Health

ပိုးမွှားများ၏အဆိပ်ကို ကြက်သွန်ဖြူ၏အစေးဖြင့် ကုသနိုင်

ပိုးမွှားများ၏အဆိပ်ကို ကြက်သွန်ဖြူ၏အစေးဖြင့် ကုသနိုင်….

ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပါ။ မိမိ၏ ၂ နှစ်သားအရွယ် သားလေးကို နေအိမ်ထဲမှာ ပျားတုတ်ခဲ့ပါတယ်။

ဆိုးဆိုးဝါးဝါး အောင်ငိုသံကြောင့် ကြည့်လိုက်တော့ မီးချောင်းအောက်မှာ ပြုတ်ကျနေတဲ့ ပျားတစ်ကောင်ကို သူက တက်နှင်းထားတာကို တွေ့လိုက်ရတယ်။ ချက်ချင်းအတွင်းမှာ အဖေရော အမေပါ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲဖြစ်သွားခဲ့ပါတယ်။

(ကိုက်သွားတဲ့ပျား၏ ပုံလေးကိုလည်း ဓါတ်ပုံမှာထည့်ပေးလိုက်ပါတယ်)

မီးဖိုချောင်မှာ ဟင်းချက်နေတဲ့ သူ့အမေက ချက်ချင်းပဲ ခေါင်းထဲပေါ်လာတဲ့ ရိုးရာဆေးမြီးတိုနည်းလေးကို သတိရပြီး ကြက်သွန်ဖြူတစ်မွှာကို ငရုတ်ကျီပွေ့ဖြင့် ထုထောင်းလိုက်ပြီး ၄င်းကြက်သွန်ဖြူ၏ အစေးဖြင့် ပျားတုတ်ထားသည့်နေရာကို ပွတ်လိမ်းပေးလိုက်ပါတယ်။

မိနှစ်ပိုင်းခန့်အကြာမှာပဲ ကလေးက အငိုတိတ်သွားပြီး ကြက်သွန်စေး၏ အစွမ်းကြောင့် အဆိပ်များ ပြေပျောက်သွားခဲ့ပြီး ပျားတုတ်ထားသည့်နေရာမှ အသားထဲကို စူး၀င်နေတဲ့ ပျားအစွယ်လည်း သူ့အလိုလို အပြင်ကို စူထွက်လာပါတယ်။ အဲဒါကို လက်သည်းလေးနဲ့ပဲ ဆွဲထုတ်လိုက်တော့ ကလေးလည်း လုံး၀မငိုတော့ပဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်၊ ဆော့နိုင်သွားပါတယ်။

အိမ်ထဲကို ၀င်ကိုက်တဲ့ပျားရဲ့အဆိပ်ကို အိမ်ထဲမှာရှိနေတဲ့ အိမ်တွင်းကုထုံးလေးနဲ့ လက်တွေ့ ကုသလိုက်ရပါတယ်။

ရိုးရာဆေးနည်း၊ တိုင်းရင်းဆေးနည်း၊ သဘာဝဆေးနည်းများကို လေ့လာနေတဲ့ မိမိအအတွက်တော့ သဘာ၀တရားကပေးတဲ့ ဆေးနည်းများရဲ့အစွမ်းကို လက်တွေ့ကြုံခဲ့ရပြီမို့ အရင်ကထက် ပိုမိုယုံကြည်လာပါတယ်။

အဲဒါကြောင့် ရိုးရာဆေးနည်းတွေထဲမှာ ဖတ်ခဲ့ရသည့်အတိုင်း ပိုးကောင်၊ ပျား၊ ပုရွတ်ဆိတ် စတဲ့အဆိပ်ရှိတဲ့ အကောင်လေးများကို အကိုက်ခံရပါက လက်တကမ်းမှာ အလွယ်တကူ ရရှိနိုင်သည့် ကြက်သွန်ဖြူ၏အစေးဖြင့် အဆိပ်များကို ပျောက်ကင်းအောင် ကုသနိုင်ကြကြောင်း ကိုယ်တွေ့ဖြစ်ရပ်လေးဖြင့် မျှဝေပေးလိုက်ပါတယ်။

Credit original uploader

Unicode