Health
Unicode
အရိုးကျိုးအရိုးဆက်၊ ထိခိုက်ရှနာ၊ ထုံကျဉ်ကိုက်ခဲခြင်းတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း
အရိုးကျိုးအရိုးဆက်၊ ဒဏ်ရာအရှင်းပျောက်၊ ထုံကျဉ်ကိုက်ခဲပျောက် ပွဲတွေ့ဆေးနည်းကုသိုလ်ဖြစ် မျှဝေလိုက်သည်။ဤဆေးနည်းသည် အရိုးတစ်ခါ နှစ်ခါ ကျိုးထားသည့် သူများပင် လက်တွေ့ပျောက်ကင်း၍ အလုပ်ကြမ်းများပင် လုပ်ဆောင်နိုင်နေကြပြီဖြစ်သည်။
ထိုကြောင့် ယုံယုံကြည်ကြည်ဖြင့်အညွှန်းအတိုင်းပြုလုပ်ပါလေ။ဆေးနည်း – မိသ၁လင်ဥအစိမ်း၊ နနွင်းစိမ်း၊ ပျဉ်းတော်သိမ်ရွက်၊ မာလာဥစိမ်း၊ သက်ရင်းကြီးရွက်၊ နဘူးဆီးမခမ်း၊ ထမင်းဖြူ (ဝက်ဆီနှင့်မလွှရွက်,ထည့်လည်းရ မထည့်လည်းရသည်)ပြုလုပ်ပုံ – ပါဝင်ပစ္စည်းများကို အနည်းငယ်စီ ညက်အောင်ထောင်း၍ အဝတ်သန့်သန့်ဖြင့်ထည့်ပီးအနည်းငယ် နွေးနေအောင် မီးပြ၍ (မီးမပြလိုရင် ရေနွေးအိတ်ကပ်၍) နွေးလာလျှင် ဖြစ်ပွားသည့်နေရာပေါ်သို့အုံပြီး ကျပ်စည်းပေးရပါသည်။
အချိန် – ၁ရက်၂ရက် အုံထားသည့်ေ ဆးများခြောက်ရင် ထိုနည်းအတိုင်းထပ်၍ အုံကျပ်စည်းပေးပါ။ပျောက်ကင်းသည်အထိ စိတ်ရှည်လက်ရှည် ပြုလုပ်ပါ။ ပျောက်ကင်းပါသည်။မှက်ချက်- နနွင်းနှင့် အနာစိုဓာတ်မတည့်လျှင် နနွင်းမထည့်ပါနှင့်။ စိတ်မရှည်လျှင် မပျောက်ပါ။
ကျပ်စည်းကာလမှာ ငြိမ်သက်စွာ နေဖို့လိုအပ်သည့်အတွက် ပြင်းထန်စွာ လှုပ်ရှားမှုများမပြုလုပ်ပါနှင့်။ ညော်ရှောင်ဖို့လိုအပ်သည်။ ကျပ်ပေါ်သို့ ရေနွေးအိတ်လေးဖြင့် အနည်းငယ်နွေးအောင် လုပ်ဖို့လိုအပ်သည်။ မန်းဆေး သောက်ဖို့လိုအပ်သည်။အားလုံးသောသတ္တဝါတွေ ကျမ်းမာချမ်းသာကြပါစေ။
Credit – စိုင်း မင်း သန့်