရွာကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ဦးစာရိန္ဒမှ ဦးဆောင်စီစဉ်ကျင်းပသော ပရိဝါသ်ပွဲကို နှစ်စဉ်ကျင်းပနေလျှက်ရှိပါသည်။

ထိုသို့ကျင်းပလာခဲ့ရာတွင် သံဃာအရေအတွက် များပြားသည်ဖြစ်ရာ ဝေးနီးရပ်ရွာ ဒကာဒကာမများမှ စုပေါင်း၍လည်းကောင်း

ငွေကြေးတတ်နိုင်သူများက တစ်ဦးတည်းဒကာခံ၍လည်းကောင်း ကင်းရွာသူရွာသားများကို ဝိုင်းဝန်းပံ့ပိုးကူညီနေကြပါသည်။ မရှိသော်လည်း သဒ္ဒါဖြူစွာပေးလှူသောအဖွား အဖွား၏အိမ်ကလေးမှာ သူနေသောရွာကလေးတွင် ကောင်းမွန်သော အိမ်မဟုတ်ပါ အဖွားသည် သံဃာတော်များ၏ ဆွမ်းတစ်ရက်စာအတွက်

အနည်းဆုံးသော လှုဒါန်းရမည့်ငွေ ၁၀၀၀၀၀( တစ်သိန်း )ကို ရပ်ရွာသဘာဝ ခမောက်များရက်လုပ်၍ ရှာဖွေကာ အမြဲလှုဒါန်းနေပါသည်။ ငွေကြေးပြည့်စုံသော်လည်း လောဘကြောင့်အမြဲ “နည်းသေးတယ်” ဟုထင်နေကြသော သူဋ္ဌေးများသည်လည်းကောင်း အလှူဆိုတာရှိမှလှူနိုင်တာ ငါတို့ကတော့

မရှိလို့မလှူနိုင်ပါဘူးဟု ထင်မြင်နေကြသော လူအများအတွက်လည်းကောင်း ယခုအလှူရှင်အဖွားမှာ အတုယူဖွယ်၊ စံထားဖွယ်ဖြစ်နိုင်ပါလိမ့်မည်။

ထို့ကြောင့်ခမောက်ရက်၍ သံဃာဆွမ်းကပ်နေသည့် အဖွား၏ပုံရိပ်များကို လူအများသိစေ၊ မြင်စေ၊အတုယူကာ စိတ်ကြည်နူးနိုင်ကြစေရန် ရေးသားဖော်ပြလိုက်ရပါသည်။ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းပါစေသားCrd

Unicode