တစ်နေ့ကော်ဖီ ၁၀ခွက်နှုန်းသောက်ခဲ့လို့ သက်ကြီးရွယ်အို နံရိုးတွေလိုဖြစ်ခဲ့တဲ့ အမျိုးသမီး
မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ၇ နှစ်ကြာတစ်နေ့ကိုကော်ဖီ ၁၀ ခွက်နှုန်းသောက်ခဲ့လို့ နရိုးကသက်ကြီးရွယ်အိုတစ်ယောက်ရဲ့ နံရိုးတွေလိုဖြစ်နေမှန်းသိခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကော်ဖီအလွန်အကျွံသောက်သုံးသူ အသက် ၃၀အရွယ် Han Xiao အမည်ရှိတဲ့
အမျိုးသမီးတစ်ဦးရဲ့နံရိုးက သူမထက်အသက်နှစ်ဆကြီးတဲ့လူရဲ့နံရိုးများနှင့် ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ Wuhanမြို့မှ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Han ဟာမကြာသေးခင်က တုပ်ကွေးရောဂါကူးစက်ခံခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်အကြာအထိ ပြင်းထန်စွာ ချောင်းဆိုးနေခဲ့ပါတယ်။
တစ်ညမှာ Hanဟာ ၁၀ မိနစ်ကျော်ကြာတဲ့အထိ ပြင်းထန်တဲ့ချောင်းဆိုးခြင်း ဝေဒနာခံစားခဲ့ရပြီးနောက် မခံရပ်နိုင်တဲ့ရင်ဘတ်နာကျင်မှုအဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။
နောက်တစ်နေ့နံနက်မှာတော့ ဆေးကုသမှုခံယူရန် Wuhan ဗဟိုဆေးရုံသို့သွားခဲ့ပြီး သူမတွေ့ရှိခဲ့တဲ့အရာကြောင့် သူမအလွန်အမင်း အံ့ဩသွားခဲ့ရပါတယ်။
ဓာတ်မှန်ရိုက်ပြီးနောက်မှာ သူမရဲ့ရင်ဘတ်နာကျင်မှုဟာ ပြင်းထန်တဲ့ချောင်းဆိုးခြင်းကြောင့် သူမရဲ့တတိယ၊ စတုတ္ထနှင့် ပဉ္စမနံရိုးများမှာ အရိုးကျိုးသွားခဲ့ကြောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဆရာဝန်က ပြောပြခဲ့ပါတယ်။ ထပ်မံအကဲဖြတ်မှုအနေဖြင့် Han ဟာကော်ဖီကို ရေသောက်သလိုသောက်ခဲ့ပြီး
၇ နှစ်အကြာ တစ်နေ့လျှင်ကော်ဖီခွက် ၁၀ ခွက်ကျော်သောက်သုံးခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Han ဟာအရိုးတွင်းထွက်ဓာတ သတတသိပ်သည်းဆစမ်းသပ်မှုကိုခံယူခဲ့ပြီး သူမရဲ့အရိုးများဟာ အသက် ၆၀အရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ အရိုးနှင့်တူကြောင်း ဆရာဝန်ကရှင်းပြခဲ့ပါတယ်။
ပိုဆိုးတာက Han ဟာအရိုးပွရောဂါဖြစ်ပွါးဖို့ လမ်းကြောင်းပေါ်ရောက်နေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ ကော်ဖီအလွန်အကျွံသောက်သုံးခြင်းက လူငယ်များအကြား အရိုးပွရောဂါဖြစ်ပွါးမှုကိုကြီးထွားလာစေကြောင်းကို Chen Baojun အမည်ရှိတဲ့ရင်သားကင်ဆာ ခွဲစိတ်မှုဌာနရှိ ညွှန်ကြားရေးမှူးဒေါက်တာက ထောက်ပြပေးခဲ့ပါသေးတယ်။
ဟုတ်ပါတယ် ယနေ့ခေတ် လူငယ်တွေက အလုပ်အတွက် စိတ်နှစ်ထားတဲ့အခါ မအိပ်ချင်အောင် ကော်ဖီကိုအလွန်အကျွံသောက်တတ်ကြပါတယ်။ ကော်ဖီသောက်လွန်းရင်လည်း ဆိုးကျိုးဖြစ်စေတာမို့ စာဖတ်သူတို့လည်း သတိထားနိုင်ဖို့ အခုလိုသတင်းကို ဖော်ပြပေးလိုက်တာပါ။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်သော နေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ။Crd
Unicode