Health

အူေရာင္ငန္းဖ်ား၊ သန္ထေသာအေရာဂါ ၊နားကိုက္နားေရာင္၊ အဖုအက်ိတ္၊ လည္ပင္းေရာဂါ ၊ေသြးစုနာ၊ အသားမာ တို႔အတြက္ ဟင္းဂလာ

ဟင္းဂလာပင္(အယဥ္ ႏွင့္ အ႐ိုင္း)တို႔ရဲ႕ ေဆးဖက္ဝင္ပုံမ်ားျပန္လည္မွ်ေဝေပးခ်င္ပါတယ္။ျမန္မာ့အာယုေဗၺဒ သိမ္ျဖဴေဆးသိပၸံဆရာေတာ္ ေရးသားေသာ“အိုမႈႏွင့္ဆိုင္ရာျပႆနာမ်ား “စာအုပ္ မွ “ဟင္းဂလာအ႐ိုင္း” ဟင္းဂလာအ႐ိုင္းသည္ မိုးဥတု၌မ်ားစြာေပါက္ေရာက္ေသာအပင္မ်ိဳး ျဖစ္သည္။အျမင့္တစ္ေပမွ တစ္ေပခြဲခန႔္ရွိတတ္သည္။

၎သည္ ေအာက္ေျခ ၌ ပင္လုံး၊ပင္စည္ေျဖာင့္မတ္ၿပီး၊ အခက္အလက္မ်ားအေပၚပိုင္း၌ ေဝဆာ ေနတတ္သည္။အ႐ြက္ မ်ားသုံး႐ြက္ဆိုင္ထြက္ၿပီး အပြင့္သည္ အဝါေရာင္ရွိ သည္။အသီးမွာလုံး၂လက္ မ မွ ၃ လက္ မထိရွည္သည္။၎တြင္ခါးသက္ ေသာ အရသာ၊ ငန္ပ်ပ် အရသာရွိသည္။ေအးေသာသေဘာရွိသည္။ ဝမ္း မီးကိုေတာက္ေစတတ္ၿပီး၊ဆီးဝမ္းတို႔ကို႐ႊင္ေစတတ္သည္။

သလိပ္ပ်က္ေသာ ေရာဂါ၊ ပိုးေရာဂါတို႔ကိုေပ်ာက္ကင္းေစတတ္ၿပီး၊ ဆီးဝမ္းတို႔ကို ႐ႊင္ေစတတ္သည္။ သလိပ္ပ်က္ေသာေရာဂါ၊ ပိုး ေရာဂါတို႔ကို ေပ်ာက္ကင္းေစတတ္သည္။အနာမ်ားေရာင္ရမ္းျခင္း၊ အေရျပားယားယံျခင္း၊ အနားေပါက္ေရာဂါ၊ ႏူနာ ေရာဂါ၊ ငွက္ဖ်ားေရာဂါတို႔ကိုေပ်ာက္ကင္းေစတတ္သည္။၎အေစ့သည္ ဝမ္းကို အနည္းငယ္သက္ေလ်ာေစတတ္၏။ေခြၽးကို ထြက္ေစၿပီး၊ အစာသစ္ အိမ္ကို အထူးအက်ိဳးျပဳေပသည္။

ဟင္းဂလာ(အယဥ္) – ဟင္းဂလာအယဥ္သည္ အပြင့္ျဖဴျခင္း၊ အ႐ြက္ (၅) ႐ြက္ထြက္ျခင္းသာအ႐ိုင္းႏွင့္ကြာျခားၿပီး က်န္ေသာဂုဏ္ရည္တို႔ တူၾကသည္။ႏွစ္မ်ိဳးစလုံးကို အသုံးျပဳႏိုင္သည္။အ႐ိုင္းသည္ မိုးဥတု၌မ်ားစြာေပါက္ေရာက္ေသာအပင္မ်ိဳး ျဖစ္သည္။အျမင့္တစ္ေပမွ တစ္ေပခြဲခန႔္ရွိတတ္သည္။၎သည္ ေအာက္ေျခ ၌ ပင္လုံး၊ပင္စည္ေျဖာင့္ မတ္ၿပီး၊ အခက္အလက္မ်ားအေပၚပိုင္း၌ ေဝဆာ ေနတတ္သည္။အ႐ြက္ မ်ားသုံး႐ြက္ဆိုင္ထြက္ၿပီး အပြင့္သည္ အဝါေရာင္ရွိသည္။

