ထိုင်းကလူပျိုကြီးဘဝ ကံဆိုးပေမယ့် ဟောင်ကောင်ကလူပျိုကြီးကတော့ ဒေါ်လာ ၁ သောင်းတန် ဆီလီကွန်အရုပ်မနဲ့လက်ထပ်လိုက်ပါပြီ
ဖြစ်ပုံက ဤသို့နှယ်
ဟောင်ကောင်ကလူပျိုကြီးကတော့ နာငြီးသက်သာအောင် ဘဝတစ်သက်သာအတွက် သူတစ်ယောက်ထဲကိုဘဲထာဝရချစ်စေဘို့ မိန်းမအစစ်ထက်သာတဲ့ အလှပဂေး ဆီလီကွန်အရုပ်မလေးကို အာဝါဟ ဝိဟာဟ လုပ်လိုက်တဲ့သတင်းလေးကို ဗဟုသုတအဖြစ်ဘာသာပြန်ရေးသားလိုက်ပါတယ်ဗျ ။
ချင်ထျင့်လုံ ဆိုတဲ့အသက် ၃၆ နှစ်အရွယ် လူပျိုသိုးကြီးက ပြီးခဲ့လက သူနဲ့ ၂ နှစ်တာတွဲလာခဲ့တဲ့ ဆီလီကွန်ရာဘာအရုပ်မ Moji ဆိုသူလေးနဲ့ သူ့ဘဝရဲ့တစ်သက်တာကြင်ယာ အဖြစ်လက်ထပ်လိုက်ပါပြီတဲ့ ၊ သူ့ဘဝအတွက်စိတ်ချမ်းသာမှုတွေပေးပြီး ထားရာမှာနေ လိုရာပုံသွင်းလို့ရတဲ့ မိန်းခလေးဖြစ်လို့ သူကျေနပ်မိပါတယ်တဲ့ ။
အရေးကြီဆုံးအချက် ကတော့ သူ့အတွက်နားငြီးသက်တယ်ဆိုဘဲ သူရဲ့ပြောပြချက်အရတော့ လွန်ခဲ့တဲ့နှစ်များစွာက ဆီလီကွန်အရပ်မလေးတွေရောင်းတဲ့ဆိုင်ရှေ့ကလမ်းဖြတ်လျှောက်မိတိုင်း အရပ်မလေးတစ်ရုပ်ဟာ သူ့ရဲ့တည်ငြိမ်နေတဲ့နှလုံးသားကို တဆတ်ဆတ်ဆွဲလှုပ်ခါရမ်းလိုက်သလို ချစ်ခင်စုံမက်မိခဲ့တယ်လို့ဆိုပါတယ် ။
ဒါပေမယ့်လည်း ဈေးကမိုးထိမြင့်မားနေတာမို့ မြင်သာမြင်မကြင်ရတဲ့ဘဝနဲ့ သူ့ရဲ့ လိုချင်တက်မက်မှုစွဲလမ်းစိတ် တ်ကို ချွန်းအုပ်လို့ထိန်းခဲ့ပါတယ် ၊ ၂၀၁၉ ခုနှစ်နှစ်မှာတော့ အင်တာနက် ကနေအထူးလျှော့ဈေးနဲ့ရောင်းချခဲ့တဲ့အတွက်အပြေးအလွှားဝယ်ယူခဲ့ပါတယ်
ယခင်က ရာဘာအရုပ်မတစ်ရုပ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရှိပါတယ် ၊ နောက်တော့အင်တာနက်ကနေ $ ၁၅၀၀ အထိလျှော့ချခဲ့လို့ ချက်ချင်းဘဲမှာယူဝယ်ခဲ့ပါတယ် ။ သူဘာ့ကြောင့် ဆီလီကွန်အရုပ်မလေးကို ဝယ်ခဲ့ရသလဲဆိုတော့သူဟာ ယခင်သူတွဲခဲ့ဖူးတဲ့ချစ်သူတွေနဲ့မတူပါဘူး ၊
