Knowledge

အများစု မသိနိုင်သေးတဲ့ ထူးထူးဆန်းဆန်း မှတ်ဖွယ်ဗဟုသုတများ….?

အများစု မသိနိုင်သေးတဲ့ ထူးထူးဆန်းဆန်း မှတ်ဖွယ်ဗဟုသုတများ….?

အခုဖော်ပြချင်တဲ့ အကြောင်းအရာတွေကတော့ နယ်ပယ် တော်တော်လေး စုံလင်ပါတယ်။

တော်တော်များများ မသိနိုင်သေးတဲ့ အချက်တွေကို ဗဟုသုတအနေနဲ့ ထုတ်နှုတ်ဖော်ပြချင်ပါတယ်။ တချို့သောအချက်တွေ၊ အဖြစ်အပျက်တွေဟာ ကမ္ဘာမှာ တကယ်ပဲဖြစ်ပျက်ခဲ့တာတွေ ဖြစ်ပြီး၊ လူသိအလွန်နည်းနေပါသေးတယ်။ သူငယ်ချင်းတွေ သိသွားအောင် မျှဝေသွားကြဖို့ တိုက်တွန်းပါရစေ။

(၁) အခွင့်အရေးရရင် လိပ်ပြာတော်တော်များများက သွေးကို သောက်နိုင်ကြပါတယ်

(၂) မြေအောင်းဝမ်းဘတ်ဝက်ဝံငယ်မျိုးတွေရဲ့ မစင်တွေဟာ ကုဗပုံစံ (အန်စာတုံးပုံစွံ) ရှိကြပါတယ်

(၃) လင်းယုန်ရဲ့ လက်သည်းတစ်ချက်ကုတ်အားဟာ ရိုင်ဖယ်ကျည်ဆံထက် (၂)ဆလောက်ထိ ပြင်းထန်နိုင်ပါတယ်

(၄) ခွေးတွေဟာ မျက်နှာအမူအယာ (၁၀၀)လောက်ထိ လုပ်နိုင်စွမ်းရှိပါတယ်

(၅) ပင့်ကူထီးတွေဟာ ပင့်ကူမတွေရဲ့အချစ်ကိုရဖို့ ဖမ်းလို့ရတဲ့အကောင်ငယ်လေးတွေကို ပင့်ကူမျှင်နဲ့ပတ်ပြီး လက်ဆောင်သဘော ပေးရပါတယ်။ တချို့ပင့်ကူထီးတွေက အကြံအဖန်များပြီး အသုံးမကျတဲ့ဟာတွေကို လက်ဆောင်အဖြစ် ပေးတတ်ကြပါတယ်။ ဒါကို ပင့်ကူမက သိသွားတဲ့အခါ သူတို့ အိမ်ထောင်ရေး ပြိုကွဲတော့တာပါဘဲ။

(၆) ဟစ်တလာရဲ့အသံကို တစ်ကြိမ်သာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကတော့ မိန့်ခွန်းပြောတာမဟုတ်ဘဲ (၁၉၄၂)ခုနှစ်က ဖင်လန်ခေါင်းဆောင် Carl Gustaf Emil Mannerheim နဲ့ အလွတ်သဘောစကားပြောစဉ်မှာ အသံအင်ဂျင်နီယာတစ်ယောက်က မှတ်တမ်းတင်နိုင်ခဲ့တာပါ။

(၇) (၁၉၉၉)ခုနှစ်က အမြွာညီအစ်ကိုနှစ်ယောက်ဟာ မာရသွန်ပွဲမှာ လူချင်းလဲပြီး ပြိုင်ပွဲဝင်ခဲ့ဖူးပါတယ်။ အဆင့်(၉)ကို ချိတ်ခဲ့တာကြောင့် ဒေါ်လာ(၄၀၀)လောက် ဆုကြေးရခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ နာရီပတ်တဲ့ပုံစံ ဘယ်ညာကွဲပြားနေတာကစပြီး ဂျာနယ်လစ်တစ်ဦးက ဖော်ထုတ်နိုင်ခဲ့တာပါ။ သူတို့ဟာ ပြိုင်ပွဲတစ်ဝက်လောက်မှာ အလေးသွားတာလိုလိုနဲ့ လူချင်းလဲခဲ့တာဖြစ်ပါတယ်။

(၈) ကယ်လီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကီဗင်ဘရစ်ဂတ်စ်ဟာ Golden Gate တံတားပေါ်ကခုန်ချဖို့ကြိုးစားတဲ့ လူပေါင်း(၂၀၀)ကျော်ကို တားဆီးနိုင်ခဲ့သူဖြစ်ပါတယ်။

