Local News

ကျပ်သိန်းတစ်သောင်းခွဲ အထူးဆုကြီးကို ဖြိုးမောက်လျှံ အောင်ဘာလေထီဆိုင်ကြီးမှ ကဆ ၄၂၅၉၇၂ ဖြင့်ဆွတ်ခူး

နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့သော်လည်း အောင်ဘာလေထီဖွင့်ပွဲ ပုံမှန်အတိုင်း ကျင်းပ၊ ဖြိုးမောက်လျှံအောင်ဘာလေထီဆိုင်ကြီးမှ အထူးဆုကြီး ထွက်ပေါ်

နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာခဲ့သော်လည်း ၂၄ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင် ဘာ လေထီဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းတွင် ပုံမှန်အတိုင်းကျင်းပပြုလုပ်ခဲ့ရာ ဖြိုးမောက်လျှံ အောင်ဘာလေ ထီဆိုင်ကြီးမှ အထူးဆုကြီး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင်ဖွင့်လှစ်သော၂၄ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းခွဲ အထူးဆုကြီးကို ဖြိုးမောက်လျှံ အောင်ဘာလေထီဆိုင်ကြီးမှ ကဆ ၄၂၅၉၇၂ ဖြင့်ဆွတ်ခူးရ ရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကျပ်သိန်းတစ်သောင်းဆုကို ဇ ၄၉၆၀၃၅ နံပါတ် ၊ ကျပ်သိန်းငါးထောင်ဆုကြီးကို ကဇ ၃၂၉၄၆၇ နံပါတ် နှင့် ကစ ၉၈၈၄၂၅ နံပါတ်တို့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။

ယခုလ ၂၄ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းထီဖွင့်ပွဲအတွက် ထီအက္ခရာ ၄၂ လုံး၊ ထီအုပ်ရေပေါင်း ၃၄ သိန်းကျော်ကို ရောင်းချပေးခဲ့ပြီး ဆုမဲအရေအတွက် စုစုပေါင်း နှစ်သိန်းလေးသောင်း ကျော်ကို ဖွင့်လှစ်ပေးခဲ့သည့်အပြင် ပေါက်မဲများမှ လာရောက်မထုတ်ယူသည့် ဘဏ္ဍာသိမ်းငွေထဲမှ ဆယ် သိန်းဆု လေးဆု၊ သုံးသိန်းဆု နှစ်ဆယ်ဆု၊ နှစ်သိန်းဆု နှစ်ရာဆုနှင့် တစ်သိန်းဆု နှစ်ထောင်ဆု စုစုပေါင်း ဆုမဲ ၂၂၀၀ ဆုကျော်ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လာမည့် မတ်လ ၁ ရက်၌ ဖွင့်လှစ်ပေးမည့် ၂၅ ကြိမ်မြောက် ကျပ်တစ်တန်အောင်ဘာလေထီဖွင့်ပွဲအတွက် ထီအက္ခရာ ၃၉ လုံး၊ အရံထီအက္ခရာ တစ်လုံး အက္ခရာစုစုပေါင်း အလုံး၄၀ ထုတ်ဝေရောင်းချပေး သွား မည်ဖြစ်ကြောင်း သိရသည်။

မင်းရန်နောင်(သတင်း-ဓာတ်ပုံ)

Unicode