အသီးမွာလုံး၍၂လက္ မ မွ ၃လက္ မထိရွည္သည္။၎တြင္ခါးသက္ ေသာ အရသာ၊ ငန္ပ်ပ် အရသာရွိသည္။ေအးေသာသေဘာရွိသည္။ ဝမ္း မီးကိုေတာက္ေစတတ္ၿပီး၊ဆီးဝမ္းတို႔ကို႐ႊင္ေစတတ္သည္။သလိပ္ပ်က္ေသာ ေရာဂါ၊ ပိုးေရာဂါတို႔ကိုေပ်ာက္ကင္းေစတတ္ၿပီး၊ ဆီးဝမ္းတို႔ကို ႐ႊင္ေစတတ္ သည္။သလိပ္ပ်က္ေသာေရာဂါ၊ပိုးေရာဂါတို႔ကို ေပ်ာက္ကင္းေစတတ္သည္။ အနာမ်ားေရာင္ရမ္းျခင္း၊ အေရျပားယားယံျခင္း၊ အနားေပါက္ေရာဂါ၊ ႏူနာ ေရာဂါ၊ ငွက္ဖ်ားေရာဂါတို႔ကိုေပ်ာက္ကင္းေစတတ္သည္။၎အေစ့သည္ ဝမ္းကို အနည္းငယ္သက္ေလ်ာေစတတ္၏။ေခြၽးကို ထြက္ေစၿပီး၊ အစာသစ္ အိမ္ကို အထူးအက်ိဳးျပဳေပသည္။

ဟင္းဂလာအ႐ိုင္းႏွင့္ ပုလိပ္ဖ်ားေရာဂါ – ပုလိပ္ဖ်ား ေရာဂါႏွင့္တကြ အလားတူေရာဂါတို႔၌ ၎င္းအပင္သည္ မ်ားစြာအက်ိဳးျပဳ၏။ ၎အပင္ ပၪၥငါးပါးကို ေက်ာက္ပ်ဥ္တြင္ ႀကိတ္၍ က်ပ္ျပားဝိုင္းခန႔္ အျပားျပဳလုပ္ပါ။ပုလိပ္ဖ်ားေရာဂါ၌ထြက္ေပၚလာေသာ အဖုအက်ိတ္ မ်ားတြင္ ၎ကိုအုံၿပီး စည္းထားပါ။၂-နာရီ၊ ၃-နာရီ ၾကာေသာအခါ ၎င္းကိုခြာလိုက္လွ်င္ မီးေလာင္မာကဲ့သို႔ အဖုျဖစ္လာမည္။ ထိုအဖုထဲ၌ ပုလိပ္ဖ်ားကိုျဖစ္ေစတတ္ေသာ အဆိပ္ရည္မ်ား မန္းရည္မ်ားဝင္ေရာက္လာ၏။