သူတို့ဟာလိုချင်တာမရရင်အမြဲတမ်းပေါက်ပေါက်ဖောက်သလိုမြည်တွန်တောက်တီးသလို သူ့ကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်ခဲ့ကြပါဘူး ၊ မျက်နှာနဲ့ဖုန်းမခွါသလို BG ဂိမ်းကဆော့လိုက်ပါသေးတယ် ။
Moji လေးကတော့ သူအတွက်အမြဲတမ်းနုပျိုလန်းဆန်းနေပြီး သူကတစ်ရက်နဲ့တစ်ရက်အိုသွားမှာကိုစိုးမိပါတယ် ဒါ့ကြောင့်သူ့ကိုအရမ်းချစ်မိပါတယ် ၊ သူ့အတွက်အကောင်းဆုံးဆိုတဲ့ အလှဆုံးအဝတ်အစားတွေ ဖုန်းကအစလက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပါတယ် သူနဲ့ချစ်တင်းနှောနေတဲ့အချိန်လည်း သူကအရမ်းချစ်ဘို့ကောင်းတယ် ၊ သူနဲ့နေရတာ ကြည်နူးမိတယ်လို့ဆိုပါတယ် ။
ကဲ..လောကကြီးက ခေတ်တွေပြောင်းလာပါပြီ ၊ လူပျိုကြီးတွေငှက်ပျောတုံးဖက်အိပ်ရတဲ့ဘဝဆိုတာမရှိတော့ဘူးပေါ့ ၊ ကျွန်တော်စဉ်းစားမိတာကတော့ ဖက်ခေါင်းအုံးကြီးဖက်အိပ်ရတာကမှ တော်ကာကျမလားပေါ့ ၊ ဒေါ်လာ ၁ သောင်းရှိမှတော့ ကိုယ်ချစ်တဲ့အစစ်မလေးနဲ့ ဘဝခရီးလမ်းကိုအတူဖြတ်သန်းရဲရမှာပေါ့ ၊ ။ အခုတော့လူတစ်ကိုယ် စိတ်တစ်မျိုးစီ စိတ္တဇများဆန်နေမလားလို့တွေးမိပါတယ် ၊ ။
ဆီလီကွန်မရဲ့အဝတ်အစားတွေကိုယ်ဘဲလျှော်နေရရင်ဒုက္ခ ၊ ပင်မင်းပို့ပြန်ရင်လည်း
“ ဟယ် ဒီလူပျိုကြီးမိန်းမလည်းမရှိဘဲနဲ့ အမျိုးသမီးအဝတ်အစားတွေ လာလျှော်တယ် ဟဲ့ “ ဆိုပြီး ရပ်ကွက်ထဲအတင်းလိုက်တုတ် ဒေါ်ခင်အေးဟန်လို သူတွေနဲ့တွေ့ရင် ဒုက္ခ ။
ဘာဘဲပြောပြော ဟိုတစ်နေ့က ထိုင်းကလူပျိုကြီးက နယ်စပ်ကနေသွင်းလာတဲ့ သူ့ရဲ့ကြင်ယာတော် အသစ်စက်စက် ဆီလီကွန်အရုပ်မလေးကို အကောက်ခွန်အရာရှိတွေက သိမ်းဆည်းလိုက်လို့ ကံဆိုးရှာပြီး ဟောင်ကောင်က လူပျိုကြီးကတော့ လျှော့ဈေးနဲ့ ရလို့ သူ့ဘဝလေးစိုပြေငြိမ်းသွားတယ်ဆိုတော့လည်း …ကံကောင်းတာပေါ့နော်
ကျနျ တာတွေတော့ မတွေးတော့ မရေးတော့ပါဘူး ၊ မိတ်ဆွေတွေထဲက မကျွတ်မလွတ်သေးတဲ့ လူပျိုကြီးသူငယ်ချင်းတွေရော သူ့ကိုအားမကျကြဘူးလားလို့ 🤪🤪 Credit, စည်သူမောင်
Photo #Crd