Local News

ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံခဲ့တဲ့ နေရာမှာရှိတဲ့ ရုပ်ပွားတော်ကို ဖူးမျှော်နိုင်အောင် မျှဝေပေးပါအုံးရှင့်

မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံခဲ့တဲ့နေရာမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမျှော်နိုင်ကြပါရန်

လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ကျော်က အင်ကြင်းတောကြီးဖြစ်ပါတယ်။သုဒေ္ဓါဒနမင်းကြီးရဲ့ ကပိလဝတ် နေပြည် တော်နဲ့ အဉ္စနမင်းကြီးရဲ့ဒေဝဒဟနှစ်ပြည်ထောင်အကြားရှိပြီး

မယ်တော် မာယာဒေဝီဟာ ကိုယ်ဝန်အရင့် အမာနဲ့ ဆွေမျိုးတွေရှိရာ ဒေဝဒဟသို့အသွား ဤလုမ္ဗိနီသာမော အင်ကြင်းတောဝယ် မြတ်ဗုဒ္ဓအလောင်းတော်ကို ဖွားမြင် ခဲ့ပါတယ်။

ဖွားပြီးပြီးချင်း ခြေခုနစ်လှမ်းလှမ်းကာ လက်ညှိုးထောင်၍ အမြတ်ဆုံး၊ အသာဆုံး၊ အကြီးဆုံးလို့ ကြွေးကြော်ခဲ့ရာ နေရာထူးဖြစ်ပါတယ်။ခြေလှမ်းခုနစ်လှမ်းလှမ်းကြွရာ အထိမ်းအမှတ်စေတီငယ်များ၊

ကောင်းကင်မှရေပူရေအေး နှစ်သွယ်ကျဆင်းရာ အထိမ်းအမှတ်မယ်တော်မာယာရေကန်နဲ့ သီရိဓမ္မာ သောကမင်းကြီး စိုက်ထူခဲ့တဲ့ အသောကကျောက်တိုင်တို့ တည်ရှိပါတယ်။

မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ

ဗုဒ္ဓဂယာမြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းရဲ့ပွင့်တော်မူရာ မြေမြတ်မဟာဖြစ်ပါတယ်။ သံဝေဇနိယလေး ဌာနမှာပါဝင်ပြီး ဘုရားတိုင်း မစွန့်အပ်တဲ့ အဝိဇဟိတဌာနထူးလည်းဖြစ်ပါတယ်။

ဗုဒ္ဓသာသနာဝင်တို့အတွက် အထူးမွန်မြတ်အရေးပါတဲ့နေရာတော်ဖြစ်ပါတယ်။ ဘုရားရှင်သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ရောက် ရှိတဲ့ ဒဿနိယသံဝေဇနိယ နေရာတော်ဖြစ်ပါတယ်။

မဟာဗောဓိစေတီတော်နဲ့ သတ္တဌာန တို့တည်ရှိပါတယ်။မြတ်စွာဘုရား တရားဦးဟောတော်မူရာ မိဂဒါဝုန်တော မိဂဒါဝုန်ဆိုတဲ့အဓိပ္ပာယ်ကတော့ သားသမင်တို့ကို ဘေးမဲ့ပေးရာတော ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုယ်တိုင် ဗုဒ္ဓ ဂယာမှ ခြေကျကြွရောက်ခဲ့ပြီး ပဉ္စဝဂ္ဂီငါးဦး တို့အား တရားဦးဓမ္မစကြာဟောကြားခဲ့ရာ သံဝေဇနိယဌာနဖြစ် သလိုဘုရားအဆူဆူတို့ တရားဦးဓမ္မစကြာဟောကြားလေ့ရှိတဲ့နေရာဖြစ်လို့ အဝိဇဟိတ ဌာနလည်းဖြစ်ပါ တယ်။

တရားရတနာနဲ့သံဃာရတနာစတင်ပေါ်ထွန်းခဲ့ရာ နေရာထူးကြီးလည်းဖြစ်ပါတယ်။ ဤဌာနမှာ ဓမ္မ ရာဇိက စေတီ၊ ဓမေ္မခစေတီ၊ ပဉ္စာယတနစေတီတို့ တည်ရှိပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ

ကုသိနာရုံဟာမြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူရာဌာနဖြစ်ပါတယ်။ သံဝေ ဇနိယလေးဌာနမှာပါဝင်ပြီး သံဝေဂအရ ဆုံးသောဌာနတစ်ခုလည်းဖြစ်ပါတယ်။

လျောင်းတော်မူရုပ်ပွားတော်ကျောင်းဆောင်မှာ မြတ်ဗုဒ္ဓနိဗ္ဗာန် ရွှေဘုံ စံဝင်ခိုလှုံပုံ ရုပ်တုတော်ရှိပြီး ရုပ်တုတော်မှာ ညှိုးလျတဲ့မျက်နှာတော်၊

ဖူးကြွတဲ့ပါးတော်နဲ့ ခြေတော်အစုံ၊ နွမ်းရိပြေလျော့ကျနေတဲ့ ကိုယ်တော်နေဟန်တို့ကို အနီးကပ် ဖူးတွေ့ရတဲ့ ဗုဒ္ဓသာသနာဝင် ဘုရားဖူးတို့ဟာ ဘုရားရှင်အား နှမြောတသပြီး ဝမ်းနည်းမိကြရပါတယ်။

သမားတော်ဇီဝကပုံ၊အရှင်အာနန္ဒာ၊ သုဘဒ္ဒတို့ရဲ့ ပုံတွေကို ဗုဒ္ဓဝင်ဖြစ်စဉ်နဲ့အံကိုက်ဖြစ်အောင် ပလ္လင်တော်ရှေ့မျက်နှာစာမှာ စနစ် တကျ နေရာပေး ထုလုပ်ထား ပါတယ်။ထိုရုပ်ပွားတော်ကြီးအား မဏိတော်ဘက်က ဖူးပါက ပြုံးနေတဲ့ဟန်၊ မျက်နှာတော်တည့်တည့်ဖူးပါကကျိန်းစက် နေတဲ့ဟန်နဲ့ ခြေရင်းဘက်ကဖူးပါက ဝေဒနာခံနေရတဲ့ဟန် သုံးမျိုး ဖူးမြင် ရတယ်လို့ ဆိုကြပါတယ်။

လျောင်းတော်မူတန်ဆောင်းအရှေ့ဘက်မှာ ပရိနိဗ္ဗာန စေတီတော် တည်ရှိပါတယ်။

သဒ္ဓါကြည်လင် ပါရမီရှင် ဓမ္မမိတ်ဆွေများခင်ဗျာ-

တိုတောင်းလှတဲ့ လူ့ဘဝရလာခိုက်မှာ ဆင်တတ်မှလှ၊ ယူတတ်မှရဆိုသလို သံဝေဂဉာဏ်ရရှိဖို့၊ မြတ်ဗုဒ္ဓအား ပူဇော်နိုင်ဖို့ ကုသိုလ်တော်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။

Crd-Original Post