အိုလာရင်သားသမီးတွေပယ်တာခံရတာပါပဲဆိုတဲ့
အသက်၇၇နှစ်အရွယ် ဆိုက်ကားဆရာအဘိုးအိုရဲ့အဖြစ်ကျနော်ကားပေါ်ကဆင်းဆင်းချင်ပဲဆိုက်ကားဆရာတချို့ရောက်လာတယ်။သန်မြန်တဲ့လူတွေမို့အတင်တိုးဝှေ့ပြီးသူ့ထက်ငါဦးအောင်မေးကြတယ် အကိုဘယ်သွားမှာလဲဘယ်ပို့ပေးရမလဲပေါ့။
ကျနော့်မှာလဲပစ္စည်းကများများစားစားသယ်စရာပါမလာတော့ ကျနော်ဆိုက်ကားမငှားတော့ဘူးအကိုတို့လို့ပြောလိုက်တယ်ကိုလဲမြို့သားမဟုတ်တော့တော်ယုံအထုပ်နဲ့တော်ယုံခရီဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်။
အဲ့လိုနဲ့ဆိုက်ကားဆရာတွေလူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ် ငါ့တူလေးဘယ်ကိုသွားမှာလဲဦးလေးဆိုက်ကနဲ့လိုက်ပို့ပါရစေတဲ့ မေးလိုက်တဲ့ပုံကလဲတခြားဆိုက်ကားဆရာတွေနဲ့မတူဘူးဗျတခြားဆိုက်ကားဆရာတွေဆို ဆိုက်ကားခေါ်မလားဘာညာမေးတယ် အခုအဖိုးအိုကတော့ ဦးလေးဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့။ကျနော်လဲဘာမှစဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါဥိးလေးဆိုပြီးပြောလိုက်တယ်
တခြားဆိုက်ကားဆရာတွေကတောင်နောက်ကတီးတိုဝေဖန်သံကြားလိုက်မိပါတယ် ဒီကောင်အရူးစိတ်မမှန်ဘူးဆိုပဲ အဲ့လိုနဲ့ကျနော်တို့ဆိုက်ကားနဲ့ထွက်လာကြရင်း ကျနော်ကနဲနဲစပ်စုကြည့်တယ်။
ဦးလေး ဦးလေးမှာသားသမီးမရှိဘူးလားဆိုတော့ရှိတာပေါ့ငါ့တူရယ် အကြီးကောင်ကရဲထဲမှာဒုရဲအုပ် အလတ်မကကျောင်းအုပ်ဆရာမ အငယ်ဆုံးသားကတော့ မှန်လုံကားမောင်းတယ် တဲ့ဦးလေးနဲ့အတူနေကြတာလား ဆိုတော့မဟုတ်ပါဘူးသူတို့အိမ်ထောင်တွေနဲ့ပါ
သူတို့ကတာဝန်ကျရာနယ်တွေမှာပါ တဲ့ဒါဆိုဦးလေးတို့အဖိုးအဖွား၂ယောက်ထဲနေတာပေါ့နော် ဆိုတော့မဟုတ်ပါဘူးဦးလေးတယောက်ထဲနေတာပါ
ဦးလေးမိန်းမကဆုံးသွားပြီ တဲ့ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ်နေချင်တာပေါ့ငါ့တူရယ်နေလဲနေပြီးပါပြီ
မိဘတွေအိုလာရင်သားသမီးတွေကပယ်ထားကြတာတစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့ကျနော်အရမ်းစိတ်မကောင်းဖြစ်သွားတယ်ရင်ထဲမှာဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှမနဲအသံထွက်မေးလိုက်ရတယ်။
ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ် မယုံနိုင်သလိုအံ့သြတဲ့အကြည့်တွေနဲ့ကျနော်ကိုပြောတယ် ၅၀၀ ပဲကျတာလေငါ့တူတဲ့။
ဟုတ်ပါတယ်ကျန်တဲ့ပိုက်ဆံကဦးလေးကိုကျနော်ကန်တော့တာပါဆိုတော့တုန်တုန်ယင်ယင်လက်တွေနဲ့လှမ်းယူလိုက်တယ် ဆုတွေလဲမဆုံးနိုင်အောင်ပေးနေပါတော့တယ်
။နောက်ထပ် ၅ လလောက်ရှိလို့ကျနော်အဲ့ဒီဆိုက်ကားဂိတ်ကိုပြန်ရောက်တော့ ဒီဂိတ်ကဆိုက်ကားဆရာဦးလေးကြီးရောလို့အနားကကွမ်းယာဆိုင်ကိုမေးကြည့်တဲ့အခါအခုဆောင်းအဝင်လွန်ခဲ့တဲ့တလကပဲသူ့ရဲ့တဲအိမ်လေးထဲမှာတယောက်ထဲဆုံးသွားပြီး၃ရက်လောက်နေမှရပ်ကွက်ကသိတယ်တဲ့နောင်ဘဝတွေမှာအခုလိုအဖြစ်မျိုးနဲ့မကြုံပါစေနဲ့ဦးလေးရယ်လို့ ဆုတောင်းပေးရုံကလွဲပြီးကျနော်ဘာများတတ်နိုင်တော့မှာလဲဗျာ။
ဘယ်သူမှအပြစ်မတင်လိုပါဘဝကံကြွေးကိုခုရွယ်ထိပေးဆပ်နေရတဲ့အသက်(၇၇)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့အဖိုးအိုတယောက်ဝမ်းစာရေးကိုပင်ပမ်းကြီး စွာလုပ်ကိုင်နေရတာတွေ့လို့တတ်နိုင်သလောက် လေးအကူညီပေးခဲ့မိပါတယ်။သံဝေဂ ရစရာပါ မိဘတယောက်ဟာသားသမီးများစွာကိုပြုစုလုပ်ကြွေးနိုင်ပေမဲ့သားသမီးတစုဟာ အတုံ့အလှည့်မပြန်နိုင်ကြတာကအင်မတန်ကိုဘဲဝမ်းနည်းစရာတခုပါ သူ့ကံနဲ့သူတော့မှန်ပါတယ်။
တန်ဖိုးလလွန်ကြီးမားတဲ့မိဘနှစ်ပါးကိုတော့မသေ ခင်တတ်နိုင်သလောက် ကိုယ်အငါတ်ခံပြီးပြုစု လုပ်ကြွေးကာမိဘကျေးဇူးတရားတွေကိုဆပ်ပေးကြပါလို့ လူငယ်များစွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျာ
zaw win maung
Unicode