Local News

သူများနဲ့မတူ ထူးဆန်းစွာ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ သီရိလင်္ကာကျန်းမာရေးဝန်ကြီး

နတ်ဆရာ ဖော်သည့် ဆေးသည် ကိုဗစ်ကို ကာကွယ်နိုင်သည်ဆိုကာ

သောက်ပြခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကိုဗစ်ကူးစက်ခံလိုက်ရ

နတ်ဆရာတစ်ဦး ဖော်သည့် ဆေးရည်သည် ကိုဗစ်ကူးစက်မခံရစေရန်

ကာကွယ်ပေးနိုင်သည်ဟု ပြောကာ ထိုဆေးကို လူရှေ့သူရှေ့ သောက်ပြပြီး

ထောက်ခံပေး ခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီး

ကိုဗစ် ကူးစက်ခံလိုက်ရပြီ ဖြစ်ကြောင်း ဇန်နဝါရီလ၂၃ ရက်သတင်းက ဆိုသည်။

ပဗီသရာဝန်နိုင်ရာချီ ကိုဗစ် ကူးစက်ခံလိုက်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ

မီဒီယာ ဆက်ဆံရေးအရာရှိက ဆိုသည်။

နတ်ဆရာတစ်ဦး ဖော်သည့်ဆေးရည်သည် ကိုဗစ်ကို ရာသက်ပန်

ကာကွယ် ပေးနိုင်သည်ဟု ဝန်ကြီးက ဆိုကာ ယင်းဆေးရည်ကိုညွှန်းခဲ့သေးသည်။

သီရိလင်္ကာတွင် ကိုဗစ်ကူးစက်ခံရသူ ၅၆ ၀၇၆ ဦးရှိပြီး

သေဆုံးသူ ၂၇၆ ဦးရှိသွားပြီ ဖြစ်သည်။

ကိုဗစ် ကူးစက်ခံရသူဦးရေသည် ပြီးခဲ့သည့်လပိုင်းအတွင်း ထောင်တက်လာသည်။

အထက်ပါ ကျန်းမာရေးဝန်ကြီးသည် သီရိလင်္ကာဝန်ကြီးများအနက်

ကိုဗစ် ကူးစက်ခံရသည့် စတုတ္ထမြောက် ဝန်ကြီးဖြစ်သည်။

နတ်ဆရာက အိပ်မက်ထဲတွင် ဆေးနည်းရသည်ဟုဆိုကာ

ကိုဗစ် ကာကွယ်ဆေးကို ပျားရည်နှင့် ဇာတိပ္ဖိုလ်သီး ရောပြီးဖော်စပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်က ထိုဆေးကို သောက်ပြကာ

လူများယုံကြည်လာစေရန် လုပ်ခဲ့သော်လည်း သီရိလင်္ကာရှိဆရာဝန်များက

ထိုဆေး စွမ်းသည်ဟူသော ပြောကြားချက်ကို လက်မခံကြပေ။

သို့သော်လည်း လူပေါင်းထောင်ပေါင်းများစွာက အထက်ပါဆေးရည်ကို

ရရန်အတွက် ရွာတစ်ရွာသို့ သူ့ထက်ငါ အရင်ရောက်ရန် သွားခဲ့ကြသည်ဟုဆိုပါသည်။

ခရက်ဒစ်

Unicode