Knowledge

သင့်ရဲ့ဖုန်းကို အမြန်ပျက်စီးစေနိုင်တဲ့၊ အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့အမှားများ

သင့်ရဲ့ဖုန်းကို အမြန်ပျက်စီးစေနိုင်တဲ့၊ အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမှားများ

ဖုန်းတစ်လုံးဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေလည်း ပါပြီး၊တစ်ခုခု ချို့ယွင်းတာနဲ့ လုပ်ဆောင်မှုတွေကို ကမောက်ကမဖြစ်စေနိုင်တဲ့ သက်ရောက်မှုတွေလည်း ပါရှိပါတယ်နော်။

ထိူ့ကြောင့် ဖုန်းတစ်လုံးဟာ သက်ရှိသတ္တဝါတစ်ကောင်နဲ့ တူတယ်ဆိုရင် ပိုင်ရှင်က ဂရုမစိုက်ရင် ဖုန်းရဲ့ ကျန်းမာရေးကလည်း ကောင်းမှာ မဟုတ်ပါဘူးနော်။အခု ဖော်ပြချင်တာကတော့ သင့်ရဲ့ဖုန်းကို ပျက်စီးစေနိုင်တဲ့၊အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမူအကျင့်တွေပါနော်။

(၁) Source တွေကို မစူးစမ်းမဆင်ခြင်ပဲ ဝင်ရောက်ခြင်း

အခုတလောမှာ iPhone ဖုန်းပေါက်တယ်ဆိုတဲ့သတင်းတွေ မကြာခဏ ကြားရလေ့ရှိပါတယ်နော်။တကယ်ကတော့ အဲဒါဟာ ဟက်ကာတွေကနေတီထွင်ထားတဲ့ လှည့်စားမှုဆိုတာ

လူတိုင်း အသိနည်းပါတယ်။ဒီတော့ မခိုင်မာသော Source တွေ၊ Recommended ပေးမထားတဲ့App တွေကို လုံးဝမသုံးသင့်ပါဘူးနော်။ဗိုင်းရပ်စ်တွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

(၂) အပူလွန်တဲ့နေရာမှာ ထားရှိခြင်း

ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီဆိုရင်တော့ ဖြစ်တန်သမျှကိုယ်နဲ့နီးနီးကပ်ကပ် ဆောင်ထားသင့်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်တော့ နေရောင်ခြည်တိုက်ရိုက်ရောက်တဲ့နေရာတွေမှာ ဖုန်းတစ်လုံးကို

ထားမိပြီဆိုကိုယ့်ဖုန်းကို ကိုယ်တိုင်ဖျက်ဆီးတာနဲ့ အတူတူပါ။ဖုန်းအတွင်းပိုင်းမှာပါတဲ့ ချပ်စ်အပြားတချို့ဟာသာမန်အပူချိန်ထက် ပိုပြီး ခံနိုင်ရည် မရှိပါဘူးနော်။

(၃) အားသွင်းတဲ့အခါ

တချို့က ကိုယ့်ဖုန်းရဲ့အားသွင်း အဒက်ပတာမဟုတ်ပါဘဲသူများဖုန်းရဲ့ အဒက်ပတာတွေကို အလွယ်တကူ သုံးတတ်ပါတယ်။မကောင်းတဲ့ အကျင့်ပါနောိ။တချို့က အိပ်ရာဝင်ပြီဆို ညလုံးပေါက်အားသွင်းကြိုးတန်းလန်းနဲ့ ထားရှိတတ်ပါတယ်နော်။

ဒါဟာ ဖုန်းဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပြီးတော့ မတော်တဆ ပေါက်ကွဲမီးလောင်မှုလည်း ဖြစ်စေနိုင်ပါတယ်နော်။

(၄) ဘေလ်ကုန်မှာ ကြောက်သူများ

ဖုန်းတွေဟာ အချိန်တန်ရင် သူတို့ရဲ့ အတွင်းပိုင်းပြင်ဆင်မှုနဲ့ Software တွေFirmware တွေအတွက် Update တောင်းတတ်ပါတယ်နောိ။ဒါကို ဘေလ်ကုန်မှာစိုးပြီး Update မလုပ်ချင်ကြပါဘူးနော်။

အကျိုးဆက်အနေနဲ့ အဆင့်မြင့်တင်လိုက်တဲ့ Software တွေ သုံးမရတာ၊Firmware ကျပြီး သုံးမရတော့တာဖြစ်တတ်ပါတယ်နော်။ဒီကြားထဲမှာ သုံးရရင်တောင် အသစ်ထွက်ရှိတဲ့Feature တွေကို လက်လွှတ်ရမှာပါ။

(၅) ဘက်ထရီ လဲလှယ်ခြင်း

ဖုန်းဘက်ထရီ စွမ်းဆောင်ရည် ကျသွားတဲ့အခါအော်ရီဂျင်နယ်ဘက်ထရီထက် လမ်းဘေးမှာ လွယ်လင့်တကူရောင်းတဲ့အဖိုးနည်းအိုးကွဲ ဘက်ထရီ၊အမျိုးအစားတူသော်လည်း အခြားဖုန်းထဲကဘက်ထရီကို ဖြုတ်ထည့်တာတွေ မလုပ်သင့်ပါဘူးနော်။တက်ကျွမ်းနားလည်တဲ့ ဖုန်းဆရာတွေနဲ့ သူတို့ အကြံပေးတဲ့ ဘက်ထရီမျိုးကိုသာ သုံးသင့်ပါတယ်နော်။credit

Unicode