Love

အချစ်ရေးမှာအသည်းမကွဲချင်ရင် လိုက်နာရမယ့်အချက်(၅)ချက်

အချစ်ရေးမှာအသည်းမကွဲချင်ရင် လိုက်နာရမယ့်အချက်(၅)ချက်…

အသည်းကွဲတဲ့ ခံစားချက်ဟာ တော်တော် ဆိုရွားပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအရသော် လည်းကောင်း၊ စိတ်ကျန်းမာရေးအရသော် လည်းကောင်း လုံးဝဆိုးတဲ့အရာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လူတိုင်းလူတိုင်း အသည်းကွဲရခြင်း ဒုက္ခမှ ကင်းဝေးချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သိထားပြီး လိုက်နာဖို့တော့ လိုအပ်ပါတယ်နော် …။

(၁) မျှော်လင့်ချက် အများကြီးမထားပါနဲ့”

မျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ ဘဝကြီးဟာ သာယာလှပတယ် ဆိုပေမယ့် ဖြစ်မလာတဲ့အခါကျရင် ဘဝတစ်ခုလုံး ပျက်သွားတတ်ပါတယ်။ ဒါကြောင့် မျှော်လင့်ချက်တွေ အများကြီးထားတာကို ရှောင်ပါ။ မျှော်လင့်ချက်မပါတဲ့ ချစ်ခြင်းမျိုးက အကောင်းဆုံးဖြစ်ပါတယ်။

အဲလို မျှော်လင့်ချက်တွေ မထားတဲ့အခါ သူပေးတဲ့ အသေးအမွှားလေးတွေကအစ တန်ဖိုးအရမ်းရှိနေမှာပါ။ တကယ်လို့ သူ့ဘက်ကနေ နှုတ်ဆက်သွားရင်တောင် အစကတည်းက အများကြီး မျှော်လင့်ထားတာ မဟုတ်တာကြောင့် သင်သိပ်ပြီး အသည်းကွဲမှာ မဟုတ်တော့ပါဘူး …။

(၂) နားလည်ပေးလိုက်ပါ”

နားလည်မှုက အရေးကြီးဆုံး ဖြစ်တယ်ဆိုတာ သင် ခဏခဏ ကြားဖူးနေကျ ဖြစ်မှာပါ။ တစ်ခါတလေ သင်မကြိုက်တဲ့ အရာတွေ၊ သင့်ကိုနာကျင်စေမယ့် အရာတွေ သူလုပ်မိရင်တောင် သူ့ဖက်ကနေပြီး တွေးကြည့်ပေးလိုက်ပါ။

မှားတယ်လို့ သင်ထင်နေတာတွေက သူ့ဖက်ကကြည့်ရင် မှန်နေတတ်ပါတယ်။ နားလည်မှုတွေ အများကြီးပေးနိုင်တဲ့သူတွေက ခံစားရတာ အများကြီး ပိုပြီးသက်သာတယ်ဆိုတာ မယုံမရှိပါနဲ့ …။

(၃) ကျေနပ်တတ်ပါ”

သင့်ချစ်သူက မချမ်းသာတာလည်း ဖြစ်နိုင်တယ်၊ ရုပ်မချောတာလည်း ဖြစ်နိုင်တယ်၊ အားနည်းချက်တွေ အများကြီးလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့ ဆိုတာ မမေ့ပါနဲ့။ သူ မပေးနိုင်တဲ့ အရာတွေအပေါ်မှာ စိတ်ညစ်နေမယ့်အစား သူလုပ်ပေးနိုင်တဲ့ အရာတိုင်းမှာ ကျေနပ်လိုက်ပါ။

ဒါဆိုရင်တော့ သူကိုယ်တိုင် အရမ်းကို ပီတိဖြစ်နေမယ့်အပြင် သင်ကိုယ်တိုင်လည်း ငြိမ်းချမ်းနေမှာဖြစ်ပါတယ်။ နှစ်ယောက်စလုံး ကျေနပ်ပျော်ရွှင်ရတဲ့ အချစ်ရေးမျိုးမှာ အသည်းကွဲတယ်ဆိုတာ မရှိနိုင်ပါဘူး …။

(၄) ကိုယ်ချင်းစာစိတ်ထားပါ”

ချစ်သူကို အမြဲတမ်းအနိုင်ယူဖို့ပဲ မစဉ်းစားပါနဲ့။ သူလည်း လူတစ်ယောက်ဖြစ်တဲ့အတွက် ထုတ်ဖော်မပြပေမယ့် တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါတွေ၊ အားငယ်တဲ့အခါတွေ ရှိမှာပါ။ အဲလိုအချျိန်မျိုးမှာ သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး သွားရစ်တာတွေ၊ စကားနာထိုးတာတွေ၊ ရန်စတာတွေ သွားလုပ်မိရင် ပြဿနာတွေ အကြီးအကျယ် တက်လာတော့မှာပါ။

သူလည်း လူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို အမြဲအနိုင်ယူပြီး စိတ်ပင်ပန်းအောင်လုပ်တဲ့ သင့်ကို တစ်ချိန်ချိန်မှာ ထားသွားပါ လိမ့်မယ်။ ဒါကြောင့် ကိုယ်ချင်းစာစိတ်လေးထားပြီး သူ့ကို အနိုင်ယူတာတွေ ရပ်လိုက်ရင် သင်အသည်းကွဲတော့မှာ မဟုတ်ပါဘူး …။

(၅) အကောင်းမြင်စိတ်ထားပါ”

အကောင်းမြင်စိတ်ရှိတဲ့သူဟာ အမြဲတမ်း ငြိမ်းချမ်းပြီး ပျော်ရွှင်တက်ကြွ နေတတ်ပါတယ်။ အဲလိုလူမျိုးကို လူတိုင်းက ချစ်ကြတဲ့အပြင် ဒီလိုမိန်းကလေးမျိုးကို ဘယ်ယောကျ်ားလေးကမှ မထားခဲ့တတ်ကြပါဘူး။ ဒါကြောင့် အကောင်းမြင်စိတ်ရှိပြီး ပျော်ရွှင်မှုတွေကို လက်ကိုင်ထားရင် ဖြစ်လာသမျှကို လက်ခံလာနိုင်တဲ့အတွက် ချစ်သူက ထားခဲ့ရင်တောင် အသည်းမကွဲတော့ပါဘူးနော် …

Crd