(၉) (၂၀၀၁)ခုနှစ်တုန်းက မင်းသား Mr Been ဟာ မိသားစုနဲ့အတူ လေယာဉ်ငယ်လေး စီးနင်းလာစဉ်၊ လေယာဉ်မှူးဟာ ရုတ်တရက်သတိလစ်သွားခဲ့ပါတယ်။ ဒါပေမယ့် Mr Been ကပဲ လေယာဉ်ကို ဆက်ပြီးထိန်းချုပ်မောင်းနှင်ခဲ့ကာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။

(၁၀) AriZona ရေခဲလက်ဖက်ရည်ဟာ တစ်ဘူးမှ (၉၉)ဆင့်သာ ကျသင့်ပါတယ်။ အကြောင်းကတော့ သူတို့ကုမ္ပဏီဟာ ကြော်ငြာစာရိတ်တွေ လုံးဝအသုံးမပြုဘဲ ကုန်ကျစာရိတ်ကို ချွေတာနိုင်ခဲ့တာကြောင့် ဒီဈေးနဲ့ ရောင်းနိုင်တာဖြစ်ပြီး၊ အခုအချိန်ထိ ကမ္ဘာ့ရောင်းတမ်း ဝင်နေဆဲဖြစ်ပါတယ်။

(၁၁) တာ့ခ်မင်နစ္စတန်နိုင်ငံဟာ (၁၉၉၃)ခုနှစ်ကတည်းက ရေဖိုး၊ လျှပ်စစ်မီတာဖိုး၊ လောင်စာဆီဖိုး အခမဲ့စနစ် ဖြစ်ခဲ့ပါတယ်။

(၁၃) ရှေးခေတ်အီဂျစ်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိမရှိကိုသိဖို့ မုယောစပါးစေ့ပေါ်ကို သို့မဟုတ် ဂျုံစေ့တွေပေါ်ကို အပေါ့သွားစေတယ်လို့ ဆိုပါတယ်။ အပင်ပေါက်ရင် ကိုယ်ဝန်ရှိတယ်လို့ အဖြေထွက်ပါတယ်။ မုယောစေ့တွေ အပင်ပေါက်ရင် သားယောက်ျားလေး မွေးမှာဖြစ်ပြီး၊ ဂျုံစေ့တွေအပင်ပေါက်ရင် မိန်းကလေးမွေးမှာပါတဲ့။ ပညာရှင်တွေရဲ့စမ်းသပ်မှုအရ ကိုယ်ဝန်ရှိနေသူရဲ့ ဆီးရည်ဟာ အပင်ပေါက်စေနိုင်တဲ့ အာနိသင်(၇၀)%အထိရှိတယ်လို့ သိရပါတယ်။

(၁၄) နှစ်(၂၀၀)အတောအတွင်း ဝေးလ်ကမ်းရိုးတမ်းရဲ့ တည်နေရာတစ်ခုတည်းမှာပဲ သင်္ဘော(၃)စင်း နစ်မြုပ်ဖူးပါတယ်။ အချိန်ကာလသာ ကွာခြားပေမယ့် သင်္ဘောတွေ နစ်မြုပ်တဲ့နေ့ဟာ ဒီဇင်ဘာ(၅)ရက်ဖြစ်နေတာကို တိုက်ဆိုင်စွာ တွေ့ရှိရပါတယ်။ ပိုပြီးထူးခြားတာက နစ်မြှုပ်မှုတိုင်းမှာ လူတစ်ယောက်တည်းသာ အသက်ရှင်ခွင့် ရခဲ့တာပါ။ ဒီထက်ပိုပြီးထူးခြားတာက အသက်ရှင်သူ(၃)ယောက်ရဲ့နာမည်ကလည်း အမည်တူနေပြီး Hugh Williams လို့ အမည်ရကြပါသတဲ့။

(၁၅) 5 – Hour Energy အားဖြည့်အချိုရည်ထုတ်လုပ်မယ့် ဖော်မြူလာရရှိဖို့ Manoj Bhargava တစ်ယောက် ရက်ပေါင်း(၃၀)သာ အချိန်ပေးခဲ့ရပေမယ့်၊ ဒေါ်လာ(၄)ဘီလီယံအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ပိုင်ဆိုင်မှုတွေရဲ့ (၉၉)%အထိ ပရဟိတလုပ်ငန်းတွေကို လှူခဲ့ပါတယ်။ အိန္ဒိယဇာတိ၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Manoj ဟာ အခုဆို အသက်(၆၈)နှစ် ရှိနေပါပြီ။

(၁၆) ကမ္ဘာကျော်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်ဟာ တစ်နေ့ကို အချိန်(၅)နာရီသာ စာရေးပါတယ်။ ဒါပေမယ့် သူ့ဘဝမှာ စာအုပ်ပေါင်း (၂၈)အုပ်နဲ့အတူ အက်ဆေး(၂၀၀)ကျော် ရေးသားနိုင်ခဲ့ပါတယ်။

Credit-