Health

အ ဆိပ် အားလုံး အတွက် ဖြေဆေး သို့မဟုတ် မြွေ အ ဆိပ်ပါနိုင် တဲ့ နတ်ဆေးပင်

မဂ်လာပါပရိတ်သတ်ကြီးရေ ဆေးရုံးဆေးခန်း အရမ်းဝေးလွန်းလှတဲ့ တောရွာတွေနဲ့ အချို့နေရာတွေမှာ အရေးအကြောင်းဆို ဆေးရုံဝေးလွန်းလှတာကြောင့် မသေ သင့် ပဲ အသက် ဆုံးရှုံးခဲ့ရတာတွေ အားလုံးအသိဖြစ်မှာပါ။

အဆိပ်တွေ အားလုံးရဲ့ဖြေဆေး လို့ တောင်တင်စားပြီး ခေါ်ဝေါ်လို့ရတဲ့ လူသိအရမ်းနည်းပြီး အရမ်း အသုံးဝင်တဲ့ နတ်ဆေး လေး အားလုံးသိအောင်ပြောပြပေးလိုက်ပါ့မယ်။

မြွေဆိပ်နိူင်တဲ့ ဟင်းငုတ်ပင်(ခ)သခွပ်ပွင်ယောအခေါ် ဟင်းခတ်ပွင့် ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက်ဟင်းဂုတ်ပင် #ဟင်းခတ်ပင်ဟု ခေါ်ကြသည်။

တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်း ငယ်ဝိုင်း။

အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။ ဆေးဘက်ဝင်ဝင်ပုံ

အခေါက်

၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။ (မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။

၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။ ၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။

အပွင့်

၁။ ရှေးကတည်းကကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်

၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။

၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စားနေကြသည်။

၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအဖြစ်လည်းသုံးသည်။

အရွက်

၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။

၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။

၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၄င်း။ကလေးများကျန်းမာရေးအတွက်၄င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။

၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်းသော်လည်း အရွက်ကျွေးပါက တရက်နှင့်ပျောက်သည်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မြွေပွေး။မြွေဟောက်ကိုက် ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက် သည့်အခါအဆိပ်မရှိတော့။

တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။ သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။.

အရွက်နှင့်စည်းထားခဲ့သည်။ သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံး အခေါက်စားရန်လိုအပ်ပါမည်။

ရှေးဦးသူနာ ပြုနည်းမလုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။ လုပ်သင့်တဲ့ အရာတွေ အရင်ဆုံးလုပ်ပြီးမှ သုံးရင်ပိုထိရောက်ပါမယ်။

အိမ်။လယ်ယာမြေ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင် စိုက်ထားသင့်သည့် အပင်တစ်ပင်ပဲ ဖြစ်ပါသည်။

မိမိတွင် ရုက္ခဗေဒစာအုပ်များမရှိပါ။လက်ရှိအသုံးပြုနေပုံများ။သက်ကြီးစကား ကြားများ။အတွေ့အကြုံ များအားစေတနာဖြင့် ဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။

အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင် နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ c r d

Unicode

တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။ သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။