ပင်စင်စာအုပ် ပေါင်ထားရတဲ့စစ်သားဟောင်းကြီးရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝ
အသက်၆၈နှစ်ရှိပြီဖြစ်သည့်ဦးအောင်မြိုင်ဟာဇနီးနှင့်အတူလှည်ကူးမြို့နယ်၊ဝါးတောင်စခန်းနားတွင်လင်မယားနှစ်ဦးတည်းနေထိုင်လျက်ရှိသည်။သူ့အမျိုးသမီးဒေါ်ခင်မြင့်မှာအသက်၆၅နှစ်ရှိပြီဖြစ်သည်။အသက်ကြီးကြီးလင်မယားနှစ်ဦးတည်းသစ်၊ဝါးခုတ်သည့်လူကလွဲ၍ဤလိုနေရာမျိုးတွင်နေထိုင်ကာဘဝကိုရုန်းကန်ရပ်တည်နေရသည်။မိုးတွင်းဆိုစခန်းတွင်လူလေး၊ငါးဦးကလွဲပြီးမည်သူမျှမရှိကြ။
တပ်မတော်သို့၁၅ရက်၇လ၁၉၇၄ခုနှစ်တွင်ဝင်ရောက်ခဲ့သောကိုယ်ပိုင်အမှတ်– ၄၂၂၂၁၀ဖြစ်သူစစ်သားဟောင်းကြီးဦးအောင်မြိုင်မှာလှည်းကူးမြို့နယ်၊မင်းကုန်းရှိအမှတ်(၁) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင်လက်ဖြောင့်ထူးချွန်အဖြစ်သုံးနှစ်တာဝန်ထမ်းဆောင်ခြင်းဖြင့်တပ်မတော်ထဲသို့စတင်ရောက်ရှိခဲ့သည်။
အမှတ်(၁) တပ်မတော်လေ့ကျင့်ရေးသင်တန်းတွင်စစ်ပညာသင်ရင်းသေနက်ပစ်ထူးချွန်သည့်အတွက်တပ်မတော်ကြည်း၊ရေ၊လေပြိုင်ပွဲအတွက်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ထိုအချိန်တည်းကဦးအောင်မြိုင်နှင့်ဒေါ်ခင်မြင့်မှာအိမ်ထောင်ကျနေလေပြီဖြစ်သည်။ထိုသင်တန်းကျောင်းတွင်တာဝန်ထမ်းဆောင်ပြီးနောက်ပြည်မြို့ရှိ၆၆တပ်မလက်အောက်ခံခလရ(၇၅) သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။
ဦးအောင်မြိုင်မှာတာဝန်ချိန်တွင်တိတိကျကျထမ်းဆောင်သူတစ်ဦးပေမယ့်တာဝန်ပြီးချိန်တွင်လွတ်လွတ်လပ်လပ်နေတက်သည်။ရှမ်းပြည်တိုက်ပွဲအတွင်းထူးချွန်ဆုပင်ချီးမြှင့်ခံခဲ့ရသည်။ထို့နောက်ဒုတပ်ကြပ်ရာထူးတိုးခဲ့သည်။သို့သော်ကြာကြာမခံကျောပိုးအိတ်တွင်ဖဲထုတ်တွေ့၍ပေးထားသောအဆင့်အားပြန်ဖြုတ်ခြင်းခံခဲ့ရသည်။
ထိုတပ်တွင်တာဝန်ထမ်းဆောင်ရင်းကရင်ပြည်နယ်ရှေ့တန်းစစ်မျက်နှာတစ်ခုတွင်79 လက်နက်ပစ်ခက်မှုခံခဲ့ရသဖြင့်ဘယ်ဖက်လက်တစ်ဖက်မှာကျိုးကြေနေလေပြီ။ကျဉ်ဆံအစများပင်ကျန်နေသေးကြောင်းဦးအောင်မြိုင်ကဆိုသည်။မှောင်ခိုလမ်းအားလုံခြုံရေးပေးမည့်တာဝန်ကျဝန်ထမ်းငါးဦးအားသူ့တပည့်နှစ်ဦးနှင်အတူလိုက်ပို့ရာမှ79 လက်နက်ကျကာယခုလိုဖြစ်ခဲ့ရခြင်းဖြစ်သည်။
ကျဉ်ဆံမှာဦးခေါင်းတည့်တည့်သို့ကျလာသော်လည်းခေါင်းပေါ်ရှိချုံပင်များကြောင့်သာဦးအောင်မြိုင်အသက်မသေခဲ့ခြင်းဖြစ်သည်။သို့သော်လည်းသူလိုက်ပို့သူငါးဦးလုံးသေနက်ထိမှန်ကာယင်းနေရာတွင်ပင်သေဆုံးခဲ့ရသည်။ခေါင်းတစ်ခေါင်းလုံးသွေးများကြောင့်ပတ်ဝန်းကျင်အားမမြင်နိုင်တော့သည့်ဦးအောင်မြိုင်ကိုကျန်တပည့်နှစ်ဦးကခေါ်ထုတ်သွားရသည်။
ထို့နောက်နောက်တန်းတပ်ရင်းခလရ၇၅သို့ပြန်ရောက်လာကာနှစ်နှစ်ထိဆေးကုသရသည်။“ ပြည်မှာလိုင်းစစ်သဘောမျိုးနဲ့ပြတယ်။ထုတ်မပေးဘူး။လက်ကဟာလည်းကိုယ့်ကိုစွဲထုတ်ရတယ်။ဒီမှာတစကျန်ခဲ့သေးတယ်။ဒီမှာခေါင်းသူဟာသူထွက်လာပြီးမှစွဲထုတ်တာ။အစတစ်စကျန်သေးတယ်။သူကတစ်ခုပြီးမှတစ်ခုလုပ်မှာ” ဟုသူ့လက်နှင့်ဦးခေါင်းကိုကိုင်ကာကျဉ်ဆန်စများသူကိုယ်တိုင်ထုတ်ခဲ့ရမှုကိုပြောပြသည်။
လက်တစ်ဖက် မသန်စွမ်းဖြစ်သွားသဖြင့်နောက်တန်းတွင်ဟိုလုပ်ခိုင်း၊ဒီလုပ်ခိုင်းမှုများအားဦးအောင်မြိုင်မနှစ်သက်တော့။သူကရှေ့တန်းသာလိုက်ချင်ခဲ့သည့်စစ်သားဟောင်းကြီးတစ်ဦးပေ။ထို့ကြောင့်ဆေးဘုတ်ယူကာ၁၉၈၆ခုနှစ်တွင်တပ်ကထွက်ခဲ့သည်။“Gunshot နဲ့နောက်တန်းမှာနှစ်နှစ်လောက်နေခဲ့တယ်။မနေချင်ဘူးတဲ့။RP (တပ်ရဲ) လုပ်ရတယ်။ကင်းစောင့်ရတယ်တဲ့။ငါ့ကရှေ့တန်းသွားချင်တာတဲ့။အဲ့တော့ဆေးဘုတ်ယူပြီးတော့ထွက်တော့မယ်တဲ့” ဟုရှေ့တန်းမလိုက်ရ၍ငြီးငွေ့လာသောစစ်သားဟောင်းကြီး၏ခံစားချက်ကိုသူ့ဇနီးဒေါ်ခင်မြင့်ကပြောပြသည်။
တပ်မတော်ထဲတွင်၁၂နှစ်တာတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်းသားသမီးလေးဦးလုံးသေဆုံးခဲ့ရသည်။ဒုတိယသားမှာအသက်၂၀တွင်ဆုံးသည်။တတိယသမီးမှာရှစ်နှစ်တွင်ဆုံးသည်။လေးယောက်မြောက်သမီးမှာအသက်သုံးနှစ်တွင်ဆုံးသည်။အငယ်ဆုံးသားလေးမှာခုနှစ်နှစ်တွင်ဆုံးခဲ့ရသည်။“ နင်သေရမှာနင်ကလူမိုက်ကြီး။ငါ့သားလေးမှသေတယ်။ငါ့လက်မောင်းတစ်ဖက်ပြုတ်တယ်” ဒေါ်ခင်မြင့်ကသားလက်သေဆုံးခဲ့ချိန်ကသူ့ယောင်္ကျားအားပြောသောစကားအားပြန်ပြောပြသည်။
တပ်ကထွက်ပြီးလှည်းကူးမြို့နယ်၊မင်းကုန်းအမှတ်(၂)ရှိမိဘများဆီသို့ပြန်လာကာယောက်ခမအိမ်တွင်နေထိုင်ခဲ့သည်။ထိုအချိန်ကဝါးတောင်သစ်စခန်းတွင်ဝါးခုတ်၊သစ်ခုတ်အလုပ်များပေါသဖြင့်ထိုနေရာသို့တက်ကာဈေးရောင်းရန်စီစဉ်သည်။ယောက်ခမကသူ၏လက်တစ်ဖက်မကောင်းသဖြင့်သဘောမတူခဲ့ပါ။၁၉၉၀ခုနှစ်လောက်မှသာယင်းစခန်းသို့ဈေးရောင်းရန်လင်မယားနှစ်ယောက်ရောက်လာကြသည်။
လှည်းနဲ့မုန့်၊ပဲ၊သရေစာ၊အရက်လာရောင်းတယ်။နားတာပြုတာနဲ့ဆိုဒီကိုညနေမှရောက်တယ်။မနက်ပိုင်းထွက်လာတော့လမ်းမှာတစ်ဝတ်နားတယ်။ဒီကို၄နာရီ၅နာရီလောက်ရောက်တယ်။ကျားခြေယာကို။အခုတော့ရေမြုပ်သွားပြီ”ဟုမဟူရာဆည်ထဲတွင်လင်မယားနှစ်ယောက်ဈေးလာရောင်းချမှုကိုရှင်းပြသည်။လက်ရှိဆည်ဖို့လိုက်သည့်အတွက်ထိုနေရာများမှာရေဖုံးလွှမ်းလျက်ရှိနေပါပြီ။
ဈေးရောင်းရသည်မှာလည်းသူတို့လင်မယားအတွက်ထူးမရှားလှ။“ မစုမိဘူး(ရယ်လျက်) ရောင်းလိုက်ဈေးပြန်ဝယ်လိုက်။စားလိုက်ပေါ့။မိုးကျစဆိုလုပ်ငန်းဘာမှမရှိဘူး။ထိုင်စားဖြစ်တာပေါ့။တစ်နွေလုံးရောင်းပြီးမှလေး၊ငါးသောင်းရတယ်(၁၉၉၂ကငွေ)။ငါကငြိမ်ငြိမ်မှမနေဘဲ။အခုလိုမျိုး” ဟုဒေါ်ခင်မြင့်ကပြောပြသည်။
ထိုအချိန်ကဦးအောင်မြိုင်နှင့်ဒေါ်ခင်မြင့်တို့တွင်အကြီးဆုံးသမီးတစ်ယောက်သာရှိတော့သည်။သမီးကြီးမှာလည်းအငယ်ကတင်ပါးရှိအနားများကြောင့်လမ်းမလျှောက်နိုင်သည်အထိဖြစ်ခဲ့ဖူးသည်။ဝီးချဲဖြင့်ရှင်သန်ခဲ့ရပြီးနောက်မိတ္ထီလာဆေးရုံတွင်ကုသရာမှလမ်းပြန်လျှောက်လာနိုင်လာသည်။သို့သော်လည်းယခင်လိုခြေထောက်မျိုးမဟုတ်တော့။တစ်ဖက်နိမ့်၊တစ်ဖက်မြင့်ခြေထောက်ဖြင့်လမ်းလျှောက်ရသောဘဝဖြစ်သွားရသည်။
စစ်သားဟောင်းကြီးဦးအောင်မြိုင်တို့လင်မယားနှစ်ယောက်မှာဝါးတောင်းစခန်းနှင့်ကျောက်စောင်းအိုင်ရှိနေအိမ်အချို့အားကူညီပေးရင်းပေးကမ်းသောစားစရာလေးများဖြင့်ခက်ခဲစွာရပ်တည်နေရသည်။“ သွားလုပ်ပေးရင်တော့ဆန်လေးပေးလိုက်၊ဆီလေးပေးလိုက်အဲ့လိုတော့စားရပါတယ်” ဟုဆိုသည်။စစ်သားဟောင်းကြီးမှာတစ်ခါတရံအနီးအနားရှိမဟူရာဆည်တွင်ငါးရှာစားသလိုဝါးတောတွင်လည်းဂိုင်းထောင်ပြီးတောကောင်များရှာကာလင်မယာနှစ်ယောက်ဝမ်းရေအားဖြည့်နေရသည်။
လူသူတိတ်ဆိတ်နေသောဝါးတောင်ပတ်ပတ်လည်းတွင်နေရသည်ကနားအေးလှကြောင်းစစ်သားဟောင်းကြီးဦးအောင်မြိုင်ကဆိုသည်။အနီးရှိဝါးတောင်တောကကျောင်းလေးကဦးအောင်မြိုင်တို့လင်မယားနှစ်ဦးအတွက်အေးချမ်းရာနေရာလေးဖြစ်လာရသည်။စစ်သားဟောင်းကြီးကပေါင်ထားရသောပင်စင်စာအုပ်နှင့်ပတ်သက်ပြီးယခုလိုပြောပြသည်။
“ ပြေလည်ရင်တော့ရွေးချင်တာပေါ့။ပင်စင်လေးရှိတယ်ဆိုရင်ဒီမိသားစုသုံးယောက်အကြွေးမရှိတော့ဘူးပေါ့။သိပ်အခက်အခဲဖြစ်ရင်တစ်လတစ်ကြိမ်သွားထုတ်အုံး။ဒါလေးနဲ့မှေးစား။နောက်ဆုံးသူ့ဟာသူအဆင်ပြေသွားရင်တော့သုံးလတစ်ကြိမ်သွားထုတ်ပိုအဆင်ပြေတာပေါ့လေ” ဟုလေသံတိုးတိုးလေးဖြင့်ပြောသည်။ပင်စင်စာအုပ်ပြန်ရ၊မရကဦးအောင်မြိုင်အတွက်မသေချာသောအိမ်မက်တစ်ခုပင်မဟုတ်ပါလား။source ; Mizzima
Unicode

“ ပြေလည်ရင်တော့ရွေးချင်တာပေါ့။ပင်စင်လေးရှိတယ်ဆိုရင်ဒီမိသားစုသုံးယောက်အကြွေးမရှိတော့ဘူးပေါ့။သိပ်အခက်အခဲဖြစ်ရင်တစ်လတစ်ကြိမ်သွားထုတ်အုံး။ဒါလေးနဲ့မှေးစား။နောက်ဆုံးသူ့ဟာသူအဆင်ပြေသွားရင်တော့သုံးလတစ်ကြိမ်သွားထုတ်ပိုအဆင်ပြေတာပေါ့လေ” ဟုလေသံတိုးတိုးလေးဖြင့်ပြောသည်။ပင်စင်စာအုပ်ပြန်ရ၊မရကဦးအောင်မြိုင်အတွက်မသေချာသောအိမ်မက်တစ်ခုပင်မဟုတ်ပါလား။source ; Mizzma