ထိုကို ခြဲေဖာက္လိုက္လွ်င္ အဆိပ္ရည္မ်ားထြက္သြားၿပီး ပုလိပ္ဖ်ားကို လ်င္ျမန္စြာေပ်ာက္ကင္းေစတတ္သည္။ခြဲေဖာက္ထာေသာ ဒဏ္ရာကိုေထာပတ္ (သို႔)ေအးေသာဖေယာင္းခ်က္ကို ကပ္ေပးျခင္းျဖင့္ ေပ်ာက္ကင္းေစႏိုင္သည္။ထို႔အတူပင္လွ်င္ ငွက္ဖ်ားေရာဂါ ျဖစ္ရာ၌လည္း ၎င္းကို လက္်ာဘက္လက္ေကာက္ဝတ္ရွိေသြး ေၾကာေနရာကို ကပ္ၿပီး အေပၚမွ႐ြံ႕ေစးျဖင့္ ထပ္ကပ္စည္းထားရသည္။၄-၅-နာရီၾကာ၍ ခြာပစ္လိုက္ေသာအခါတြင္ မီးေလာင္သကဲ့သို႔ အဖုေပၚလာသည္။

ထိုအဖုကို ခြဲေဖာက္လိုက္လွ်င္အဖ်ားကို ျဖစ္ေစတတ္ေသာငန္းမန္းရည္မ်ားအျပင္သို႔ထြက္ၿပီး၊ အဖ်ားကိုလ်င္ျမန္စြာေပ်ာက္ ကင္းေစတတ္သည္။

ေရာဂါအလိုက္အသုံးျပဳျခင္း –

(၁)အူေရာင္ငန္းဖ်ား ေရာဂါျဖစ္ေသာအခါ၌ ဟင္းဂလာ႐ိုင္း ပၪၥငါးပါးကို ၃ိသားခန႔္ထုေထာင္းေျခၿပီး ၄၈-က်ပ္သားႏွင့္ ၇-က်ပ္သား က်န္ေအာင္က်ိဳပါ၊ ၂က်ပ္၄ပဲသားကို တစ္ခြက္စာျပဳၿပီး၊ တစ္ေန႔၂-ႀကိမ္ေသာက္ေပးလွ်င္လ်င္ျမန္စြာ ေပ်ာက္ကင္းေစတတ္သည္။

(၂)သန္ထေသာအေရာဂါ၌ ဟင္းဂလာ႐ိုင္း၊ အေစ့မႈန႔္တြင္ သၾကား အနည္းငယ္ထည့္ ၍တစ္ခြက္စာ ၂ဲသားမွ ၃ဲသားအထိေသာက္မူ လ်င္ျမန္စြာ ေပ်ာက္ကင္းေစတတ္သည္။

(၃)နားကိုက္နာ၊ နားေရာင္နာျဖစ္ရာ၌ သတၱဳရည္ကို နား၌ က်ပ္ေပး ရသည္။

(၄)အဖုအက်ိတ္ အနာမ်ားျဖစ္ရာ၌ ၎င္းအ႐ြက္ကို ထုေထာင္းႀကိတ္ အုံၿပီး စည္းေပးရသည္။

(၅)လည္ပင္းႀကီးေသာ ေရာဂါ၌ ဟင္းဂလာ႐ိုင္း၊ အ႐ြက္ႏွင့္ၾကက္သြန္ျဖဴဥတစ္လုံကိုဆတူေရာၿပီးလည္ပင္း၌ ညဘက္စည္းထားပါ။ ( နံနက္တြင္ခြာၿပီး ေရေႏြးႏွင့္ေဆးပါ။ )ႏုလွ်င္ပိန္သြားၿပီး၊ ရင့္လွ်င္ ျပည္ေပါက္၍ေပ်ာက္ကင္းပါလိမ့္မည္။

(၆)ေသြးစုနာ၊ အသားမာတို႔ျဖစ္ရာ၌ ၎င္းအနာမ်ားေပၚသို႔ ဟင္းဂ လာ႐ိုင္း အ႐ြက္ကိုႀကိတ္ၿပီးအုံထားပါ။ေသြးစုနာတြင္ ၄-၅နာရီ အတြင္း ေပါက္ကြဲၿပီး ငန္းမန္းအဆိပ္ရည္မ်ားထြက္သြားလိမ့္ မည္။အဖုအက်ိတ္ ေၾကေပ်ာက္သြားတတ္သည္။၎ကိုေဖာက္ခြဲပစ္ပါက အဖုအက်ိတ္ ေၾကေပ်ာက္သြားတတ္သည္။ အနာကို ဖေယာင္းခ်က္၊ ဗယ္စလင္တို႔ လိမ္းေပးရသည္။

