ကိုယ်၀န်ဆောင်ရင် ကလေးမွေးရမှာထက် ပိုကြောက်တဲ့ အရာတစ်ခုကိုပြောပြလာတဲ့ မြတ်ရတနာကျော်
ချစ်စရာကောင်းတဲ့ ရှမ်းမလေး မြတ်ရတနာကျော် ကတော့ အဆိုတော်လွှမ်းပိုင်ရဲ့ “တစ်ခါကတက္ကသို လ်” သီချင်းမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို ခံခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။
အရုပ်လေးတစ်ရုပ်လို ချစ် စရာကောင်းလွန်းတဲ့ မြတ်ရတနာကျော်က အဆို တော် Ah Boy နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကော င်းတဲ့ သမီးလေး တစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ မြတ်ရတနာကျော်က ကလေးမွေးရမှာထက် ပိုကြောက်တဲ့ အရာတစ်ခုကို ပြောပြလာတာကို တွေ့ရပါတယ်။
မြတ်ရတနာကျော်က “ပထမဗိုက် မွေးခါနီးထိ အလူး အလဲ အန် ,တစ်နေ့လုံး တစ်ညလုံးမူး/အန် အိပ် ရာ နဲ့ အိမ်သာအိုး မျက်နှာအပ်ထားရတယ်။ ဒုတိယဗိုက် ပထမဗိုက်လောက်မဆိုးပေမယ့် တစ်နေ့လုံး မ အီမသာဖြစ် ,မြင်သမျှအန်ချင် ,ပါးစပ် ပျက် ရေ သောက်ရေခါး ဘာစားစာအဆင်မပြေဘူး။
ကလေးမွေးရမှာ ခွဲခန်းထဲဝင်ရမှာ မကြောက်ဘူး။ ဗိုက်ကြီးရင် ဖြစ်တဲ့ the whole day sickness ကိုပဲ တက ယ် တအားကြောက်တယ် September ကိုမြန်မြန်ရောက်ချင်ပြီ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။
မြတ်ရတနာကျော် ကတော့ ကိုယ်ဝန်ဆောင်မိခင် တ စ်ယောက်ပီပီ ကိုယ်လက် မအီမသာဖြစ်တာတွေ၊ ခ န္ဓာကိုယ် ဟော်မုန်းပြောင်းလဲ တာတွေကို ကလေးမွေးရမှာထက် အကြောက်ဆုံးပဲလို့ ပြောလာတာပဲ ဖြစ်ပါတယ်။
မြတ်တစ်ယောက် ဒုတိယမြောက် ရင် သွေးလေးကို အခက်အခဲ မရှိ မွေးဖွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Crd