Local News

အသက်၇၅ နှစ် ကျော်နေပြီဖြစ်သော်လည်း စား၀တ်နေရေးအတွက် နေပူပူမှာ ပြောင်းဖူးပြုတ် ရောင်းနေရသည့် အဖွား

အသက်၇၅ နှစ် ကျော်နေပြီဖြစ်သော်လည်း စား၀တ်နေရေးအတွက် နေပူပူမှာ ပြောင်းဖူးပြုတ် ရောင်းနေရသည့် အဖွား

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ အခုဖော်ပြပေးချင်တာလေး ကတော့ အသက်အရွယ် အိုမင်းနေပြီ

ဖြစ်သော်လည်း စား၀တ်နေ‌ရေး အတွက် နေပူပူမှာ

ပြောင်းဖူး ပြုတ် ရောင်းကာရုန်းကန်နေရတဲ့ အဖွား အကြောင်းပဲ ဖြစ်ပါတယ်။

အဖွားရဲ့ နာမည်က ဒေါ်ခင်မြင့် လို့ သိရပါတယ်။

အဖွားဟာ အသက်အရွယ် အားဖြင့် အသက် ၇၅ နှစ် ကျော်နေပြီ ဖြစ်ပါတယ်။

အဖွားဟာ မြောက်ဒဂုံ ၄၉ရပ်ကွက် စိန်ပန်းမြိုင်လမ်းမှာ နေထိုင်သူ ဖြစ်ကြောင်း သိရပါတယ်။

အဖွားဟာ လူချစ်လူခင်လဲ ပေါများသူ ဖြစ်ပါတယ်။

အဖွားဒေါ်ခင်မြင့် လို့ပြောလိုက်ရငျလူတော်တော် များများ သိကြပါတယ်။

အဖွားပုံစံလေးက အသက် ၇၅နှစ် ကျော်နေပြီဆိုတော့ လမ်းလျှောက်ရင် ခါးကိုင်းကိုင်းလေးပါ။

အဖွားဟာ လေဖြတ်ထားတဲ့ သားနဲ့ ခေါင်းမကောင်း ၀တ်လစ်စလစ် သားတွေ ကိုစောင့်ရှောက်ရင်း

နေပူပူမှာ ရာသီစာလေးတွေဖြစ်တဲ့ ပြောင်းဖူးပြုတ် ကန်စွန်းဥပြုတ် အရပ်တကာ လှည့်ပြီး ဈေးရောင်းနေရတာပါ။

အဖွားဟာ ကျန်းမာရေး မှတ်တိုင်အနီး ရပ်ကွက်တွေမှာ လှည့်ရောင်းနေကျလို့ သိရပါတယ်။

အဖွားရဲ့ ဈေးရောင်းတဲ့ အသံလေးများ ကြားရင် အားပေးစေချင်ပါတယ်။

အဖွားအတွက် ကူညီမဲ့သူများ ပေါ်ပေါက်လာစေ ဖို့ရည်ရွယ်ပြီး မျှဝေပေး လိုက်ရပါတယ်။

အဖွားအတွက် အလှူရှင် အမြန်ဆုံး ပေါ်ပေါက်ပါစေနော်။

ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးလဲ သာယာ

ပျော်ရွှင်တဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

မူရင်းတင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။