Knowledge

ကိုယ်စိုက်ပျိုးခဲ့သော အပင် နောင်တစ်ချိန်ကိုယ်ပြန်ရိပ်သိမ်းရမယ်ဆိုတာကို မမေ့ကြပါနဲ့

ကိုယ်ကောင်း ကိုယ်စံပြီး ကိုယ်မကောင်းရင် ကိုယ်ပဲ ပြန်ခံရမယ်

အပ်သွားရာ အပ်ချည်ပါတဲ့ “‘ ကိုယ်ဖောက်တဲ့လမ်း ကိုယ်တိုင်လျှောက်ရမှာဖြစ်သလို

ကိုယ်ကောင်း ကိုယ်စံပြီး ကိုယ်မကောင်းရင် ကိုယ်ပဲ ပြန်ခံရမယ် ။

လောကမှာ အသက်ရှင်ခွင့်ရတယ်ဆိုတာ ခဏတာလေးပါ

တိုတောင်းလွန်းတဲ့ အချိန်လေးမှာ အငြိုးတွေ ဖွဲ့ကြ လက်စားချေကြ မကုန်နိုင်တော့တဲ့ လောဘဒေါသ ဒါကို လောက နိယာမလို့ သတ်မှတ်အုံးမလား ။

ခုခေတ် စာတွေပိုတတ်လာကြတယ်။ ဒါပေမဲ့ ပညာတတ်တဲ့သူရှားလာတယ် ။

ပရဟိတ လုပ်ငန်းတွေ အားတက်သရော လုပ်လာကြတယ်။

ဒါပေမဲ့ အချို့သူတွေမှာ ……??? ကိုယ်ချင်းစာစိတ်တွေ ကင်းလာကြတယ်။

အပြောတွေချိုလာကြတယ် ဒါပေမဲ့ …???

အချို့သော ဆက်ဆံရေးတွေက မာယာတွေနဲ့ ခါးသက်နေကြတယ် ။

အလှူအတန်းတွေ ရက်ရောလာကြတယ် ဒါပေမဲ့ အတ္တတွေကြွယ်ဝလာကြတယ် ။

နုတ်ဖျားထက်မှာ အပြုံးတွေ ဖန်ဆင်းထားတယ် အသက်မပါတဲ့ ဟန်ဆောင်ပြုံးတွေ တွဲခိုနေတတ်ကြတယ် ။

အရာရာဟာ ပွင်းလင်းလာကြတယ်။ဒါပေမဲ့ တဖက်ပိတ်ကျဉ်းမြောင်းတဲ့ အမြင်တွေ ဆုတ်ကိုင်ထားကြပြန်တယ်။

ကိုယ်ကောင်းစားဖို့ သူတစ်ပါးဘဝကို ချမနင်းပါနဲ့။

ကိုယ်ပျော်ရွှင်ဖို့ သူတစ်ပါးကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။

ကိုယ်စိတ်သာယာဖို့ သူတပါးဘဝကို အသုံးမချလိုက်ပါနဲ့။

ပေးဆပ်သူသည် ရယူသူစင်စစ် ဖြစ်ပါတယ်။ လောက၌ တူသောအကျိုးကိုသာ ပြန်ခံစားရပါလိမ့်မယ်။

ကိုယ်စိုက်ပျိုးခဲ့သော အပင် နောင်တစ်ချိန်ကိုယ်ပြန်ရိပ်သိမ်းရမယ်ဆိုတာကို မမေ့ကြပါနဲ့ ။

မပို – ( ထီးလင်း )

Unicode