နေ့စဉ်ပဌာန်း အရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေအတွက်
ထူးခြားတဲ့ပဌာန်းဆုတောင်း
ပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ..
သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည် ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်။
အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်အား ဆုတောင်းနည်းပါ ။
ပဌာန်းအကျယ်ရွတ်ဖို့အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်။
ကြာသွားရင်အလွတ်ရသွားတော့ အမြဲ အာဂုဏ်စောင့်မိတဲ့အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေမကျရောက်နိုင်ပါဘူး လက်တွေ့ပါ..။
ကောင်းမှုတွေကြောင့်ကောင်းကျိုးမင်္ဂလာတည်ရှိပါစေ ။
၁. ဟေတု ပစ္စယော -အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား
၂. အာရမ္မဏ ပစ္စယော -မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား
၃. အဓိပတိ ပစ္စယော -ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား
၄. အနန္တရ ပစ္စယော -များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား
၅. သမနန္တရ ပစ္စယော -ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား
၆. သဟဇာတ ပစ္စယော -ရုပ် – ရုပ်ခြင်း၊ နာမ် – နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား
၇. အညမည ပစ္စယော -ရုပ်မှနာမ် ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား
၈. နိဿယ ပစ္စယော -ရုပ် နာမ် နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား
၉. ဥပနိဿယ ပစ္စယော -ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား
၁၀. ပုရေဇာတ ပစ္စယော -ရှေ့ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား
၁၁. ပစ္ဆာဇာတ ပစ္စယော -နောက်၌ဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား
၁၂. အာသေဝန ပစ္စယော -လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား
၁၃. ကမ္မ ပစ္စေယော -ကံသုံးပါးကို ထိန်းသိမ်းရပါစေသား
၁၄. ဝိပါက ပစ္စေယော -ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား
၁၅. အာဟာရ ပစ္စယော -လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား
၁၆. က္ကန္ဒြိယ ပစ္စယော -ရုပ် ၊ နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား
၁၇. ဈာန ပစ္စယော -သူတော်ကောင်းတရား ၇ ပါး ၊ ဉာဏ်စဉ် ၅ ပါး တို့နှင့် ပြည့်စုံရပါစေသား
၁၈. မဂ္ဂ ပစ္စယော -ဘာဝနာတရား ၂ ပါး အပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား
၁၉. သမ္ပယုတ္တ ပစ္စေယော – သူတော်ကောင်းတို့နှင့်ပေါင်း၍ ၇ ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား
၂၀. ဝိပ္ပယုတ္တ ပစ္စယော- သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား
၂၁. အတ္ထိ ပစ္စယော- သမုတိနယ်၏အသိကို ဟုတ်မှန်စွာ သိရပါစေသား
၂၂. နတ္ထိ ပစ္စယော – ပရမတ္တ မရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား
၂၃. ဝိဂတပစ္စယော – ရှေ့၌ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား
၂၄. အဝိဂတ ပစ္စယော – နောင်ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား
ပဌာန်းအကျယ်အဓိပ္ပါယ်နှင့်နေ့စဉ်ရွတ်နိုင်လျှင် အကောင်းဆုံးပါ..။
ဒီဆုတောင်းက ပဌာန်းစာအုပ်လေးတွေရဲ့နောက်ဆုံးတွင် အမြဲပါတဲ့အတွက်ဆုတောင်းရွတ်ဆိုခြင်းသာဖြစ်ပါတယ်..ကိုယ့်အချိန်မရတဲ့နေ့မှာရွတ်ဖတ်ခြင်းအား မျှဝေပေးခြင်းဖြစ်ပါတယ် ။
မြန်မာ နိုင်ငံသူ နိူင်ငံသားအားလုံး
ကျမ ချစ်ခင်ရသူအားလုံး
F/b မှ ကျမ မိတ်ဆွေ သူငယ်ချင်းများအားလုံး….
ကျမ္မာ ပျော်ရွှင် အေးချမ်းသာယာပါစေကြောင်း…
ကျမ စောင့်တည်သော သီလ ဘာဝနာဖြင့်မေတ္တာ ပို့သပါသည်ရှင်. ။
ချစ်ခင် လေးစားလျှက် ။ ။
Credit-နှလုံးသားမှာဘုရားတည်ကြမယ်