Knowledge

အညာမှာ နေရာတိုင်းပေါက်တဲ့ ကန္တာရပင်က ဒီလိုတန်ဖိုးရှိတယ်တဲ့နော်

အညာမှာ နေရာတိုင်းပေါက်တဲ့ ကန္တာရပင်က ဒီလိုတန်ဖိုးရှိတယ်တဲ့နော်

ကန္တာရ ၊ ကန္တာစိမ်းမုံရွာဆိုတာ မြန်မာနိုင်ငံ အ လယ်ပိုင်း အပူပိုင်းဒေသထဲမှာရှိတယ်၊ ပူပြင်းသွေ့ခြောက်သော အရပ်မှာ ပေါက်သော အပင် ၏ diversity က

များများစားစား မရှိ၊ ဒီအပင်တွေထဲမှာ လူတိုင်းသိပြီးသား ကန္တာရအပင်လေးအကြေ ာင်းကို ရေးခြင် မိတယ်၊ ညက အိပ်တာနောက်ကျလို့ ဒီမနက် စက်ဘီးစီးထွက်တာလည်း နောက်ကျတယ်၊၊

တက္ကသိုလ် campus တခုလုံးရဲ့ ၃၀% လောက ဒီအပင်တွေခြည့်သာ လွှမ်းနေတာပါ.၊ ထူးခြား တာက အခုအချိန်က အပွင့်တုံးပြီး အသီးလေးတွေ စသီးနေချိန်လည်းဖြစ်တယ်၊ ဒါပေမည့် တပင်စ ၂ ပင်စ မှာ အပွင့် အဖူးလေးတွေက ရှိနေဆဲပါ၊ ကန္တာရအပင်ဘေး စက်ဘီးကိုထေ ာင်ပြီး အ ပင်ရယ် အပွင့် အသီးပုံတွေ ကို အများကြီးရိုက်ဖြစ်တယ်၊ဒီအပင် အများစုကခြုံပင်အ ကြီးစားဖြစ်သလို တခါတလေကြီးမားလှသော အပင်ကြီး မျိုးဖြစ်နေတတ်ပါတယ်။

အညာမှာ နေရာတိုင်း ပေါက်တယ်၊ ကျောက်စရစ် ကုန်းမြေ ကျပ်တီးမြေ၊ ဖုန်းဆိုးမြေ မြေမရွေး ပေါ က်နိုင်တယ်။ သုတေသ နစာတမ်းများအရ အမြစ်ကရေ ရဖို့ အရေး မြေအောက်အနက် ပေ ၁၀၀ ကျော်ကျော် အထိထိုးဖေါက် နိုင်တယ် လို့ဆိုထားပါတယ်၊ ဝန်ကြီးချုပ် ဦးနု ခတ်က မျိုးစေ့တွေကို လေယာဉ်ပေါ်က ကျဲချလို့ပြန့်ပွားလာတဲ့အပင်လို့ ပါးစပ် စကားဆိုကြတယ်၊ Prosopis juliflora ရဲ့ မူရင်းဒေသက Mexico, South America and the Caribbean တို့ဖြစ် ကြတယ် နောက်ပိုင်းတဖြ ည်းဖြည်း Africa, Asia, Australia အထိပြန့်နှံ့ ထိုးဖေါက်လာပါတော့တယ်၊၊

အခုတော့ အပူပိုင်းဒေသအတော်များများရောက်လို့နေပြီ ။ အပင်ကို လူတိုင်းသိပေမဲ့ ဂရုထား သူ နဲလှပါတယ်၊ အညာက လူတွေ ကလည်း အပင်ကို ထင်းဆိုက်ဖို့ လောက်ဘဲ အသုံးပြုနေကြတာပါ၊ ကန္တာရပင်ဆိုတာ အညာရဲ့ပြယုဒ် တခုဘဆိုလ ည်း မမှားပါဘူး၊ အမည်နဲ့ လိုက်အောင် ကန္တာရထဲမှာ ရှင်သန် နိုင်တယ်၊ များသောအားဖြင့် မြေကနေ အကိုင်းများစွာ ဖြာ ထွက်တတ်တဲ့ ခြုံပင်အကြီးစားမျိုးပါ၊၊
ခုက္ကူ မြိုင်လမ်းမှာ အရမ်းကြီးမားသော ကန္တာရအပင်ကြီး တပင်ကို မြင်ခဲ့ဖူးတယ်။

အရိပ်ကော င်း လွန်း တာမို့ သူ့ကိုမှီပြီး လဘက်ရည်ဆိုင် ဖွင့်ထားတယ်၊မုံရွာ ပခုက္ကူ မကွေး ချောက် မန္တလေး စစ်ကိုင်း တဝိုက် နေရာ အတော်များများ မင်းမူနေ သောအပင်တပင်ပါဘဲ၊ မိတ္ထီလာမြို့ မြောက်ဖက် တပ်ဧရိယာ တဝိုက် တခုလုံး ဒီအပင်တွေဖုံးနေတာကို ပြန်သတိရမိတယ်၊၊

