မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဝိနည်းသိက္ခာပုဒ်နဲ့ အညီကျင့်ကြံနေသော ရဟန်းသံဃာတော်များ အပေါ် ကြမ်းတန်းစွာပြောဆိုခဲ့၍ ရွှေအဆင်းရှိသောကိုယ်နှင့် ဝက်နှုတ်သီး ပြိတ္တာအကြောင်းကို ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ယနေ့ မျက် မှောက်ခေတ် သံဃာတော်များအား စော်ကားပုတ်ခတ် နေသူတော်တော်များများ တွေ့ရပါတယ်။ ဝိနည်းသိက္ခာ နဲ့ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ မိမိတို့ဘက်က မပြစ်မှားကောင်းပါဘူး။
ဝိနည်းနဲ့မညီလျင် မညီတဲ့ ရဟန်းသာ အပြစ်ဖြစ်မှာပါ။ အဲ့ဒါကို ကိုယ်ကမနေနိုင်လို့ နှုတ်ကြမ်းရင်တော့ ငရဲကိုသေချာပေါက် ရောက်ပါလိမ့်မယ်။
ရှေးအခါက ဘုရားရှင် လက်ထက်တွင် အရှင်နာရဒမထေရ်သည် နံနက်စောစော ဆွမ်းခံရန် ရာဇဂြိုဟ်မြို့ထဲသို့ ကြွသွားစဉ် ကိုယ်သည် ရွှေအဆင်းရှိ၍ မျက်နှာကား ပုပ်သိုးသိုးရှိပြီး ပါးစပ်ကား ဝတ်နှုတ်သီးနှင့်တူ၏။
သူသည်အမြဲဆာလောင် နေသဖြင့် သနားဖွယ်ကောင်းလှ၏။ အရှင်နာရဒက ထိုပြိတ္တာနားသို့ချဉ်းကပ်၍“သင်၏ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏။ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့်တူ၏။ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု အရှင်နာရဒကမေး၏။”
ထိုပြိတ္တာက အရှင်ဘုရား ကျွန်ုပ်သည်ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏။ သို့သော် ဝစီသရမ်းမှု နှုတ်ထွက်ကြမ်း၍ ကြမ်းတမ်းသော စကားလုံးများဖြင့် ရဟန်းတော်များကို ရှုံ့ချပြောဆိုခဲ့ခြင်း အကုသိုလ်ကံကြောင့် ဝက်မျက်နှာ ဝက်နှုတ်သီးနှင့် အရုပ်ဆိုးလှ၍ အမြဲဆာလောင်မွတ်သိပ်နေသည့် ပြိတ္တာဘဝသို့ ရောက်နေခြင်းဖြစ်ပါတယ်။
ကိုယ်ဖြင့်စောင့်စည်းခဲ့သောကြောင့် ရွှေအဆင်းနှင့် တူသော အဆင်းရှိရခြင်း ဖြစ်ပါတယ်။တပည့်တော်ကဲ့သို့ ဝစီသရမ်းနှုတ်ထွက် မကြမ်းတမ်းရလေ အောင်နောင်လာနောက်သားတို့အားသတိ ပေးစကား ပြောကြားစေလိုပါသည် ဘုရားဟု လျှောက်ထားလေ၏။
အရှင်နာရဒမထေရ်သည် ထိုပြိတ္တာအား ဝန်ခံခဲ့ပြီး မြို့ထဲ၌ ဆွမ်းခံကြွလေ၏။ မထေရ်သည် ထိုပြိတ္တာအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထား၏။
မြတ်စွာဘုရားရှင်က ချစ်သား သတ္တဝါတို့သည် မိမိတို့ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးကို မိမိတို့သာ ခံစား-စံစားရသည်။
အခ သူတို့က ပြုလုပ်မပေးနိုင်ပါ ဟုမိန့်တော်မူသည်။ ထိုနောက် မြတ်စွာဘုရားရှင်သည် တရားသဘင် ၌ရဟန်း၊ လူပရိတ်သတ်တို့အား ထိုပြိတ္တာအ ကြောင်းကို ပြန်လည် ဟောပြ၍ ဝစီဒုစရိုက်ဆိုးကျိုးကိုပြကာ ဆုံးမတော်မူ၏။
ထိုတရားကို ကြားနာရသော် တရားနာပရိတ်သတ် တို့သည် ဝစီဒုစရိုက်မှုတို့၌ ကြောက်ရွံ့ထိတ်လန့်ကြပြီး ကုသိုလ် သုစရိုက်မှုတို့၌ အားထုတ်ရန် စိတ်ထက်သန်ကြလေသည်။ ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီလည်း ဒီစာလေးကိုဖတ်ပြီး ဗဟုသုတရမယ်လို့ တင်ပါတယ်။ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ မူရင်းတင်သူ Credit
(သူကရမုခပတေဝတ်ထု)
Credit to Ashinlakhanatharya
ထပ်ဆင့်ဒါနပြုပူဇော်ပါသည်