မနက် 11 : 30 အချိန်လောက် ရှိနေပြီ ” လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊ အမေအို တစ်ယောက်နဲ့ တွေ့တော့ စကားမစပ် မေးမိပါတယ် ”
” အမေ” ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့ = ?ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ” ကတုန်ကယင် အသံလေးတွေနဲ့ ..အမအိုပြောပုံက
… သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့ ၊၊
အမေ ဘာစားပြီးပြီလဲ မေးတော့….ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းက ရုံးဖွင်မည့် အချိန်ကို စောင့်နေတာ ”
လာပါ ” အမေ ဆိုပြီး မုန့်ဟင်းခါး ဆိုင်ဘေးနားက ” ထမင်းဆိုင်လေးမှာ
အမေအို အတွက် ထမင်းပွဲလေး မှာပြီး စီစဉ်ပေးလိုက်တယ် ၊၊
ဗိုက်ဆာနေလို့လား မသိပါဘူး ” အမအို စားလိုက်တာ ဇွတ်ရောတင်းရောပဲ ……
ကျွန်တော်ဖြင့် သနားလိုက်တာ ၊ မျက်ရည်တောင် ဝဲမိတယ် ၊၊
နေ့လယ်အချိန် ရောက်လာတော့ ရုံးက မဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလား မသိဘူး သေချာအောင် အမေ့ သားသမီးတွေဆီ
ဖုန်းဆက်ကြည့်ပါ့လား ဖုန်းပါလား မေးလိုက်တော့ …
ပါတယ် ပါပါတယ် သားရယ် ပြောကာ အိပ်ထဲက. ဖုန်းလေးကို မမျိတမိ ဆွဲကာကျွန်တော်ကို လှမ်းကြည့်နေတယ် ၊၊
ဖုန်းနံပတ် သိလား အမေ ” ” ဒါပဲ သား ဒိဖုန်းနံပါတ်ပဲဆိုပြီး ပြောရင်းဆိုရင်း အမေအိုက ဖုန်းကိုဖွင့်ကာ
နံပတ်တွေအား နှိပ်တော့တယ် ၊၊ လက်တွေ တုန်နေတာမို့ ၊ နှိပ့်၍ မရပေ ၊၊
ကျွန်တော်လည်း ဖုန်းနံပတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ……
ဖုန်းဝင်သွားတယ်ဗျ့ “( ဟဲလို ) အကို……. ဒီမှာ အကိုရဲ့ ” အမေ ” ဘဏ်ရုံးမှာ လွှဲပေးတဲ့ . အကိုပိုက်ဆံအချို့ကိုလာပြီး ထုပ်တယ် ၊၊
အကို လွဲပေးလိုက်ပြီလား ” လွဲမပေးပါဘူး … ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးကွ ” အိမ်လည်း ပြန်လာမအားဘူး ” အလုပ်ရူပ်နေတယ် ….
ကျွန်တော် အဖွားအိုဘက် တစ်ချက်လှည့်ကြည့်တော့ ” ပြုံးစိစိနဲ့ အဖွားကလုပ်နေတယ် ၊၊
ငါ့သားလေးက ငါ့ကို လွမ်းနေတဲ့ အကြောင်းတွေ ပြောနေတာ ဖြစ်မယ်ဆိုပြီး….အဖွားက ပြုံးပြုံးလေးနဲ့ ပြောပြနေတယ် ၊၊ ( ဟဲလို ) ….အကို
အေး….. ပိုက်ဆံ လွဲမပေးတော့ဘူးလို့ ပြောလိုက် အဲ့အဖွားကြီးကို ” ပြီးတော့ ငါကဒီမှာမိသားစု့ရှိနေပြီ
” ပျော်ပျော်ရွှင်ရွှင်လေး နေပါရစေကွာ ၊၊လာမနှောက်ယှက်ပါနဲ့လို့ ပြောလိုက် အဖွားကြီးကို ….ဒါပဲ ဖုန်းချပြီ ”
ဖုန်းပြောပီးအချိန်မှာ ” အမေအိုက ” သားဘာပြောလဲဟင် ၊၊ အမေ့ကို နေကောင်းလားလို့မေးတယ်မလား ၊၊ အိမ်ပြန်လာမယ်လို့ရော ပြောသေးလား ….
အမေအို ကြားချင်နေတဲ့ စကားတွေ ကျွန်တော် လိမ်ညာပီး ဖြည့်ပြောပေးရမှာလား ၊၊
သားသမီးတွေရဲ့ စကားတွေကို ပြန်ပြောပြလိုက်ရင် ” အမေအို ရင်ကွဲပက်လက်ဖြစ်သွားမှာ စိုးတယ်………..ကျွန်တော် ထိန်းမရတဲ့ မျက်ရည်တွေနဲ့. ငိုချပစ်လိုက်တယ် ၊၊
အမေ့ရဲ့ အဖြစ်ကို ကြည့်ပြီး ရင့်ကျိုးမရဖြစ်ခဲ့မိတယ် …
ကျွန်တော်ငိုတာကို ” အမေအိုက မြင်တော့ …ဘာလို့ ငိုနေတာလဲ ” သား ”
သြော်……အမေ့ရဲ့.( သားသမိးတွေဆီက ဝမ်းသာတဲ့ စကားကြားရလိူ့ပါ …ဒါကြောင့်ငိုတာပါ အမေလို့ပြန်ပြောရင်း.
ကျွန်တော် အမေအိုကို အိမ်ခေါ်သွားတယ် ၊၊ ” အိမ်ပြန်ရောက်တော့ ” ယူပါ အမေ. ……ဒါက အမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့ ငွေတွေပါ ……
တကယ်တော့ အဖွားအို မသိအောင်ကျွန်တော့်ရဲ့. ပိုက်ဆံအိပ်ထဲက. ငွေ ( ၂ )သိန်းကို ထုတ်ပြီး ….
အဖွားအိုအတွက် ကန်တော့လိုက်တာပါ …..ကျေးဇူးမသိတဲ့ သားတွေ ၊ သမီးတွေအတွက် ရင်လေးမိပါတယ် ၊၊
မုန်းလည်း မုန်းတီးမိပါတယ် ၊၊ ရှာမကျွေးချင်နေပါ ဒုက္ခမပေးကြပါနဲ့…. လုပ်မကျွေးချင်နေပါ မစော်ကားကြပါနဲ့
မိဘ ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း ၊ သမီးကောင်း ရတနာလေးများ……ဖြစ်နိုင်ကြပါစေ ဗျာ…..။
စာပေချစ်သူတိုင်းကိုလေးစားလျက်ပါ ပြန်လည်မျှဝေပါသည် Credit: KSO
Unicode