Knowledge

ဘဝမှာ အရှက်ရစရာလို့ ဘယ်တော့မှ မတွေးသင့်တဲ့ အကြောင်းအရာ (၅) ခု…(သတိပြုပါ မိန်းကလေး)

ဘဝမှာ ရှက်သင့်တဲ့အရာတွေ ရှိသလို မရှက်ရမယ့် အရာတွေလည်း ရှိပါတယ်။ ရှက်သင့်ရှက်ထိုက်တာအတွက် ရှက်ရတယ်ဆိုတာ မှန်ပေမယ့် မရှက်သင့်ဘဲ ရှက်နေကြတဲ့ အရာတွေလည်း ရှိနေပါတယ်။ ဘဝမှာ မရှက်သင့်တာတွေကို ရှက်နေမယ်ဆိုရင်တော့ စိတ်ပင်ပန်းနေရုံပဲ ရှိမှာပါ။ ဘဝမှာ ဒီအကြောင်းအရာ ၅ မျိုးကတော့ မရှက်သင့်တဲ့အရာတွေ ဖြစ်ပါတယ်။

(၁) မိဘပုံစံ

မိဘဖြစ်ခြင်းနဲ့ သားသမီး ဖြစ်ခြင်းဆိုတာ ကိုယ်ရွေးချယ်လို့ မရတဲ့ အရာ ဖြစ်ပါတယ်။ ကိုယ်က ဆင်းရဲတဲ့ မိဘ သို့ ရုပ်ဆိုးတဲ့ မိဘ သို့ ပညာဉာဏ်နည်းတဲ့ မိဘ တွေဆီက မွေးဖွားလာတယ်ဆိုတာမျိုးတွေက ရှက်စရာ မလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် ဘဝဆိုတာ ရှိပါတယ်။ မိဘရဲ့ အခြေအနေက ကိုယ့်ဘဝထဲမှာ ရှိနေတဲ့ တစိတ်တပိုင်းပါပဲ။ ကိုယ့်မိဘရဲ့ အခြေအနေဆိုတာ နှိမ့်ချရမှာ မဟုတ်သလို အတင်း အထင်ကြီး ပြစရာ မလိုပါဘူး။ ကိုယ့်မိဘအတွက် ကိုယ်က ရှက်စရာ လိုမေနပါဘူး။ ကိုယ့်ဘဝအတွက် ကိုယ်ပဲ ကြိုးစားရမှာပါ။

(၂) မိသားစု အခြေအနေ

မိသားစုအခြေအနေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ကိုယ်ရဲ့ မိသားစုက ကိုယ်ရွေးချယ်လို့ မရပါဘူး။ ကိုယ်ဖန်တီးမယ့် မိသားစုကိုသာ ကိုယ်ရွေးချယ်လို့ ရတာပါ။ ကိုယ့်မိသားစုက ချမ်းသာတာ ဖြစ်စေ၊ ဆင်းရဲတာ ဖြစ်စေ ဒါက ကိုယ့်မိသားစု အခြေအနေပါပဲ။ မိသားစုရဲ့ အခြေအနေတွေအတွက် ကိုယ်က ရှက်စရာ မလိုဘဲ ကိုယ်က ကြိုးစားနေဖို့ပဲ လိုအပ်ပါတယ်။

(၃) ကိုယ့်ရဲ့ ရုပ်ရည်

လူတိုင်းက မတူကွဲပြားတဲ့ ရုပ်ရည်ပုံစံတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါက ကိုယ့်ရဲ့ ဖြစ်တည်မှု ပါပဲ။ ကိုယ်က ရုပ်ချောနေတာလည်း ဖြစ်နေနိုင်သလို၊ အရပ်ပုတာ၊ ပိန်တာ၊ စတဲ့ ရုပ်အသွင်အပြင်ကို ကြည့်ပြီး စိတ်ညစ်မနေပါနဲ့။ ဒါက ကိုယ့်ရဲ့ ရုပ်ရည်ပဲ။ ဒါက ရွက္စရာ မဟုတ်ဘူးလို့ လက်ခံသင့်ပါတယ်။ ဒါမှသာ စိတ်ချမ်းသာမှု ရနိုင်မှာပါ။

(၄) ကိုယ့်ရဲ့ အရှိတရား

ကိုယ့်မှာ ကိုယ်နဲ့ တသားတည်း ဖြစ်နေတဲ့အရာဆိုတာ ရှိပါတယ်။ ကိုယ်က စာတော်နေတဲ့ သူတစ်ယောက် ဖြစ်နေတာ၊ ကိုယ်က မမှတ်နိုင်တာ ဉာဏ်အားနည်းနေတာ စတဲ့ အရှိတရားဆိုတာ ရှိပါတယ်။ ဒီလို ကိုယ့်ရဲ့ အရှိတရား ကလည်း ရှက်စရာ မဟုတ်ပါဘူး။ ဒါက ကိုယ့်ရဲ့ ပုံစံပါပဲ။ ကိုယ့်ရဲ့ မကောင်းတာ လုပ်တတ်တဲ့ အကျင့်တွေကိုတော့ ရှက်ရမှာ ဖြစ်ပါတယ်။

(၅) ကိုယ်မလုပ်တဲ့ အရာ

ကိုယ်မလုပ်တဲ့ အရာတွေအတွက်လည်း ကိုယ် ရွက္စရာ မလိုပါဘူး။ ကိုယ် မလုပ်ဘဲ အစွပ်စွဲခံရတာမျိုးတွေ၊ ကိုယ်မိဘရဲ့ လုပ်ရပ်တွေနဲ့ ကိုယ်သူငယ်ချင်းတွေရဲ့ မကောင်းတဲ့ အရာတွေ၊ ကိုယ်နဲ့ ပတ်သတ်တယ်ဆိုပေမယ့်လည်း တိုက်ရိုက်တာဝန်ရှိသူတွေက ကာယကံရှင်တွေပါ။ ကိုယ် မဟုတ်လို့ ကိုယ်က အပြစ်ရှိသလို ခံစားစရာ မလိုပါဘူး။ (Credit original writter)

Unicode