Local News

အဘှားတစ်ယောက် ရွာလယ်လမ်းမ တစ်လျှောက်မြက်ရှင်းရင် ကုသိုလ်ယူတဲ့ပုံလေးကို ပရိသတ်ကြီးတို့ အတွက် ပြန်လည်မျှဝေ လိုက်ပါတယ်

စိတ်စေတနာကောင်း ဆိုတာ အသက်ငယ်သည် ကြီးသည်မဟူ လူတိုင်းမှာ ထားနိုင်တဲ့ ရှိနိုင်တဲ့ လေးစားဖွယ် ချစ်ခင်ဖွယ် စိတ်လေးပါပဲ..

ဒီလိုပဲ ပရဟိတ အလုပ် ဆိုတာလည်း ငယ်သည် ကြီးသည်မဟူ လူတိုင်းမိမိတတ်နိုင်သလောက် လုပ်နိုင်တဲ့ အလုပ်ပါ
အဲဒီလို အများအကျိုးအတွက် ငယ်သည်ကြီးသည် မဟူ လူတိုင်း လုပ်နိုင်ပါတယ် ဆိုတဲ့အကြောင်းကို သက်သေပြ ခဲ့တာကတော့ အသက် ၁၀၀ ရှိပြီ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက အဘွားတစ်ယောက် ပါပဲ

အဘွားက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာ အနီးက ပါအော့ရွာမှာ နေသူပါ…နာမည်ကတော့ ဒေါ်လှညိုလို့ ခေါ်ပါတယ်
အဲဒီလို အများအကျိုး အတွက် ငယ်သည်ကြီးသည် မဟူ လူတိုင်း လုပ်နိုင်ပါတယ် ဆိုတဲ့အကြောင်းကို သက်သေပြ ခဲ့တာ ကတော့

အသက် ၁၀၀ ရှိပြီ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက အဘွားတစ်ယောက်ပါပဲ…အဘွားက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာ အနီးက ပါအော့ရွာမှာ နေသူပါ…

နာမည်ကတော့ ဒေါ်လှညိုလို့ ခေါ်ပါတယ်…..ဒါပေမဲ့ လူငယ်လူရွယ်တွေ မမြင်မတွေ့ကျော်သွားတဲ့ ပရဟိတ အလုပ်ကို သူလုပ်ပြ ခဲ့ပါတယ် အဲတာကတော့ ရွာလယ်လမ်းမကြီးမှာ ထူထပ်အောင်ပေါက်နေတဲ့ မြက်တွေကိုလမ်းမလျှောက်နိုင်လို့ ထိုင်ရက်နဲ့ပဲ တူရွင်းတချောင်းကိုင်ပြီး ရှင်းပေးခဲ့တာပါ
အလွန်ရှည်တဲ့ ရွာလယ်လမ်းမကြီးကို ထိုင်ရင်းတရွေ့ရွေ့နဲ့ မြက်တွေရှင်းလာတာ လမ်းမတစ်ခုလုံး ပြောင်သလင်းခါ သွားပါတော့ တယ်

ဒီ အသက်အရွယ်နဲ့ နားနားနေနေမနေဘဲ ပရဟိတလုပ်တဲ့ အဘွားရဲ့ စိတ် ဓာတျကတော့ အလွန်ချီးကျူးလေးစားစရာကောင်းသလို လူငယ်တွေအတွက်လည်း အတုယူရမဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်

အဘွားတစ်ယောက် ရွာလယ်လမ်းမ တစ်လျှောက်မြက်ရှင်းရင် ကုသိုလ်ယူတဲ့ပုံလေးကို ပရိသတ်ကြီးတို့ အတွက် ပြန်လည်မျှဝေ လိုက်ပါတယ်….အဘွား သက်တော်ရာကျော်ဒီထက်မက ရှည်ပါစေလို့လည်း ဆုတောင်းပေးခဲ့ ကြပါအုံးနော်…
Credit

Unicode