Local News

တရုတ်မှာ ကျင်းပတဲ့ ဘိလိယက်ပြိုင်ပွဲမှာ မြန်မာကစားသမားဖုန်းမြင့်ကျော် ချန်ပီယံဆု ဆွတ်ခူး

ဇန်နဝါရီလ ၁၉ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ ကွန်ရှန်မြို့ ၌ ကျင်းပသည့် ယုလိဟွိုင်းကလပ် အဖွင့်ချန်ပီယံဆုကို မြန်မာ့ကိုးလုံးနှင့်ရှစ်လုံးပရော်ဖက်ရှင်နယ် ကစားသမားကို ဖုန်းမြင့်ကျော်(အားတီ)အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဗိုလ် လုပှဲတွင် ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ကိုဖုန်းမြင့်ကျော် က တရုတ်ကစားသမား Guo Jian Wu ကို (၁၁-၉) ဖြင့် အနိုင်ယူပြီး ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကိုဖုန်းမြင့်ကျော်က “ ဖိုင်နယ်မှာ ၁၁:၉နဲ့ကပ် ပီးနိုင်လိုက်ပါတယ် ဒီနေ့ကစားတာ သိပ်မကောင်းဘူး အာရုံစူးစိုက်လို့မရဘူးဖြစ်နေတဲ့အချိန်မှာ ဘေးကပရိတ် သတ်ကလည်း အာရုံဖြစ်နောက်ပီးဒီနေ့ခွဲဘောလည်းမဝင်ဘူး လက် ကိးး လည်းမရှိဘူး ။

ဘာဘဲပြောပြော ဘယ်လိုအခြေနေမှာဘဲဖြစ်ဖြစ် အကောင်းဆုံးလုပ်နိုင်ခဲ့လို့ ဒီနေ့ပထမ ရခဲ့တာပါ ဆက်လက်ပြီး ပြင်ဆင်ရမဲ့နေရာတွေကိုလည်းအကောင်းဆုံးကြိုးစားပြင်ဆင်ပါမယ် ခုလိုအား ပေးမူကိုကျေးဇူးအများကြီးတင်ပါတယ်”လို့ လူမှုကွန်ယက်မှ တစ် ဆင့် ပြောကြားထားပါတယ်။

ခရက်ဒစ်

Unicode