Love

ခင်ပွန်းတာ၀န်မကျေရင် ဇနီးက လင်ရှိမုဆိုးမပဲ

မိန်းမတစ်ယောက် အိမ်ထောင်ရေးတစ်ခုကို ဥပက္ခာတွေကြားအထီးကျန်မှုတွေကြား အသိုင်းဝိုင်းရဲ့ အထင်သေးတဲ့အကြည့်တွေကြား နားလည်မှုလုံးဝမရှိ တစ်ဖက်သက်ဆန်လွန်းတဲ့ ဆက်ဆံရေးကြား (၁၅)နှစ်ကြာထိန်းသိမ်းလာခဲ့ပီး တော်ရုံအတွေး တော်ရုံစိတ် တော်ရုံအသိလောက်နဲ့ ဒီမိန်းမ ဒီအိမ်ထောင်ရေးကိုလက်လွှတ်မှာမဟုတ်ဘူး ။

လူတွေဟာ အနားမှာရှိရင် တန်ဖိုးမသိကြဘူးဆိုတာ အရမ်းမှန်တယ် ။ မိန်းမတစ်ယောက် အိမ်မှာနေတုန်းက မင်းသမီးလေးအတိုင်းလိုတာမရရအောင် ယူတတ်တဲ့စိတ်ရှိမယ် နေရာတကာ ဆတ်ဆတ်ထိမခံ ဖြစ်နေမယ် အားလုံးရှေ့မှာ မာန်မာနနဲ့ ဘယ်သူ့ကိုမှအောက်မကျို့ပဲ နေရင်နေခဲ့မယ် ။

ယောက်ကျားတစ်ယောက်အတွက် ဒါတွေအားလုံးပြောင်းလဲလိုက်ပီး မိဘ ဆွေမျိုးအသိုင်းဝိုင်း အပေါင်းသင်းတွေအားလုံးကို ကျောခိုင်းပီး ပေးဆပ်နိုင်တယ်ဆိုတာလဲ တော်ရုံမိန်းမတစ်ယောက်လုပ်နိုင်တဲ့ လုပ်ရပ်မဟုတ်ပါဘူး ။

အပေါင်းသင်းတွေနဲ့ အဆက်သွယ်ဖျက် မိုးလင်းမိုးချုပ်မိသားစုပေါ် အလုပ်ပေါ် (100%) ပေးဆပ်ရင်း အပြင်လောကကို အဆက်သွယ်ဖျက် ကိုယ့်အတွက်ဆိုတာတောင် မေ့ခဲ့ဖူးတယ် ။အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရေးဖောက်ပြန်မှ ပျက်စီးတာ မသာယာတာ မဟုတ်ဘူး ။

အဓိကက အပြန်အလှန် နားလည်မှု ဖေးမမှု နွေးထွေးမှုတွေပါ။ ဒီမိန်းမတောင်းတတာ မျှော်လင့်တာဟာ ငွေကြေးမဟုတ်ဘူး ။

ရှိသင့်ရှိထိုက်တဲ့ ဂရုစိုက် မှု နွေးထွေးမှု အသိမှတ်ပြုမှု ဒါပေမဲ့သူရနေတာက ဥပက္ခာပြုမှုတွေ ဒါတွေမရရှိရင် ငွေပုံပေါ်မှာ နေရလဲ ပေးဆပ်တာဟာ အတိုင်းတာ တစ်ခုထိပဲ အတိုင်းတာတစ်ခုရောက်သွားရင်မိန်းမရဲ့ စိတ်ထဲမှာ နာသွားရင် ပေးဆပ်မှုဆိုတာ ရပ်တန့်သွားလိမ့်မယ် ။

အခွင့်အရေးတွေပေး မိသားစုအတွက်ဆိုပီး အကြိမ်ကြိမ် အမျိုးမျိုး ကြိုးစားခဲ့တယ် ။

နွေးထွေးမှုပေးဖို့ ကြင်နာယုယပေးဖို့

ဂရုစိုက်ပေးဖို့ မိသားစုအချိန်လေးပေးဖို့

အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးတယ် ။

တစ်ချို့မိန်းမတွေဟာ အဆုံးထိပေးဆပ်တတ်တယ် ။အဆုံးထိ သည်းခံပေးတတ်တယ် ။အဆုံးထိ နားလည်ခွင့်လွှတ်ပေးတတ်တယ် ။

ဒါပေမဲ့ …စိတ်ထဲနာလို့ မရဘူး။နာသွားရင် အဆုံးထိ လက်လွှတ်စွန့်လွှတ်တတ်တယ် ။စိတ်ပျက်ရင်လဲ သူများတွေနဲ့ မတူအောင်ပျက်တတ်တယ် ။

အိမ်ထောင်ရေးမကွဲချင်လို့ မိသားစုဆိုတဲ့ဘဝနဲ့ တူတူရှိချင်လို့ ကလေးတွေ မိစုံဖစုံနဲ့နေရဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်လွန်မှ ဘယ်လောက်ပဲ နွေးထွေးမှုတွေပေးပေး ဂရုစိုက်စိုက် ဘယ်လောက်ပဲ နားလည်ပေးမယ်ပြောပြော ဘယ်လောက်ပဲအလိုလိုက်ပီး ပြောင်းလဲပေးမယ်ပြောပြော စိတ်ထဲနာသွားရင် နောက်ပြန်မလှည့်တတ်ဘူး ။

သားသမီးတွေကိုချစ်တဲ့ စိတ်ကဘယ်အရာမှ နှိုင်းယှဉ်လို့ မရပေမဲ့သူတို့ဘဝအတွက် ဒီယောက်ကျားနဲ့ ဘဝရှေ့ဆက်ဖို့ ကိုယ့်ဘဝကို အသေမခံနိုင်တော့တဲ့ အချိန်မှာ သားသမီးတွေကိုတခြားနည်းနဲ့ ချစ်ပီးဂရုစိုက်ပီး ပေးဆပ်ပီးပဲ ရှေ့ဆက်သွားဖို့ပဲ ကျန်တော့တယ် ။

Credit

Unicode