” ဘယ်ဟာယူသွားကြမှာလဲ ”
မကောင်းတာလုပ်တဲ့သူတွေက
ကြီးပွားချမ်းသာနေပြီး
ကောင်းတာလုပ်တဲ့သူတွေက
ဆင်းရဲမွဲတေနေကြလို့
ကံတွေအပေါ် လွဲမှားတဲ့သံသယ မဖြစ်မိကြပါစေနဲ့..
ခိုး၍ ချမ်းသာနေတာက အတိတ်ကံပါ..
ခိုးနေတာက ပစ္စု ပ္ပန်ကံပါ..
သူများခိုးတိုင်း မခိုးနဲ့..
သူများလိမ်တိုင်း မလိမ်နဲ့..
#ကျွတ်တမ်းဝင်နိုင်တဲ့ ခင်ဗျားတို့ကံတွေ
အဟောသိကံ ဖြစ်ကုန်မယ်..
အနေတတ်မှ အသေမြတ်မှာ
အနေမှန်မှ အသေမှန်မှာ
အနေဖြောင့်မှ အသေဖြောင့်မှာ
နေရေးမှန်နေရင် ဟိုအသေ ပူစရာကို မလိုဘူး..
အဲဒီတော့ နေရေးနဲ့ သေရေး
ဘယ်အရာ ပိုအရေးကြီးလဲ?..
ဘယ်လောက်ချမ်းသာသူဖြစ်ဖြစ်
တစ်ဝမ်းဝရုံအပြင် ပိုမစားနိုင်ဘူး..
ဘယ်လောက်ပင် နေစရာ တိုက်တာတွေပေါပေါ
ကျောတစ်ခင်းစာအပြင် ပိုမအိပ်နိုင်ဘူး..
ရှိထားသမျှ စည်းစိမ်တွေ ဘယ်လောက်ပဲပေါပေါ
အကုန်လုံး ကိုယ်သုံးပိုင်ခွင့် မရသလို
သေရင်လည်း ကိုယ့်နောက်ပါသွားမှာ မဟုတ်ဘူး..
ဒီနေ့ အဆင်ပြေနေပေမယ့်
မနက်ဖြန် ပျက်စီးသွားနိုင်တာကို မမေ့ကြပါနဲ့..
ဘာမှ မမြဲဘူး..
ဘာမှ တကယ်မပိုင်ဘူး..
လောကမှာ အရေးကြီးဆုံးအလုပ်က
စစ်မှန်တဲ့ တရားအဆုံးအမတွေကို
သိအောင်လုပ်ရမယ့် အလုပ်ပဲ..
စေတနာ အဆင့်အတန်းမြင့်ရင်
ဘဝအဆင့်အတန်း မြင့်မယ်..
စေတနာ အဆင့်အတန်းယုတ်ညံ့ရင်
ဘဝအဆင့်အတန်း ယုတ်ညံ့မယ်..
ဘယ်လောက်ပဲ ဆင်းရဲရဲ ဘယ်လောက်ပဲမွဲမွဲ
စေတနာ မယုတ်ညံ့ရင် ဘဝက မယုတ်ညံ့ပါဘူး..
ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ်
စေတနာအရင်းခံပြီးသာ လုပ်
ငြိမ်းအေးတဲ့ဓမ္မ ကိန်းနေမှ
ငြိမ်းအေးတဲ့ဘဝကို ရမှာပါ..
ခင်ဗျားတို့နောက် တကယ်ပါသွားမှာက
ခု ခင်ဗျားတို့ လုပ်နေတဲ့
ကုသိုလ်နဲ့ အကုသိုလ်ပဲ..
ဒယ်အိုးတော့ ဘယ်သူမှကို ပြန်မသွားချင်တာ
#အပါယ်ကျမယ့်အလုပ်တော့ မစွန့်ချင်ကြဘူး..
ကဲ ဒီလိုနေလို့ ရမလား..
ဒီတော့ ခင်ဗျားတို့ ဘယ်ဟာကို ယူသွားကြမှာလဲ..
ဘာယူသွားသင့်လည်းဆိုတာ
ခုကတည်းက ဆုံးဖြတ်ပြီး
လုပ်သင့်တာကို လုပ်ကြပါတော့….။
#ဒယ်အိုးဆရာတော်ဦးသုမင်္ဂလ
🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏
#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏 🙏 🙏 🙏 🙏🙏