Love

အသုံးချရုံသက်သက် လက်တွဲနေသူတစ်ယောက်ရဲ့လက္ခဏာရပ်များ

ကိုယ့်ကို တစ်စုံတစ်ယောက်က အသုံးချရုံသက်သက် ချစ်နေသလား၊ တကယ်အချစ်စစ်နဲ့ ချစ်တာ ဟုတ်သလား ဆိုတာကို ပျိုမေတို့ သိရှိနိုင်စေဖို့ အသုံးချရုံသက်သက် လက်တွဲနေသူတစ်ယောက်ရဲ့ လက္ခဏာရပ်များ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်

(၁) ကိုယ်ကသာ အချိန်ပေးရတယ်တစ်ယောက်နဲ့တစ်ယောက် တွေ့ရဖို့ ကိုယ်ကသာ အချိန်ကို ကြံဖန်ရတယ်၊ အချိန်ကို စီမံရတယ်။ သူက ဒီကြားထဲ ဈေးကိုင်ဦးမယ်၊ သူ့အိမ်နဲ့ သိပ်ဝေးတဲ့နေရာဆို မလာချင်ဘူးတို့၊

အလှုပ်ရှုပ်တယ် တို့ပေါ့။ ဒါကို တကယ်ချစ်နေတဲ့သူရဲ့ စိတ်ထဲမှာ အချစ်မပြယ်ဘူး … သူ ငါ့ကို တမင် ချစ်လို့စနေတာ နေမှာလို့ တွေးပြီး ပျော်တဲ့သူက မရှားလောက်ပါဘူး

(၂) တစ်ခုခုကို အမြဲတောင်းဆိုဖို့ အဆင်သင့်ဖြစ်နေတယ်သင်နဲ့ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ တစ်ခုခုတောင်းဖို့ သေချာသလောက်ပဲ။ များသောအားဖြင့်တော့ ဒီလိုပုံစံကို ငွေကြေးချမ်းသာပြီး အချစ်စိတ်မွှန်နေတဲ့သူတွေသာ ခံရလေ့ရှိတဲ့ ကိစ္စဖြစ်ပါတယ်။

ငွေခြူမယ်၊ ပစ္စည်းခြူမယ်၊ အရာဝတ္ထုတွေ ဝယ်ခိုင်းမယ် … ကိုယ့်စိတ်ထဲက မဝယ်ပေးချင်တောင် သူ စိတ်ပျက်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဆိပ်ပင်ကို ရေလောင်းမိနေတတ်ပါတယ်

(၃) ပေးဆပ်ဖို့ မရှိသူ့ဘက်က ဘာမှ ပေးဆပ်ဖို့ စိတ်ကူး မရှိဘူး။ အဲ … ဒီတစ်ယောက်ကို ဆက်ပြီး လှည့်ဖျားနိုင်ဖို့အတွက် အချစ်ကို ကိုယ်စားမပြုတဲ့ အနမ်းခါးခါးတွေ၊ သွေးသားဆာလောင်မှုတွေ၊ ဟန်ဆောင်အယုအယတွေတော့ သင့်ဘက်က ရချင် ရမှာပါ။

သင့်စိတ်ထဲမှာတောင် တန်ဖိုးမရှိဘူး၊ ပေါရဲလိုက်တာလို့ ခံစားမိတဲ့အထိ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အတုအပတွေကိုတော့ သတိပြုပါ ..

(၄) ငွေညှစ်ခြင်း”သူ့မှာ သင့်ရဲ့အားနည်းချက် အစုံကို စုဆောင်းထားပြီးသား ဖြစ်နေတတ်ပါတယ်။ သူလိုချင်တာ မရတဲ့အခါ ဟိုကိစ္စ လိုင်းပေါ်ဖြန့်ပစ်လိုက်မှာနော် … ဟိုဗွီဒီယိုကို ပြလိုက်ရတော့မလား … ဟိုနေ့က အဝှါမှာ ဟိုပုံတွေရိုက်ထားလိုက်တာ မသိဘူးနဲ့ တူတယ် …

စသဖြင့် အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေနဲ့ သူလိုချင်တဲ့ ငွေ၊ ပစ္စည်းကို အေးဓားပြ တိုက်နေပါလိမ့်မယ်..