(၇)ဝမ္းအလြန္သက္ေသာ ေရာဂါ၌ ဥသွ်စ္သီး ရွာလပတ္ရည္တြင္ ၎အေစ့မႈန႔္သင့္႐ုံထည့္ၿပီး ေသာက္ပါက အျမန္ေပ်ာက္ကင္းေစတတ္သည္။

Credit – Sai Min Thant

Unicode

အူရောင်ငန်းဖျား၊ သန်ထသောအရောဂါ ၊နားကိုက်နားရောင်၊ အဖုအကျိတ်၊ လည်ပင်းရောဂါ ၊သွေးစုနာ၊ အသားမာ တို့အတွက် ဟင်းဂလာ

ဟင်းဂလာပင်(အယဉ် နှင့် အရိုင်း)တို့ရဲ့ ဆေးဖက်ဝင်ပုံများပြန်လည်မျှဝေပေးချင်ပါတယ်။မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် ရေးသားသော“အိုမှုနှင့်ဆိုင်ရာပြဿနာများ “စာအုပ် မှ “ဟင်းဂလာအရိုင်း” ဟင်းဂလာအရိုင်းသည် မိုးဥတု၌များစွာပေါက်ရောက်သောအပင်မျိုး ဖြစ်သည်။အမြင့်တစ်ပေမှ တစ်ပေခွဲခန့်ရှိတတ်သည်။

၎င်းသည် အောက်ခြေ ၌ ပင်လုံး၊ပင်စည်ဖြောင့်မတ်ပြီး၊ အခက်အလက်များအပေါ်ပိုင်း၌ ဝေဆာ နေတတ်သည်။အရွက် များသုံးရွက်ဆိုင်ထွက်ပြီး အပွင့်သည် အဝါရောင်ရှိ သည်။အသီးမှာလုံး၂လက် မ မှ ၃ လက် မထိရှည်သည်။၎င်းတွင်ခါးသက် သော အရသာ၊ ငန်ပျပျ အရသာရှိသည်။အေးသောသဘောရှိသည်။ ဝမ်း မီးကိုတောက်စေတတ်ပြီး၊ဆီးဝမ်းတို့ကိုရွှင်စေတတ်သည်။

သလိပ်ပျက်သော ရောဂါ၊ ပိုးရောဂါတို့ကိုပျောက်ကင်းစေတတ်ပြီး၊ ဆီးဝမ်းတို့ကို ရွှင်စေတတ်သည်။ သလိပ်ပျက်သောရောဂါ၊ ပိုး ရောဂါတို့ကို ပျောက်ကင်းစေတတ်သည်။အနာများရောင်ရမ်းခြင်း၊ အရေပြားယားယံခြင်း၊ အနားပေါက်ရောဂါ၊ နူနာ ရောဂါ၊ ငှက်ဖျားရောဂါတို့ကိုပျောက်ကင်းစေတတ်သည်။၎င်းအစေ့သည် ဝမ်းကို အနည်းငယ်သက်လျောစေတတ်၏။ချွေးကို ထွက်စေပြီး၊ အစာသစ် အိမ်ကို အထူးအကျိုးပြုပေသည်။