ဖြာထွက်နေသောအကိုင်းမှာ မာကြော လှသော အစိမ်းရောင် ဆူးကြီးများ ရှိတယ်၊ ကန္တာရဆူးက ဆူးမိရင်လည်း မလွယ်လှဖူး၊ ဒီဆူးကြီးတွေက တကယ်တော့ stipules ခေါ်သည့် ရွက်စွယ်များသာဖြစ်တယ်၊

အရွက်များက ၂ ဆင့် ငှက်မွှေး ရွ က်ပေါင်း bipinnately compound leaves တွေပါ၊ ပန်းခိုင်ကတော့ ပုံမှာအတိုင်း ဆလင်ဒါပုံစံ cylindrical spike ဖြစ်ပြီး အောက်ဖက် တွဲလျား ကျနေပါတယ် ၊ အရောင်က စိမ်းဝါရောင် သန်းတယ်။

ပန်းခိုင်ထဲမှာ သေးငယ်သော လိင်စုံပွင့်တွေများစွာပါတယ် April ကနေ September အထိ ပန်းပွင့်ကြတယ် ၊ပွင့်ဖတ်အုံ ( calyx )လေးက သေးငယ် လှပြီး ခွက်ပုံပါ၊ ပွင့်ချပ်အုံ (corolla )က လည်း အဝိုက် ၅ ဝိုက်ပါပြီး campanulate ခွက်ပုံ ဖြ စ်သည်၊ ဝတ်ဆံဖို stamens ၁၀ ခုပါသည် ။ ထင် ရှားပြီးအပြင်ကိုထွက်နေသည်၊ ဒီပန်းကိုမြင်တိုင်း ဆရာ ဦးခင်မောင်တင် ကိုသတိရမိသည် ဆရာက ဝတ်မှုံအိပ် ထိပ်လေး (anthers tip) ကိုကြည့်စမ်း တပည့်ရေ ဘာထူးလဲ? (hand len) လေးဖြင့်ကြည့်ရာ ထိပ်ဖြား မှာ အစိမ်းရောင် (fugacious gland) ဂလင်းလေးကိုမြင်ရပါတယ်၊၊

ဆရာနဲ့ လိုက်ရင်းရခဲ့သော ပညာတခုဖြစ်ပြီး အခုထိလည်းမမေ့သော အချက် တခု ပါဘဲ၊ ကန္တာရအသီးတောင့်က မအက်ကွဲသီးပါ၊ အသားထူပါတယ်၊ မာတောင့်တောင့် အနဲငယ်ကွေးတယ်၊ နဲနဲပြားပါတယ်၊ အစေ့ကတော့ ၁၀ စေ့ ကနေ ၂၅ စေ့အထိ ပါတယ်၊ အတွင်းမှာ pulp တွေပါပါတယ်၊ ကန္တာရ အပင်တွေ မျိုးပွားရာမှာလည်း အသီးများကလည်း အရေးပါတယ် အဲဒီအသီးတွေကို သ တ္တဝါ တွေ ငှက်တွေက စားတယ် အစေ့များက မစင်နဲ့အတူစွန့်ပစ်ရာကနေ အပင်တွေ ပြန့်နှံ့သွားတော့တယ်၊၊

ကန္တာရဆိုတဲ့အပင်ဟာ ကောင်းတဲ့ အချက် တွေရှိသလို ဆိုးတဲ့ အချက် လည်းရှိတယ်၊ သူက သူတပါးပိုင်နက်ကို ကျူးကျော်နယ်ချဲတတ်သောသဘောရှိပါတယ်၊ ပေါကျပှားနုှုနျး မြန်လွန်း လို့ နိုင်ငံအတော်များများမှာ ဘေးအန္တရာယ် ရှိသော ကျူးကျော်ဝင်ရောက်သော အပင်အနေနဲ့ သတ် မှတ်ထားပါတယ်။

အပင်ကိုသေအောင်သတ်ဖို့ ခက်ခဲလှပါတယ်၊ Australia နိုင်ငံ မှာတော့ ဧက ဟက်တာပေါင်း ၈၀၀၀၀၀ နီးပါးဟာ ဒီအပင်တွေနယ်ချဲလာတာမို့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးကို များစွာ ထိ ခိုက်မှုများစွာဖြစ်ခဲရပါတယ်၊ အနိမ့်ပိုင်းအ ကိုင်းအခက်တွေဆူးတွေကြောင့် တော်ရုံသတ္တဝါများ ဖြတ်သန်းဖို့ ခက်လှပါတယ်၊ ဒီအပင်ကြောင့် သ ဘာဝ မြက်ခင်းတွေပျက်စီးရပြီး ရေတိုက်စား ခြ င်းတွေဖြစ်စေပါတယ်၊၊

သဘာဝ ပတ်ဝန်းကျင် အနေအထားများ အပြင် biodiversity များပျက် စီးရပါတယ်၊ ဒီအပင်တွေက ဝက်တွေ တော ကြေ ာင် တွေ အတွက်တော့ န ားခိုစရာ ဖြစ်တယ်၊ဆေးဖက်ဝင်သောအပင်လာ း?အရေပြားရောဂါတွေအတွက် Ethnomedicinal Uses အနေနဲ့ ဒီအပင်ကို သုံးကြတယ်။

