Steph O’Dell ဆိုတဲ့အမ်ိဳးသမီးဟာ သူမ၏ညီမေလးအသက္ 18ႏွစ္ျပည့္တဲ့ေမြးေန႔မွာ နယ္သာလန္ႏိုင္ငံ ၊
Amsterdam ၿမိဳ႕သို႔အလည္အပတ္ခရီးသြားရန္စီစဥ္ခဲ့ၿပီးေနာက္ အလွဆုံးျဖစ္ရန္အတြက္သူမ၏ဆံပင္ကိုအေရာင္ဆိုးရန္ဆုံးျဖတ္ခဲ့ပါတယ္ ။သူမဟာ အေရာင္ဆိုးေဆးေတြမွာပါတဲ့ PPD
ဆိုေသာအရာႏွင့္ဓာတ္မတည့္ျခင္းျဖစ္တတ္သည္ကိုအစကတည္းကသိရွိထားခဲ့ပါတယ္ ။ ထို႔ေၾကာင့္သူမဟာ ဆံပင္ညႇပ္ဆိုင္ကို သူမဟာအေရာင္ဆိုးေဆးေတြမွာပါဝင္တဲ့
PPDႏွင့္ဓာတ္မတည့္ေၾကာင္း ဦးစြာေျပာျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္းဆံပင္ညႇပ္ဆိုင္က ဦးေရျပားကိုမထိမိေအာင္ဆံပင္အေရာင္ဆိုးေပးမည္ ၊ ဆံပင္ဆိုးေဆးမွာသဘာဝ organic သာျဖစ္ေၾကာင္းသူမကိုအာမခံခဲ့ပါတယ္ ။
သူမဆံပင္အေရာင္ဆိုးၿပီးေနာက္တစ္ရက္မွာေတာ့ သူမရဲ႕လည္ပင္းဟာယားယံလာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္းသူမ၏အေရးျပားေပၚမွာ ဆံပင္ဆိုးေဆးအနည္းငယ္က်န္ေနခဲ့တယ္လို႔သာ ထင္မွတ္ၿပီးေနာက္ေရေဆးခ် ၿပီး
ယားနာေပ်ာက္ေဆးကိုသာလိမ္းခဲ့ပါတယ္ ။ထို႔ေနာက္သူမ၏ညီမျဖစ္သူႏွင့္ Amsterdam ၿမိဳ႕သို႔သြားေရာက္လည္ပတ္ခဲ့ၿပီး ေနာက္တစ္ရက္မွာေတာ့သူမ၏မ်က္ႏွာမွာ စတင္ၿပီးေရာင္ကိုင္းလာပါေတာ့တယ္ ။
သူမ၏ေျပာျပခ်က္အရ – ‘ကြၽန္မတပ္ထားတဲ့မ်က္မွန္ေတာင္အရမ္းက်ပ္ေနသလိုျဖစ္ေနၿပီး ၊ လည္ပင္းမွာလဲမီးကင္ထားသလိုခံစားခဲ့ရပါတယ္ ။ေနာက္ထပ္တစ္ရက္ေရာက္ေတာ့ကြၽန္မေခါင္းဟာႀကီးလာၿပီး
မ်က္စိတစ္ဖက္ကလည္းေရာင္ကိုင္းလြန္းလို႔ဖြင့္လို႔မရေတာ့ေလာက္ေအာင္ပိတ္သြားခဲ့ပါတယ္ ။ မ်က္ႏွာ နဲ႔ေခါင္းတစ္ခုလုံးဟာတအားနာက်င္ေနခဲ့လို႔ ေဆး႐ုံသြားျပခဲ့ပါတယ္ ။
သို႔ေပမဲ့လည္းေနာက္တစ္ရက္မွာ မ်က္ႏွာဟာပိုေယာင္ကိုင္းလာခဲ့ၿပီး မ်က္စိႏွစ္ဖက္လုံးကလုံးဝဖြင့္လို႔မရေတာ့တဲ့အေျခအေနထိေရာက္သြားခဲ့ပါတယ္’ ဟူ၍ ေျပာျပထားခဲ့ပါတယ္။
ထို႔ေနာက္ဖခင္ျဖစ္သူကိုလွမ္းဆက္သြယ္အေၾကာင္းၾကားၿပီး ေနရပ္သို႔ျပန္လာခဲ့ကာ ေလဆိပ္သို႔ေရာက္ေရာက္ခ်င္းမွာပဲဖခင္ျဖစ္သူက သူမငယ္႐ြယ္စဥ္ကတည္းကျပသခဲ့ေသာ Milton Keynes Hospital သို႔ခ်က္ခ်င္ေခၚေဆာင္သြားခဲ့ပါတယ္ ။
သူမဟာအဆိုပါေဆး႐ုံမွာ5ရက္ေလာက္ေဆးကုသမႈခံယူခဲ့ရၿပီးေနာက္ ျပန္လည္ေကာင္းမြန္လာခဲ့ကာေနာက္ပိုင္တြင္ဘယ္ေတာ့အခါမွဆံပင္အေရာင္မဆိုးေတာ့ေၾကာင္း သူမရဲ႕အေတြ႕အႀကဳံကိုေဝမွ်သြားခဲ့ပါတယ္ ။
Jasmine (Mckzone Daily)
Source: thesun
Unicode