ဟင်းဂလာ(အယဉ်) – ဟင်းဂလာအယဉ်သည် အပွင့်ဖြူခြင်း၊ အရွက် (၅) ရွက်ထွက်ခြင်းသာအရိုင်းနှင့်ကွာခြားပြီး ကျန်သောဂုဏ်ရည်တို့ တူကြသည်။နှစ်မျိုးစလုံးကို အသုံးပြုနိုင်သည်။အရိုင်းသည် မိုးဥတု၌များစွာပေါက်ရောက်သောအပင်မျိုး ဖြစ်သည်။အမြင့်တစ်ပေမှ တစ်ပေခွဲခန့်ရှိတတ်သည်။၎င်းသည် အောက်ခြေ ၌ ပင်လုံး၊ပင်စည်ဖြောင့် မတ်ပြီး၊ အခက်အလက်များအပေါ်ပိုင်း၌ ဝေဆာ နေတတ်သည်။အရွက် များသုံးရွက်ဆိုင်ထွက်ပြီး အပွင့်သည် အဝါရောင်ရှိသည်။

အသီးမှာလုံး၍၂လက် မ မှ ၃လက် မထိရှည်သည်။၎င်းတွင်ခါးသက် သော အရသာ၊ ငန်ပျပျ အရသာရှိသည်။အေးသောသဘောရှိသည်။ ဝမ်း မီးကိုတောက်စေတတ်ပြီး၊ဆီးဝမ်းတို့ကိုရွှင်စေတတ်သည်။သလိပ်ပျက်သော ရောဂါ၊ ပိုးရောဂါတို့ကိုပျောက်ကင်းစေတတ်ပြီး၊ ဆီးဝမ်းတို့ကို ရွှင်စေတတ် သည်။သလိပ်ပျက်သောရောဂါ၊ပိုးရောဂါတို့ကို ပျောက်ကင်းစေတတ်သည်။ အနာများရောင်ရမ်းခြင်း၊ အရေပြားယားယံခြင်း၊ အနားပေါက်ရောဂါ၊ နူနာ ရောဂါ၊ ငှက်ဖျားရောဂါတို့ကိုပျောက်ကင်းစေတတ်သည်။၎င်းအစေ့သည် ဝမ်းကို အနည်းငယ်သက်လျောစေတတ်၏။ချွေးကို ထွက်စေပြီး၊ အစာသစ် အိမ်ကို အထူးအကျိုးပြုပေသည်။

ဟင်းဂလာအရိုင်းနှင့် ပုလိပ်ဖျားရောဂါ – ပုလိပ်ဖျား ရောဂါနှင့်တကွ အလားတူရောဂါတို့၌ ၎င်းင်းအပင်သည် များစွာအကျိုးပြု၏။ ၎င်းအပင် ပဉ္စငါးပါးကို ကျောက်ပျဉ်တွင် ကြိတ်၍ ကျပ်ပြားဝိုင်းခန့် အပြားပြုလုပ်ပါ။ပုလိပ်ဖျားရောဂါ၌ထွက်ပေါ်လာသော အဖုအကျိတ် များတွင် ၎င်းကိုအုံပြီး စည်းထားပါ။၂-နာရီ၊ ၃-နာရီ ကြာသောအခါ ၎င်းင်းကိုခွာလိုက်လျှင် မီးလောင်မာကဲ့သို့ အဖုဖြစ်လာမည်။ ထိုအဖုထဲ၌ ပုလိပ်ဖျားကိုဖြစ်စေတတ်သော အဆိပ်ရည်များ မန်းရည်များဝင်ရောက်လာ၏။

ထိုကို ခွဲဖောက်လိုက်လျှင် အဆိပ်ရည်များထွက်သွားပြီး ပုလိပ်ဖျားကို လျင်မြန်စွာပျောက်ကင်းစေတတ်သည်။ခွဲဖောက်ထာသော ဒဏ်ရာကိုထောပတ် (သို့)အေးသောဖယောင်းချက်ကို ကပ်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ထို့အတူပင်လျှင် ငှက်ဖျားရောဂါ ဖြစ်ရာ၌လည်း ၎င်းင်းကို လက်ျာဘက်လက်ကောက်ဝတ်ရှိသွေး ကြောနေရာကို ကပ်ပြီး အပေါ်မှရွံ့စေးဖြင့် ထပ်ကပ်စည်းထားရသည်။၄-၅-နာရီကြာ၍ ခွာပစ်လိုက်သောအခါတွင် မီးလောင်သကဲ့သို့ အဖုပေါ်လာသည်။

