အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး
နေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။
နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင်ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။
လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။
သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။
အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။
အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ
ထုံကျဉ်တာ
ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။
ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ပိုချမ်းတတ်တာ
အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။
ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ
စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။
အားနည်းတာ
လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။
နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။
B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။
ပါးစပ်အနာ
သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။
ဗိုက်ပြဿနာ
ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Credit
Unicode