Knowledge

ဂုန်းပင်ကနေ အုန်းပင်ဖြစ်လာတဲ့အကြောင်းအရင်း

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ သူခိုး၇ယ် စုန်းမရယ် ဂုန်းသမားရယ် ဆိုပြီသုံးယောက် ရှိတယ် တစ်နေ့ကျတော့ဘုရင်ကြီးက သူ့တိုင်းပြည်မှာ သူတို့သုံးယောက်ကိုမထားချင်လို့ ဖောင်နဲ့ပင်လယ်ထဲမျောလိုက်တယ်

သူတို့ လည်းကြောက်ကြောက်လန့်လန့်နဲ့ အော်ဟစ်အကူအညီတောင်းကြတာပေါ့
ဒီလိုနဲ့ သူတို့အော်သံကို

အခြားတိုင်းပြည်က ဘုရင်တစ်ပါးကြားသွားပြီး မူးမတ်တွေကို ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ခိုင်းပြီး သူတို့ကို ကယ်ဆယ်ခိုင်းလိုက်တယ်
ဘုရင်ကြီးက သူတို့သုံးယောက်ကိုမေးတယ် မင်းတို့ဘာကြောင့်ပင်လယ်ထဲ မျောနေရတာလဲပေါ့
ကျွန်တော်တို့နေတဲ့နိုင်ငံကဘုရင်ကြီးက ကျွန်တော့်တို့သုံးယောက်ကို တိုင်းပြည်မှာ မထားချင်လို့ ဖောင်နဲ့မျောလိုက်တာပါလို့ဖြေတယ်
မင်းတို့သုံးယောက်ကဘာကြောင့်တိုင်းပြည်မှာမထားချင်ရတာလဲလို့ ဘုရင်ကြီးကမေးတော့ ကျွန်တော့တို့သုံးယောက်က သူခိုးရယ် စုန်းမရယ် ဂုန်းသမားရယ်ပါ
ပထမတစ်ယောက်က ( ကျွန်တော်က သူခိုးပါ) ဖြေတယ်

ဘုရင်ကြီးကသနားပြီးတော့ (မင်း ဒီနေ့ကစပြီးတော့ မခိုးနဲ့တော့ မင်းအတွက်အရင်းအနှီးလုပ်စားလို့ရအောင် ငါကိုယ်တော် ပိုက်ဆံထုတ်ပေးမယ်) လို့ပြောလိုက်တယ်

ဒုတိယတစ်ယောက်ကပြောတယ် (ကျွန်မက စုန်းမပါ )

ဘုရင်ကြီးကမေးတယ် မင်းဘာကြောင့်စုန်းမလုပ်ရတာလဲမေးတော့ စုန်းမက စားရာ မရှိလို့ ကလေးတွေကိုပြုစားပြီးစားရတာပါလို့ပြန်ဖြေတယ်
ဘုရင်ကြီးကလည်း ဒါဆိုမင်းကို ငါကိုယ်တော် စားစရာ တွေနဲ့ ပိုက်ဆံပေးမယ် မင်းဒီနေ့ကစပြီးစုန်းမ မလုပ်နဲ့တော့ ဆိုပြီး စုနိးမကို ကူညီလိုက်တယ်
နောက်ဆုံးကျန်တဲ့ဂုန်းသမားကိုမင်းကရောဘာဖြစ်လို့တိုင်းပြည်က နှင်တာလဲလို့မေးတော့ ကျွန်တော်က ဂုန်းသမားဖြစ်လို့ပါလို့ ပြန်ဖြေတယ်

ဘုရင်ကြီးက လန့်သွားပြီး ဒီလိုဆိုဂုန်းသမားကို တိုင်းပြည်မှာထားလို့မဖြစ်ဘူး ထားရင် ငါ့တိုင်းပြည်ပျက်စီးသွားလိမ့်မယ်ဆိုပြ်ီး အမတ်တွေကို ပြောပြီး ဂုန်းသမားအားသတ်ခိုင်းလိုက်တယ်

ဒီလိုနဲ့ အမတ်တွေက ဂုန်သမားကို လူသတ်ဂုန်းကိုခေါသွာြပီး ညနေစောင်းတော့ ဂုန်းသမားကိုသတ်လိုက်တယ်

ဂုန်သမားက သေအဲ့ဆဲဆဲမှာ အမတ်ကို (မင်းတို့ဘုရင်ကိုငါမကြောက်ဘူးကွ)လြိုပြေိာလုက်တယ်
အမတ်တွေလည်းကြောက်လန်ု့ပြီး ဘုရင်ကို သွားပြောတယ်

ဘုရင်ကြီးလိုက်လာပြီးလာကြည့်တော့ ဂုန်းသမားကသေသွားပြီးဖြစ်တယ်

ဒီလိုနဲ့ကြာတော့ ဂုန်းသမားသေတဲ့နေရာမှာ အပင်တစ်ပင်ပေါက်လာတယ် အဲ့ဒီအပင်ကို ဂုန်းပင်လို့ ခေါကြတယ်

အချန်တွေရွေ့လျားလာတာနဲ့အမျ စကားအသုံးအနူန်းတွေပြောင်းလဲလာပြီး ဂုန်းပင်ကို အုန်းပင်ဆိုပြီး အသုံးအနူန်းပြောင်းလဲခေါ်ဆိုလိုက်တယ်

Writer shortfellings