ထိုအဖုကို ခွဲဖောက်လိုက်လျှင်အဖျားကို ဖြစ်စေတတ်သောငန်းမန်းရည်များအပြင်သို့ထွက်ပြီး၊ အဖျားကိုလျင်မြန်စွာပျောက် ကင်းစေတတ်သည်။

ရောဂါအလိုက်အသုံးပြုခြင်း –

(၁)အူရောင်ငန်းဖျား ရောဂါဖြစ်သောအခါ၌ ဟင်းဂလာရိုင်း ပဉ္စငါးပါးကို ၃ိသားခန့်ထုထောင်းခြေပြီး ၄၈-ကျပ်သားနှင့် ၇-ကျပ်သား ကျန်အောင်ကျိုပါ၊ ၂ကျပ်၄ပဲသားကို တစ်ခွက်စာပြုပြီး၊ တစ်နေ့၂-ကြိမ်သောက်ပေးလျှင်လျင်မြန်စွာ ပျောက်ကင်းစေတတ်သည်။

(၂)သန်ထသောအရောဂါ၌ ဟင်းဂလာရိုင်း၊ အစေ့မှုန့်တွင် သကြား အနည်းငယ်ထည့် ၍တစ်ခွက်စာ ၂ဲသားမှ ၃ဲသားအထိသောက်မူ လျင်မြန်စွာ ပျောက်ကင်းစေတတ်သည်။

(၃)နားကိုက်နာ၊ နားရောင်နာဖြစ်ရာ၌ သတ္တုရည်ကို နား၌ ကျပ်ပေး ရသည်။

(၄)အဖုအကျိတ် အနာများဖြစ်ရာ၌ ၎င်းင်းအရွက်ကို ထုထောင်းကြိတ် အုံပြီး စည်းပေးရသည်။

(၅)လည်ပင်းကြီးသော ရောဂါ၌ ဟင်းဂလာရိုင်း၊ အရွက်နှင့်ကြက်သွန်ဖြူဥတစ်လုံကိုဆတူရောပြီးလည်ပင်း၌ ညဘက်စည်းထားပါ။ ( နံနက်တွင်ခွာပြီး ရေနွေးနှင့်ဆေးပါ။ )နုလျှင်ပိန်သွားပြီး၊ ရင့်လျှင် ပြည်ပေါက်၍ပျောက်ကင်းပါလိမ့်မည်။

(၆)သွေးစုနာ၊ အသားမာတို့ဖြစ်ရာ၌ ၎င်းင်းအနာများပေါ်သို့ ဟင်းဂ လာရိုင်း အရွက်ကိုကြိတ်ပြီးအုံထားပါ။သွေးစုနာတွင် ၄-၅နာရီ အတွင်း ပေါက်ကွဲပြီး ငန်းမန်းအဆိပ်ရည်များထွက်သွားလိမ့် မည်။အဖုအကျိတ် ကြေပျောက်သွားတတ်သည်။၎င်းကိုဖောက်ခွဲပစ်ပါက အဖုအကျိတ် ကြေပျောက်သွားတတ်သည်။ အနာကို ဖယောင်းချက်၊ ဗယ်စလင်တို့ လိမ်းပေးရသည်။

(၇)ဝမ်းအလွန်သက်သော ရောဂါ၌ ဥသျှစ်သီး ရှာလပတ်ရည်တွင် ၎င်းအစေ့မှုန့်သင့်ရုံထည့်ပြီး သောက်ပါက အမြန်ပျောက်ကင်းစေတတ်သည်။

Credit – Sai Min Thant