မိဘတွေ ကုသိုလ်ရေးလုပ်နိုင်ဖို့အတွက် ပိုက်ဆံတွေအများကြီးကန်တော့လိုက်တဲ့ နေဆန်း
ပရိသတ်တွေ ချစ်ခင် အားပေးရတဲ့ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ဖြစ်တဲ့နေဆန်းကတော့
ဟာသဗီဒီယိုလေးတွေ နဲ့ လူသိများပြီးအောင်မြင်လတဲ့သူတစ်ယောက်ပါ။
နေဆန်းကတော့ကြော်ငြာ တွေကိုဆက်တိုက်ရိုက်ကူးနေ
ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
နေဆန်းကသူ့ရဲရရှိလာတဲ့ အနုပညာကြေးလေးတွေနဲ့
မိဘကိုသိတတ်ပြီးအလုပ် အကျွေးပြုနေသူတစ်ယောက်လည်းဖြစ်ပါတယ်။
နေဆန်းကသူရရှိတဲ့အနုပညာကြေးတွေနဲ့မိဘတွေ
အတွက်အိမ်တစ် လုံးဆောက် လုပ်ပေးနိုင်ခဲ့သလို
မကြာသေးမီကမှ ကိုယ်ပိုင်အိမ် နဲ့ကိုယ်ပိုင်ကားကိုဝယ်ယူနိုင်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာ
ထက်ကနေပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ်။
လတ်တ လောမှာတော့မိဘတွေကိုပြည့်စုံစေချင်တယ်
မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာကုသိုလ်ရေး
တွေလုပ်ဖို့အတွက်ဆန်းရဲ့ထောက်ပံ့ကြေးငွေပါဆိုတဲ့
စာသားလေးနဲမိခင်ဖြစ်သူကိုငွေတွေအများကြီးနဲ့
ကန်တော့နေတဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေကိုထပ်မံမျှဝေပေးခဲ့ပါတယ်။
ပရိသတ်တွေကတော့နေဆန်းရဲ့မိဘအပေါ် သိတတ်
လုပ်ကျွေးမှုလေးအတွက်လေးစားဂုဏ်ယူကြောင်း
မှတ်ချက်လေးတွေရေးသားထားကြတာလည်းတွေ့ရပါတယ်။
ပရိသတ်ကြီးလည်းမိဘအပေါ် သိတတ်တဲ့နေဆန်းရဲ့ပုံ
ရိပ်လေးတွေကိုသာဓုခေါ်ဆိုနိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Credit