(၅) ပေါ်ပေါ်ထင်ထင် မတွဲချင်ဘူးသူဟာ သင့်ကို ပေါ်ပေါ်ထင်ထင်တွဲဖို့ ဘယ်တော့မှ စိတ်ကူးမရှိပါဘူး။ သင်အဲ့ဒါကို တောင်းဆိုတဲ့နေ့ နှစ်ယောက်သား ပြဿနာ အကြီးအကျယ်တက်တဲ့နေ့ပါဘဲ။ သူဟာ နောက်တစ်ကြိမ် ဒီလိုပုံစံ ထပ်ပြီးမတောင်းဆိုဖို့ သင့်ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်နော်..

crd

Unicode

အသုံးချရုံသက်သက် လက်တွဲနေသူတစ်ယောက်ရဲ့လက္ခဏာရပ်များ

ကိုယ့်ကို တစ်စုံတစ်ယောက်က အသုံးချရုံသက်သက် ချစ်နေသလား၊ တကယ်အချစ်စစ်နဲ့ ချစ်တာ ဟုတ်သလား ဆိုတာကို ပျိုမေတို့ သိရှိနိုင်စေဖို့ အသုံးချရုံသက်သက် လက်တွဲနေသူတစ်ယောက်ရဲ့ လက္ခဏာရပ်များ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်

(၁) ကိုယ်ကသာ အချိန်ပေးရတယ်တစ်ယောက်နဲ့တစ်ယောက် တွေ့ရဖို့ ကိုယ်ကသာ အချိန်ကို ကြံဖန်ရတယ်၊ အချိန်ကို စီမံရတယ်။ သူက ဒီကြားထဲ ဈေးကိုင်ဦးမယ်၊ သူ့အိမ်နဲ့ သိပ်ဝေးတဲ့နေရာဆို မလာချင်ဘူးတို့၊

အလှုပ်ရှုပ်တယ် တို့ပေါ့။ ဒါကို တကယ်ချစ်နေတဲ့သူရဲ့ စိတ်ထဲမှာ အချစ်မပြယ်ဘူး … သူ ငါ့ကို တမင် ချစ်လို့စနေတာ နေမှာလို့ တွေးပြီး ပျော်တဲ့သူက မရှားလောက်ပါဘူး

(၂) တစ်ခုခုကို အမြဲတောင်းဆိုဖို့ အဆင်သင့်ဖြစ်နေတယ်သင်နဲ့ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ တစ်ခုခုတောင်းဖို့ သေချာသလောက်ပဲ။ များသောအားဖြင့်တော့ ဒီလိုပုံစံကို ငွေကြေးချမ်းသာပြီး အချစ်စိတ်မွှန်နေတဲ့သူတွေသာ ခံရလေ့ရှိတဲ့ ကိစ္စဖြစ်ပါတယ်။

ငွေခြူမယ်၊ ပစ္စည်းခြူမယ်၊ အရာဝတ္ထုတွေ ဝယ်ခိုင်းမယ် … ကိုယ့်စိတ်ထဲက မဝယ်ပေးချင်တောင် သူ စိတ်ပျက်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဆိပ်ပင်ကို ရေလောင်းမိနေတတ်ပါတယ်

(၃) ပေးဆပ်ဖို့ မရှိသူ့ဘက်က ဘာမှ ပေးဆပ်ဖို့ စိတ်ကူး မရှိဘူး။ အဲ … ဒီတစ်ယောက်ကို ဆက်ပြီး လှည့်ဖျားနိုင်ဖို့အတွက် အချစ်ကို ကိုယ်စားမပြုတဲ့ အနမ်းခါးခါးတွေ၊ သွေးသားဆာလောင်မှုတွေ၊ ဟန်ဆောင်အယုအယတွေတော့ သင့်ဘက်က ရချင် ရမှာပါ။

သင့်စိတ်ထဲမှာတောင် တန်ဖိုးမရှိဘူး၊ ပေါရဲလိုက်တာလို့ ခံစားမိတဲ့အထိ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အတုအပတွေကိုတော့ သတိပြုပါ ..

(၄) ငွေညှစ်ခြင်း”သူ့မှာ သင့်ရဲ့အားနည်းချက် အစုံကို စုဆောင်းထားပြီးသား ဖြစ်နေတတ်ပါတယ်။ သူလိုချင်တာ မရတဲ့အခါ ဟိုကိစ္စ လိုင်းပေါ်ဖြန့်ပစ်လိုက်မှာနော် … ဟိုဗွီဒီယိုကို ပြလိုက်ရတော့မလား … ဟိုနေ့က အဝှါမှာ ဟိုပုံတွေရိုက်ထားလိုက်တာ မသိဘူးနဲ့ တူတယ် … စသဖြင့် အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေနဲ့ သူလိုချင်တဲ့ ငွေ၊ ပစ္စည်းကို အေးဓားပြ တိုက်နေပါလိမ့်မယ်..