ကိုယ်နဲ့ နဖူးစာ ပါ၊ မပါ တွက်ကြည့်လို့ရတဲ့နည်း
မိန်းကလေး ပဲ ဖြစ်ဖြစ် ၊ ယောက်ျားလေး ပဲ ဖြစ်ဖြစ် ..ကိုယ်နဲ့ နဖူးစာ ပါ၊ မပါ တွက်ကြည့်လို့ရပါတယ်။
ဒီနည်းလမ်းလေး ဟာ နာမည်ကျော် ဗေဒင် ဆရာ စံဇာဏီဘို ရဲ့ တွက်ချက်နည်း ၊
နည်းလမ်းလေး နဲ့ အကျိုးဆက်ကို ရယူထားတာ ဖြစ်ပါတယ်။
သူ ရဲ့ မွေးနေ့သက္ကရာဇ်အားလုံးပေါင်းကြည့် ၊နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးက အဖြေဖြစ်ပါတယ်။
ဥပမာ…..သင်က 23.4.1991
သင့်ချစ်သူက 14.7.1992
သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
23 + 4 + 1991 + 14 + 7 + 1992 =4031
မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
4 + 0 + 3 + 1 = 8
.
အဖြေက 8 ပေါ့
အဖြေ (၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့
ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။
သင်နဲ့အ တူနေတဲ့အချိန်မှာ သူဟာပျော်ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ် တယ်။
ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ ပဲဖြစ်တယ်။
ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ မျောက်တစ်ကောင် သစ်ပင်ပေါ်ကြ ပုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။
နောင် Bus ကားအသစ်ဟာသူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါ တည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို
သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာလဲဆိုပြီး ခေါင်းပြန်ေ စာင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။
အဖြေ (၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။
အကျ င့်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက် ကလည်း
အလျှော့ပေးမှာမဟုတ်ဘူး။ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။
တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။
သူက သင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့ ထားပေးလိုက်ကြပေါ့နော့
အဖြေ (၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။
သင်တို့နှစ်ယောက် ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။
အကျင့်၊ အကြိုက်၊ညစ်ပတ်ခြင်း ၊ ပေါခြင်း၊ အရူးထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို
ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။
ကြည့်လိုက်တာနဲ့နှလုံးသားထြိ မင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခုတော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊
သင့်အတွက်သူ ဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ် ။
နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာမရှိတဲ့ ပေါရွှတ်ရွှတ်လူထက် ပိုပြီးကောင်းမှာ
မဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့ရင် နှောင်းချင်လည်းနှောင်း သွားမှာပေါ့။
အဖြေ (၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊
ဘဝကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ် လို့ ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်။
ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်း မရောက်ဖြစ်နေတာေ ပါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်း ဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအေ ကာင်းဆုံးပဲလေ။
မဟုတ်ရင်တော့ သင်တို့ထဲကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။
အဖြေ (၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းေ တွလိုက်ရင်းအသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။
သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ကတစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။
သင်တို့နှစ်ယောက်က ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။အသက်ပေးပြီးချစ်ကြတဲ့ သူတွေအဆင့် ရောက်နေကြပါပြီ။
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့….။
အဖြေ (၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ ဘာလို့လဲဆိုတော့
သင်တို့အ ချစ်ရဲ့ချိုမြိန်ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။
ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။
သင်ဟာ သင့်ချစ်သူနဲ့ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။
သို့ပေ မယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့ သူ့ပြဿနာ တစ်ခုခုရှိပြီး
သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိသလိုနေမှာအသေအချာပဲ။
သင်ဟာသူ့ရဲ့ေ နာက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ်
ပြီးတော့ သူ့ရဲ့ခိုင်မာမှု နဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ.
အဖြေ (၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။
အနိမ့်စား လူ တစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်း ဆန်စိတ်၊ကိုယ့်ကိုယ်ကိုအထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူး အတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ။ပွေလည်းပွေတယ်။
ကပ်စေးလည်းနဲတယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစား လာဖြစ်တာကလည်း
အထွေအထူးမဟုတ်ပါဘူး။super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။
သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်းလေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။
ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ၊
ဒါကြောင့် သူ့ရဲ့ေ နာက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။
အဖြေ (၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာ
ကြာပြီး အားလုံးနေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။
ဒါကြောင့် အတူနေတဲ့အချိန်ဆို စိတ်ချမ်းသာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ
မရှိတဲ့ ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှုမရှိတဲ့အချစ်ဖြစ်နေပါတယ်။
ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်က
တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ …
သူ့အပြင်သင့်အပေါ်မှာေ နာက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ…
အဖြေ (၉) ရတဲ့သူက အားရိုးရိုး…သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊
ကောင်း ကင်နဲ့မြေကြီး၊သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။
ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေ
ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။
သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲ တာကလည်း
ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်။
သင်တို့နှစ်ဦးဟာအလွန်ြ ခားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း သူငယ်ချင်းေ ကာင်းတွေဆက်ဖြစ်ဦးမှာပါ။
အပေါ်မှာ တွက်ချက်တဲ့ ပုံစံအတိုင်းဆိုရင် နံပါတ် ၈ ဂဏန်း ရဲ့ အကျိုးဆက်ကို ကြည့်ရှုလိုက်ရုံပါပဲ ..။lwinpyin