ဆံပင်အရောင်ဆိုးလိုက်လို့ 5ရက်လောက်ခေါင်းတွေယောင်ကိုင်းသွားခဲ့ပြီး မျက်စိပါကွယ်ခဲ့ရတဲ့ အမျိုးသမီး
Steph O’Dell ဆိုတဲ့အမျိုးသမီးဟာ သူမ၏ညီမလေးအသက် 18နှစ်ပြည့်တဲ့မွေးနေ့မှာ နယ်သာလန်နိုင်ငံ ၊
Amsterdam မြို့သို့အလည်အပတ်ခရီးသွားရန်စီစဉ်ခဲ့ပြီးနောက် အလှဆုံးဖြစ်ရန်အတွက်သူမ၏ဆံပင်ကိုအရောင်ဆိုးရန်ဆုံးဖြတ်ခဲ့ပါတယ် ။သူမဟာ အရောင်ဆိုးဆေးတွေမှာပါတဲ့ PPD
ဆိုသောအရာနှင့်ဓာတ်မတည့်ခြင်းဖြစ်တတ်သည်ကိုအစကတည်းကသိရှိထားခဲ့ပါတယ် ။ ထို့ကြောင့်သူမဟာ ဆံပင်ညှပ်ဆိုင်ကို သူမဟာအရောင်ဆိုးဆေးတွေမှာပါဝင်တဲ့
PPDနှင့်ဓာတ်မတည့်ကြောင်း ဦးစွာပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်းဆံပင်ညှပ်ဆိုင်က ဦးရေပြားကိုမထိမိအောင်ဆံပင်အရောင်ဆိုးပေးမည် ၊ ဆံပင်ဆိုးဆေးမှာသဘာဝ organic သာဖြစ်ကြောင်းသူမကိုအာမခံခဲ့ပါတယ် ။
သူမဆံပင်အရောင်ဆိုးပြီးနောက်တစ်ရက်မှာတော့ သူမရဲ့လည်ပင်းဟာယားယံလာခဲ့ပါတယ် ။ သို့ပေမဲ့လည်းသူမ၏အရေးပြားပေါ်မှာ ဆံပင်ဆိုးဆေးအနည်းငယ်ကျန်နေခဲ့တယ်လို့သာ ထင်မှတ်ပြီးနောက်ရေဆေးချ ပြီး
ယားနာပျောက်ဆေးကိုသာလိမ်းခဲ့ပါတယ် ။ထို့နောက်သူမ၏ညီမဖြစ်သူနှင့် Amsterdam မြို့သို့သွားရောက်လည်ပတ်ခဲ့ပြီး နောက်တစ်ရက်မှာတော့သူမ၏မျက်နှာမှာ စတင်ပြီးရောင်ကိုင်းလာပါတော့တယ် ။
သူမ၏ပြောပြချက်အရ – ‘ကျွန်မတပ်ထားတဲ့မျက်မှန်တောင်အရမ်းကျပ်နေသလိုဖြစ်နေပြီး ၊ လည်ပင်းမှာလဲမီးကင်ထားသလိုခံစားခဲ့ရပါတယ် ။နောက်ထပ်တစ်ရက်ရောက်တော့ကျွန်မခေါင်းဟာကြီးလာပြီး
မျက်စိတစ်ဖက်ကလည်းရောင်ကိုင်းလွန်းလို့ဖွင့်လို့မရတော့လောက်အောင်ပိတ်သွားခဲ့ပါတယ် ။ မျက်နှာ နဲ့ခေါင်းတစ်ခုလုံးဟာတအားနာကျင်နေခဲ့လို့ ဆေးရုံသွားပြခဲ့ပါတယ် ။
သို့ပေမဲ့လည်းနောက်တစ်ရက်မှာ မျက်နှာဟာပိုယောင်ကိုင်းလာခဲ့ပြီး မျက်စိနှစ်ဖက်လုံးကလုံးဝဖွင့်လို့မရတော့တဲ့အခြေအနေထိရောက်သွားခဲ့ပါတယ်’ ဟူ၍ ပြောပြထားခဲ့ပါတယ်။
ထို့နောက်ဖခင်ဖြစ်သူကိုလှမ်းဆက်သွယ်အကြောင်းကြားပြီး နေရပ်သို့ပြန်လာခဲ့ကာ လေဆိပ်သို့ရောက်ရောက်ချင်းမှာပဲဖခင်ဖြစ်သူက သူမငယ်ရွယ်စဉ်ကတည်းကပြသခဲ့သော Milton Keynes Hospital သို့ချက်ချင်ခေါ်ဆောင်သွားခဲ့ပါတယ် ။
သူမဟာအဆိုပါဆေးရုံမှာ5ရက်လောက်ဆေးကုသမှုခံယူခဲ့ရပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ကာနောက်ပိုင်တွင်ဘယ်တော့အခါမှဆံပင်အရောင်မဆိုးတော့ကြောင်း သူမရဲ့အတွေ့အကြုံကိုဝေမျှသွားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Source: thesun