Knowledge

အဖေနဲ့အမေကို တန်ဖိုးထားပြီး ချစ်ကြသောသားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာ

အဖေနဲ့အမေကို တန်ဖိုးထားပြီး ချစ်ကြသောသားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာငါ ကျေနပ်ပါပြီ ငါ အိပ်ရာထဲလဲတဲ့အခါ မိုးလင်းတဲ့အခါငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့ရေအေးနဲ့ သစ်ပေးရင်ပဲကျေနပ်ပါပြီ။အစာကျွေးတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ကြီးထွားရှင်သန်ဖို့ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝအောင်ကျွေးခဲ့ပေမဲ့ငါ့ကိုတော့ အစာကျေတဲ့ ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ ကျေနပ်ပါပြီ။ငါအစားမဝင်တဲ့အခါ ငယ်စဉ်ကလေ ထမင်းတစ်ပန်းကန် စားကုန်ဖို့အိမ်ရှေ့ အိမ်နောက်လှည့်ပတ်ပြေးလွား နာရီရှည်ကြာလို့ငါမညောင်းခဲ့ပေမဲ့ ငါ့ကိုတော့ မိနစ်ပိုင်းလောက်အားစိုက်ကျွေးရင်ပဲ ကျေနပ်ပါပြီ။ငါအိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့ရောဂါစုံဖြစ်တတ်တဲ့ မင်းတို့တစ်တွေကို ပြုစုယုယရင်းတစ်လ မအိပ်ရလို့လည်း ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်အိပ်မပျော်တဲ့ငါ့ကို တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ဘဲ ကျေနပ်ပါပြီ။ငါမထနိုင်တဲ့ အခါ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်းလက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကိုမင်းတို့ လက်ကလေးတွေကို ခဏတာအသုံးချပြီး ထူပေးကြရင်ဘဲ ကျေနပ်ပါပြီ။ငါတွေ့ချင်တဲ့အခါ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီးသီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ငါဆီ မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ။ငါမလှုပ်ရှားနိုင်တဲ့အခါ ငယ်စဉ်ကလေ နူးညံပေ့ဆိုတဲ့ အဝတ်အထည်နဲ့တောင်နာမှာစိုးလို့ အသာအယာလေး ဝတ်ပေးခဲ့တဲ့ ငါ့ကို အရှက်လုံစွာ ဖုံးပေးရင်ပဲ ကျေနပ်ပါပြီ။ငါထွက်သွားတဲ့အခါ ထိုအချိန်မှလေ ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်းပြုစုနိုင်ကြဖို့ အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ။CrdUnicodeအဖေနဲ့အမေကို တန်ဖိုးထားပြီး ချစ်ကြသောသားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာငါ ကျေနပ်ပါပြီ ငါ အိပ်ရာထဲလဲတဲ့အခါ မိုးလင်းတဲ့အခါငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့ရေအေးနဲ့ သစ်ပေးရင်ပဲကျေနပ်ပါပြီ။အစာကျွေးတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ကြီးထွားရှင်သန်ဖို့ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝအောင်ကျွေးခဲ့ပေမဲ့ငါ့ကိုတော့ အစာကျေတဲ့ ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ ကျေနပ်ပါပြီ။ငါအစားမဝင်တဲ့အခါ ငယ်စဉ်ကလေ ထမင်းတစ်ပန်းကန် စားကုန်ဖို့အိမ်ရှေ့ အိမ်နောက်လှည့်ပတ်ပြေးလွား နာရီရှည်ကြာလို့ငါမညောင်းခဲ့ပေမဲ့ ငါ့ကိုတော့ မိနစ်ပိုင်းလောက်အားစိုက်ကျွေးရင်ပဲ ကျေနပ်ပါပြီ။ငါအိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့ရောဂါစုံဖြစ်တတ်တဲ့ မင်းတို့တစ်တွေကို ပြုစုယုယရင်းတစ်လ မအိပ်ရလို့လည်း ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်အိပ်မပျော်တဲ့ငါ့ကို တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ဘဲ ကျေနပ်ပါပြီ။ငါမထနိုင်တဲ့ အခါ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်းလက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကိုမင်းတို့ လက်ကလေးတွေကို ခဏတာအသုံးချပြီး ထူပေးကြရင်ဘဲ ကျေနပ်ပါပြီ။ငါတွေ့ချင်တဲ့အခါ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီးသီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ငါဆီ မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ။ငါမလှုပ်ရှားနိုင်တဲ့အခါ ငယ်စဉ်ကလေ နူးညံပေ့ဆိုတဲ့ အဝတ်အထည်နဲ့တောင်နာမှာစိုးလို့ အသာအယာလေး ဝတ်ပေးခဲ့တဲ့ ငါ့ကို အရှက်လုံစွာ ဖုံးပေးရင်ပဲ ကျေနပ်ပါပြီ။ငါထွက်သွားတဲ့အခါ ထိုအချိန်မှလေ ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်းပြုစုနိုင်ကြဖို့ အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ။