Love

ဒီလိုအကျင့်တွေရှိရင် အပျိုကြီး၊ လူပျိုကြီး ဖြစ်ဖို့ သေချာပြီ

ကိုယ့်ဘဝအတွက် အကောင်းဆုံး အဖော်မွန် ဖြစ်လာမယ့် တဈစုံ တစ်ယောကျကို ကိုယ့်ဘဝထဲ ဝင်လာနိုင်ဖို့ အခုပဲ လမ်းဖွင့်ပေးလိုက်ရအောင်နော်

Single လေးတို့ရေ ကိုယ့်ကို ချစ်တဲ့သူ ကိုယ်ကချစ်နေရတဲ့သူနဲ့ ပျော်ဖို့ကောင်းတဲ့ ဘဝတစ်ခုကို ဖန်တီးရတာ ပျော်ဖို့ကောင်းတယ် မဟုတ်လား။

ကိုယ့်ရဲ့ အနောက်မှာ ထောက်ကန်ပေးထားမယ့်သူ ကိုယ့်ရဲ့ ဘေးမှာ ဖေးမပေးထားမယ့်သူ မရှိတဲ့

တစ်ယောက်တည်း ဘဝဟာ အမှီအခိုကင်းမဲ့တဲ့ ဘဝမို့ စိတ်ကျေနပ်စရာပါလို့ ထင်ရနိုင်ပေမယ့်လည်းအဖော်မဲ့တဲ့

ဘဝတစ်ခုမို့ ဘဝရဲ့ ပျော်ရွှင်စရာတွေကို အပြည့်အဝ မခံစားရနိုင်ပါဘူး။

ဒါပေမယ့်လည်း တစ်ချို့အမူအကျင့်တွေကြောင့် ဘဝမှာ လက်တွဲဖော်ရှာမရဘဲ တစ်ကိုယ်တည်း ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် Marry ရဲ့ Single လေးတို့ရော ဒီလို အမူအကျင့်တွေ ရှိနေမလား စိုးရိမ်မိပါတယ်။

ဒီတော့ အပျိုကြီး လူပျိုကြီး ဖြစ်စေမယ့် အချက်တွေ ကိုယ့်ဆီမှာ ရှိနေမလား ဆန်းစစ်ကြည့်ရအောင်။

အမြဲတမ်း အလုပ်တွေများနေတယ်

အလုပ်ကိစ္စရယ်မှ မဟုတ်ဘဲ ဘာတွေမှန်းမသိ လုပ်စရာတွေ များနေတတ်ပါတယ်။

တစ်ယောက်တည်းကို လုပ်စရာတွေ များနေတာပါ။ အားလားဆိုတော့ မအားဘူး၊ ဘာလုပ်နေလဲ ပြောပြဖို့ကလည်း ခက်တယ်။

မအားတာကတော့ သေချာတယ် ဆိုတဲ့ သူအများစုက သေချာတယ် Single တွေပါပဲ။

သူတို့က တခြားလူတွေနဲ့ တကူးတက တွေ့ဆုံ စကားပြောဖို့အတွက် ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးဖို့လည်း ဝန်လေးတတ်ကြပါတယ်။

ကိုယ်တိုင်ပဲ ဆုံးဖြတ်တယ် ဆိုရင် တစ်ကိုယ်တည်း သမားဆိုတာ သေချာပါပြီ

အမှီအခိုကင်းတဲ့ဘဝကို ကြိုက်တယ်

သိပ်ချစ်ကြတဲ့ စုံတြဲ လေးတွေကို မြင်ရင် အားကျတဲ့ စိတ်လေးတော့ ရှိပါရဲ့ လမ်းလျှောက်ရင်တောင်

တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လျှောက်ရတာကို ကြိုက်တယ် ဆိုတဲ့ လူမျိုးပေါ့။

ချစ်စိတ်ခင်စိတ် ကုန်ခမ်းနေတာမျိုး မဟုတ်ပေမယ့် အမှီအခိုကင်းတဲ့ ဘဝကို ကြိုက်တဲ့ စတိုင်မျိုးပါ။

တစ်ခုခုကို ဆုံးဖြတ်ဖို့ တစ်စုံတစ်ယောက်နဲ့ ညှိနှိုင်းနေစရာ မလိုဘဲ ကိုယ်တိုင်ဆုံးဖြတ်ရတာကိုပဲ ကြိုက်တယ်၊

ကိုယ်တိုင်ပဲ ဆုံးဖြတ် တယ် ဆိုရင် တစ်ကိုယ်တည်း သမားဆိုတာ သေချာပါပြီ။

သူ့အကြောင်း စဉ်းစားနေတာ မရပ်နိုင်ဘူး

သူဆိုတာ ကိုယ်နဲ့ လက်တွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ တစ် စုံတစ်ယောက်ပေါ့။

ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်ချစ်ဦး၊ ကိုယ်ချစ်နေမှန်းတောင် မသိတဲ့ အဝေးကြီးကလူ ၊

နီးနီးလေး ရှိနေပေမယ့် ကိုယ်မချစ်သင့်တဲ့သူ အစရှိသဖြင့် ကိုယ်နဲ့ လက်တွဲဖို့ လုံးဝမဖြစ်နိုင်တဲ့

တစ် စုံတစ်ယောက် ကို ကိုယ့်စိတ်ထဲက မထုတ်နိုင်ဘူးဆိုရင် ချစ်သူအဖြစ် ဘယ်သူ့ကိုမှ လက် ခံနိုင်တော့မှာ မဟုတ်ပါဘူး။

Single လေးတို့မှာ ဒီအမူအကငြ့်တွေရှိနေရင် အခုချက်ချင်းပဲ အမြန်ပြောင်းလဲလိုက်လို့ ကိုယ့်ဘဝအတွက်

အကောင်းဆုံး အဖော်မွန် ဖြစ်လာမယ့် တစ်စုံ တစ်ယောက် ကို ကိုယ့်ဘဝထဲ ဝင်လာနိုင်ဖို့ လမ်းဖှင့်ပေးလိုက်ရအောင်

ခရက်ဒစ်

Unicode