ဒါ့အပြင် Scabies, Ringworm, and Abscess ရောဂါများကုသရာမှာလည်းသုံးကြတယ်၊ အရွက်ထုထောင်းပြီး မုန်ညှင်းဆီ mustard oil.ထဲထည့်တယ် ၊ ရလာသော အနှစ်ကိုမှ scabies, ringw o rm, and abscess ရောဂါများ ကုသရာမှာ သုံးကြတယ် ( District Mirpurkhas (Sindh))Constit uents: ပါဝင်ပစ္စည်းများ အမြစ် အခေါက် ထဲမှာ Alkaloids and apigeninbတွေပါတယ်၊ အရွက်ထဲမှာ tyramine and N-methyltyramine ပါတယ် ၊ ဒါတွေက အဓိက stimulant တွေဖြစ်တယ်။

အမြစ်ကနေရသော tea ကို umbilical hernia in children ကုသရာမှာ သုံးတယ်၊ အခါက်အတွင်း သားကို ဆားရည်ထဲမှာ ထည့်ပြုတ်ပြီး အစာမ ကြေရောဂါအတွက်သောက်သုံးနိုင်တယ်။ အပင်ကရသော ကော်စေး Gum ကို ရေမှာဖျော်ပြီး sore throat ကုရာမှာ သုံးနိုင်တယ်။ အရွက်အမှုန့်ကိုရေမှာရောပြီး ရလာသောအရည်ကို ညှစ်ယူပြီး sore eyes မျက်စေ့နာကို ကုနိုင်တယ်၊၊

Mesquite ကို အများအားဖြင့် infections, open wounds, and skin ailments ရောဂါတွေကို ကုကြတယ်။Mesquite ဟာ antibacterial, antifun gal ဂုဏ်သတ္တိလည်းရှိတယ်။အီသီယိုပီးယားလို နိုင်ငံမှာ ၁၉၈၀ လောက် က စိုက်ခဲ့ကြတယ်၊ ပေါ က်ပွားနှုံး မြန်လွန်းတော့ ဒေသခံအပင်တွေကို ချိ န်းခြောက် လာပါတယ်၊ အပင်ရဲ သဘာဝအရ ဒေ သခံ သတ္တဝါတွေအတွက် အစာအဟာရ မထော က် ပံ့နိုင်ပါဘူး၊ တန်ဖိုးရှိတဲ့ မြက်ခင်းတွေကို သူ က တခဏခြင်း ဖုံးလွှမ်းလာတော့တယ် ထင်းအ တွက်အဆင်ပြေသော်လည်း ဒေသခံရွာသားများက devil trees လို့ ခေါ်ပြီး အမြစ်ပြတ်ခြေမှုံးကြရတယ်၊ သီရိလင်္ကာနိုင်ငံမှာလည်းအလားတူပြသနာမျိုးဖြစ်လာတယ် ၊အစကတော့ မြေဆီတိုက်စ ားခြင်းကာကွယ်ဖို့နဲ့အရိပ်ရဖို့ရည်ရွယ်ပြီးစိုက်ခဲ့တယ် နောင်တော့ အပင်တွေက တဖြည်းဖြည်း နယ်ချဲ့ လာတယ် မြက်ခင်းပြင်ကြီးတွေအထိ ထိုးဖေါက်လာတော့တယ်၊ကျနော်တို့ဆီမှာလည်း အလားတူပြသနာ လေးတွေရှိပါတယ် ၊၊

ဒါပေမဲ့ ဒေသခံ များ က ကန္တာရပင်ကနေ နေ့စဉ် လိုအပ်သော လောင်စာ ထင်းကို တနည်းနည်းနဲ့ ထောက်ပံ့ ပေးနေပါသေးတယ်၊ ဘယ်လို အပင်မှ မပေါက်နိုင်သော ကျပ်တီး မြေတွေအပေါ်မှာ သူကရှင်သန်နိုင်လို့ ကောင်းကျိုး အချို့ကတော့ ပေးနေတဲ့ အပင်ပါ၊ အညာနေပူပူကို ကန္တာစိမ်းပင် အ ရိပ်က တွန်းလှန်နိုင်တယ်၊ ကန္တာရ လို လွင်ပြင်ကြီ းတွေကို တခဏအတွင်း စိမ်းလန်းစေနိုင်သောအပင်တပင်တခုဆိုရင်လည်းမမှားပါဘူး။ အပင်တိုင်း ကောင်းသည်မဆိုသာသော်လည်း အကော င်းအဆိုးဒွန်တွဲနေတတ်တာပါ၊ တက္ကသိုလ် နယ် မြေ အတွင်းက စုံတွဲတွေကတော့ အတော် သဘေ ာကျ မည့် အပင်လို့ ဆိုရလေမလားဘဲသက်နိုင်ဦး ၊၊