Knowledge

၁ပုံ ၁၀၀နဲ့ရောင်းနေတဲ့ အသက် ၉၀ အဘွား (ထမင်း ၁၀၀ဖိုးဆို တနေကုန်စားလို့ရတယ်တဲ့)

စာဝါသွားရင်း လမ်းမှာ အဘွားအိုတွေ့တာနဲ့ အဘွားအသက်ဘယ်လောက်ရှိပြီလည်းမေးကြည့်တော့ ၉၀ရှိပြီတဲ့ ဒီဟာတွေကဘာလုပ်မလို့်လည်း ၁ပုံ ၁၀၀နဲ့ရောင်းမလို့အဘွားက ထမင်း၁၀၀ဖိုးဆို တနေကုန်စားလို့ရတယ် ။အဘွားကအသက်ကြီးပြီဆိုတော့သိပ်မစားနိုင်တော့ဘူးတဲ့ စိတ်ထဲမကောင်းတာနဲ့ ကိုယ်တက်နိုင်သလောက်လေးလှူ ဒါန်းခဲ့တယ်။မိဘစော်ကား ဒဏ်(၁၀)ပါးမိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေမိဘတွေများအား ဒေါသတကြီး၊ အော်ကြီး၊ဟစ်ကျယ်ပြန်လှန်ပြောဆိုခဲ့မိလျှင် လက်ရှိ ပစ္စုန်ပ္ပန်ဘဝတွင်ဖေါ်ပြပါဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါး ပါးသင့် တတ်ပါသည်။ အဆိုပါဒဏ်ဆယ်ပါးမှာ

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း ၃။ အနာရောဂါဖြစ်ခြင်း ၄။ ရူးသွပ်ခြင်း ၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း ၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း ၉။ နေအိမ်စသည့် မီးလောင်ခြင်း ၁၀။ ငရဲကျရောက်ခြင်းတို့ဖြစ်ကြသည်။ ထို့ကြောင့် မိမိ မှန်နေတယ်ဆိုရင်တောင်မှမိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ်ပြန်လှန်မပြောဆိုသင့်ဘူးပေ။

အကျိုးသင့် အကြောင်းသင့် နားဝင်အောင်အေးအေးဆေးဆေးသာစွာပြောဆိုကြရပါမည်။အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ မိဘများလက်မခံရင်လည်း သူတို့ရှေ့မှောက်မှ ရှောင်ထွက်သွားလိုက်ပါ မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း နားဝင်လာအောင်ပြန်လည်ရှင်းပြပါ အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့ တောင်းပန်ပါ မိဘများမရှိတော့ပါက ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့ တောင်းပန်သင့်ပေသည် မိဘများကျေးဇူး သိတတ်သူများဖြစ်နိုင်ကြပါစေ မိဘတွေကို မပြောသင့်သော စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကျဉ်ပါနော် လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ်…တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ် သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကိုဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်…..လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ် ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ သင် ဘာအမှားပဲလုပ်လုပ်.. သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။

မိဘရဲ့ရင်ခွင်ဟာ… သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါတယ်။(၁) အင်းပါ! အင်းပါ! သိပြီ…၊ အရမ်းရှုပ်တာပဲ!(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့ (၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့ (၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့….. လုပ်ထားတာတွေကလည်း မကောင်းဘူး။

သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ဒါပေမဲ့… ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်။ (၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်။)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့။(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့ ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကိုကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။

ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ် (၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။

တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ် (၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲမိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား…!Posted by : အမေ စိတ်ကူးပျော်ရာ blog မှတဆင့်ကူးယူဖော်ပြသည် မိဘကိုစော်ကား စိတ်မချမ်းမသာဖြစ်အောင် မျက်ရည်ပေါက်ကြီးငယ်ကျအောင် လုပ်ခဲ့တဲ့ ..ဘယ်သားသမီးမဆိုဘဝမှာ ဘာလုပ်လုပ် အဆင်မပြေပါဘူးအရာရာ ဆုံးရူံးမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ၅၅၀ နိပါတ်တော် ထဲက ဇာတ်လမ်းတွေ ထုတ်ပြနေရင် မယုံသူတွေ ရှိကောင်း ရှိနိုင်တယ်အခုလက်တွေ့

ဘဝဖြစ်စဉ်မှာဘဲ သက်သေခံအဖြစ်အပျက်တွေ အများကြီးဘဲလွယ်လွယ်နဲ့ပြီးရမယ့်…၊ရ ရမယ့်အရာတောင် အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရတတ်ပါတယ် မျက်စေ့ဖွင့် နားစွင့် လေ့လာကြည့်ပြီး သင်ခန်းစာယူကြ…

အမှားကိုရှောင်ကြပါလေ မိဘ ကျွန်တော်တို့မိဘတွေကို မရှိတော့မှ လွမ်းနေမယ့်အစားရှိနေချိန်လေး ဂရုစိုက်ရအောင်လား မစားနိုင်တော့မှ ကျွေးနေမယ့်အစားစားနိုင်တုန်လေး ကျွေးရအောင်လားမသိနိုင်တော့မှ အိပ်ယာဘေးမှာတရားခွေတွေဖွင့်ပြနေမယ့်အစားသတိရှိတုန်းလေး တရားဓမ္မနာကြားဖို့တိုက်တွန်းကြစို့လားမသွားနိုင်တော့မှ နောင်တရနေမယ့်အစားသွားနိုင်တုန်းလေး ဘုရားဖူးပို့ကြစို့လား။

သေတော့မှ ငိုနေမယ့်အစားအသက်ရှင်တုန်းလေး ကုသိုလ်တရားတွေရဖို့အထောက်အပံ့ပေးကြစို့လားသေမှ ကုသိုလ်တွေလုပ်ပေးတာထက်မသေခင် ကုသိုလ်တွေယူသွားအောင်လုပ်ပေးတာကကျွန်တော်တို့သားသမီးတွေအတွက်အကောင်းဆုံးသောကျေးဇူးဆပ်နည်းပါ။မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည်…..
#Credit#