ဆုတောင်းပြည့်လွန်းတဲ့ ထူးခြားပြီးတန်းခိုးကြီးတဲ့ ရေလည်ခေါင်က ဘုရား
ဗုဒ္ဓဘါသာဝင် သူတော်စင် အပေါင်းတို့ခင်ဗျာ
ခုလို ကပ်ရောဂါဆိုးကြီးကြောင့် ဘုရားဖူးချိန်တွေလည်း
အများကြီး ဆုံးရူံးခဲ့ကြရ ပါတယ်။
နှစ်စဥ်နှစ်တိုင်း နေရာဒေသ ပေါင်းစုံက စေတီပုထိုး
ဂူအမျိုးမျိုးနဲ့ ကျောင်းကန်ဘုရားတွေ ဘုရားဖူးခရီးစဥ်ဆိုပြီး
မိသားစု သူငယ်ချင်းတစ်ခု အစုအဖွဲ့
အသီးသီးဖြင့် ဘုရားဖူး ထွက်ကြရပါတယ်။
ခုလိုကာလမှာ ဆရာတော်ဘုရားကြီးများရဲ့ တရားတော်များ
ထူးခြားဆန်းပြား တန်ခိုးကြီးတဲ့ ဘုရားများ
လိုင်းပေါ်ကနေပဲ ဖူးမျှော်ကြရ ပါတယ်။
ခုအခါမှာလည်း ရေဘယ်လောက်တက်တက်
နစ်မြုတ်သွားခြင်းမရှိတဲ့ ရေလည်ဘုရားတစ်ဆုကို
ဖူးမျှော်နိုင်ရန် တင်ဆက်ပေးလိုက် ပါတယ်။
ဆုတောင်းလည်း အရမ်းပြည့်တဲ့ ရေလည်ဘုရားအား
ဖူးမျှော်ခွင့်ရကြ၍ ဖူးမျှော်နိုင်ကြပါစေ
ဖူးမျှော်ကြည်ညိုပြီး လိုရာဆုများတောင်၍ အခြားသော
ဓမ္မမိတ်ဆွေများအတွက် ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်ပြု့ကြပါ။
အားလုံးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ္မာခြင်းများဖြင့်
ပြည့်စုံ၍ လိုအင်ဟူသမျှ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
ကပ်ဘေး ရောဂါဆိုးကြီးမှလည်း ကင်းဝေးကြပါစေ။
သာဓု သာဓု သာဓု
ခရက်ဒစ်