ရေးမြို့နယ်မှာ လူစုလူဝေးဖြစ်စေခဲ့တဲ့ ကိုရင်လေးကျောင်း ပဌာန်းလှည့်လည်ပွဲကို ထွေအုပ်က မသိဟုဆို…
ရေးမြို့နယ်မှာ လူစုလူဝေးဖြစ်စေခဲ့တဲ့ ကိုရင်လေးကျောင်း ပဌာန်းလှည့်လည်ပွဲကို ထွေအုပ်က မသိဟုဆို
မွန်ပြည်နယ်အတွင်း နေ့စဉ်ပိုးတွေ့လူနာများလာ သောကြောင့် လူစုလူဝေးပွဲများ မပြုလုပ်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
ယခင်နှစ် မတ်လ ၂၃ရက်မှ ယခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ မွန်ပြည်နယ်တွင် ကိုဗစ်လူနာ ၃,၂၄၂ ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ဇန် နဝါရီ ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ပါတယ်။
သို့ဖြစ်ရာ ဇန်နဝါရီ ၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ရေးမြို့ နယ် ကိုရင်လေးကျောင်း ပဋ္ဌာန်း လှည်လည်ပွဲကဲ့သို့ လူစုလူဝေး ပွဲများ မကျင်းပသင့်ကြောင်း ဒေါက်တာဝတ်မှုံက ပြောပါတယ်။
“လိုအပ်တဲ့ သင်တန်းတွေ ကိုတောင် လူတွေလျှော့ပြီးတော့ တကယ့်ကို မျက်နှာချင်းဆိုင်လုပ် ရမယ့် အလုပ်တွေမှာတောင် လျှော့ပြီး လုပ်နေရတယ်ပေါ့။ ကိုယ့်ကျန်းမာရေးအလုပ်တွေကို တောင် စိစစ်ပြီး လုပ်နေရတဲ့အ ချိန် ခုနကပြောတဲ့ မလုပ်ဘဲနေလို့ ရတဲ့ဟာမျိုးဆို မလုပ်သင့်ဘူး ပေါ့။ ကူးစက်ရောဂါကို မြင့်တက် စေတာပေါ့”ဟု ၎င်းက ပြော သည်။
ထို့အပြင် ပွဲကျင်းပရန်ပြည် နယ်ကျန်းမာရေးဦးစီးဌာနသို့ ခွင့် ပြုချက်တောင်းထားခြင်းလည်း မရှိကြောင်း ၎င်းကပြောပါတယ်။
ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကိုရင်လေးကျောင်း ပဋ္ဌာန်းလှည့်လည်ပွဲနှင့်ပတ်သက် ၍ “ကျွန်တော်တို့ကို သတင်းမပို့ ဘူးနော်။ အဲဒါက မသိထားဘူး” ဟု ပြောပါတယ်။
ရေးမြို့နယ် ကိုရင်လေး ကျောင်း ပဋ္ဌာန်းလှည့်လည်ပွဲ သည် ကျန်းမာရေးအမြင်အရ ကြည့်မည်ဆိုပါက စိုးရိမ်စရာရှိ သော်လည်း ယခုပွဲသည် တမင်စီ စဉ်ကာ ကျင်းပခဲ့ခြင်းမဟုတ် ကြောင်း ရေးမြို့နယ်မှ ဒေသခံ ကိုအောင်နိုင်ဝင်းက ပြောပါတယ်။
“ဒီပွဲကိုဆရာတော်က ဘာမှ မပါနဲ့ ပွဲလိုလည်း လုပ်တာတော့ မဟုတ်ဘူးဗျ။
ဆရာတော်က သူ့ မွေးနေ့မှာ သူ့ဘာသာသူ ကောင်း မှုကုသိုလ်ပြုတာကို သူ့ရဲ့ ဒကာ တွေက ပုံမှန်ပဲ ဘုရားဖူးလာသူ တွေရော၊ ဒကာတွေရော လာ တော့ လူများသွားတာပေါ့။ ဆရာ တော်က ဖိတ်ကြားတာတော့ မရှိဘူး။ လူတွေက ဆရာတော် မွေးနေ့မှန်းသိလို့ လာကြတဲ့သ ဘောပါပဲ”ဟု ၎င်းကပြောပါတယ်။
Credit original writter
Unicode
ရေးမြို့နယ်မှာ လူစုလူဝေးဖြစ်စေခဲ့တဲ့ ကိုရင်လေးကျောင်း ပဌာန်းလှည့်လည်ပွဲကို ထွေအုပ်က မသိဟုဆို…
ရေးမြို့နယ်မှာ လူစုလူဝေးဖြစ်စေခဲ့တဲ့ ကိုရင်လေးကျောင်း ပဌာန်းလှည့်လည်ပွဲကို ထွေအုပ်က မသိဟုဆို
မွန်ပြည်နယ်အတွင်း နေ့စဉ်ပိုးတွေ့လူနာများလာ သောကြောင့် လူစုလူဝေးပွဲများ မပြုလုပ်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
ယခင်နှစ် မတ်လ ၂၃ရက်မှ ယခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ မွန်ပြည်နယ်တွင် ကိုဗစ်လူနာ ၃,၂၄၂ ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ဇန် နဝါရီ ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ပါတယ်။
သို့ဖြစ်ရာ ဇန်နဝါရီ ၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ရေးမြို့ နယ် ကိုရင်လေးကျောင်း ပဋ္ဌာန်း လှည်လည်ပွဲကဲ့သို့ လူစုလူဝေး ပွဲများ မကျင်းပသင့်ကြောင်း ဒေါက်တာဝတ်မှုံက ပြောပါတယ်။
“လိုအပ်တဲ့ သင်တန်းတွေ ကိုတောင် လူတွေလျှော့ပြီးတော့ တကယ့်ကို မျက်နှာချင်းဆိုင်လုပ် ရမယ့် အလုပ်တွေမှာတောင် လျှော့ပြီး လုပ်နေရတယ်ပေါ့။
ကိုယ့်ကျန်းမာရေးအလုပ်တွေကို တောင် စိစစ်ပြီး လုပ်နေရတဲ့အ ချိန် ခုနကပြောတဲ့ မလုပ်ဘဲနေလို့ ရတဲ့ဟာမျိုးဆို မလုပ်သင့်ဘူး ပေါ့။ ကူးစက်ရောဂါကို မြင့်တက် စေတာပေါ့”ဟု ၎င်းက ပြော သည်။ ထို့အပြင် ပွဲကျင်းပရန်ပြည် နယ်ကျန်းမာရေးဦးစီးဌာနသို့ ခွင့် ပြုချက်တောင်းထားခြင်းလည်း မရှိကြောင်း ၎င်းကပြောပါတယ်။