သင် အသက်သက်တမ်းစေ့ နေလိုပါက ဖတ်ဖြစ်အောင်ဖတ်ပါ
✓အသက် ကို ညဏ်စောင့် ပါတယ် ✓
အောက်ဆီဂျင်ရှိပေမဲ့ သွေးနီဥမရှိလျှင် အောက်ဆီဂျင် မရ။
သွေးနီဥရှိပေမဲ့ဟီမိုဂလိုဘင်မရှိလျှင် အောက်ဆီဂျင် မရ။
ဟီမိုဂလိုဘင်ရှိပေမဲ့သွေးလှည့်ပတ်မှုမရှိလျှင် အောက်ဆီဂျင် မရ။
သွေးလှည့်ပတ်မှုရှိပေမဲ့သွေးကြောပိတ်ဆို့လျှင် အောက်ဆီဂျင် မရ။
သွေးကြောပိတ်လို့ လမ်းသစ်ဖွင့်နိုင်အောင်ကိုယ်ခန္ဓာက ရုန်းကန်သည်ဆိုပေမဲ့အချိန်မမီလျှင် အောက်ဆီဂျင် မရ။
အချိန်မီလောက်သော်လည်းထိုအချိန်ကိုရဖို့ကံမမီလျှင် အောက်ဆီဂျင် မရ။
ကံမီပေမဲ့ ကံရှိနေသေးပေမဲ့သက်တမ်းစေ့နေသော် အောက်ဆီဂျင် မရ။
ကံလည်းရှိ သက်တမ်းလည်းရှိနေသေးပေမဲ့ကံဖြတ် ဥပစ္ဆေဒကကံဝင်လာလျှင် အောက်ဆီဂျင် မရ။
ကံကို ဉာဏ်ဖြင့်လွှမ်းမိုးခဲ့သော်အောက်ဆီဂျင် ရ၏။
၁။ သွေးနီဥအားကောင်းအောင်အာဟာရ မှီဝဲပါ။
၂။ ဟီမိုဂလိုဘင်ပြည့်အောင် သံဓာတ်စသည် မှီဝဲပါ။
၃။ သွေးလှည်ပတ်မှုကောင်းအောင်နှလုံးနဲ့သွေးကြောကျန်းမာရေးကိုဂရုစိုက်ပါ။
၄။ သွေးကြောမပိတ်ဆို့အောင် လေ့ကျင့်ခန်းလုပ်ပါ။
၅။ အချိန်မီအောင် အချိန်မဖြုန်းတီးပါနှင့်။
၆။ ကံမီအောင် အကုသိုလ်ရှောင် ကုသိုလ်ဆောင်ပါ။
၇။ သက်တမ်းစေ့နေသော် ဆက်နေလိုလျှင် ဉာဏ်ကူ၍ သက်တမ်းဆက်ပါ။
၈။ ဥပစ္ဆေဒကကံ ဝင်လာချိန်မရအောင်သတိကို သတိချင်း ဆက်လျက် ဉာဏ်ဖြင့်ကောင်းမှုကုသိုလ်များ အဆက်မပြတ်ပြုပါ။ဉာဏ်က ဘယ်ကလာမှာလဲ?
၁။ ကိုဗစ်က ခန္ဓာကိုယ်ထဲဘယ်လို ဝင်ရောက်သလဲ?
၂။ ဘယ်အစိတ်အပိုင်းတွေကိုဘယ်လို ဖျက်ဆီးသလဲ?
၃။ ကိုယ်ခန္ဓာထဲ မဝင်ရောက်နိုင်အောင်ဘယ်လို ကာကွယ်မလဲ တားဆီးမလဲ?
ကိုဗစ်က ဗိုင်းရပ်စ်ပါ။ဗိုင်းရပ်စ်တွေဆိုတာ အလွတ်မနေနိုင်ကြပါ။
သက်ရှိဆဲလ် ထဲကိုဝင်ပြီးသက်ရှိဆဲလ်ရဲ့ စက်ရုံကိုဗိုင်းရပ်စ်ဗီဇ နဲ့ ဗိုင်းရပ်စ်ပရိုတင်း ထုတ်ခိုင်းပြီးမှဗိုင်းရပ်စ်တွေ ပွားများလာတာပါ။
မပွားနိုင်အောင် သီးသန့်ထားခြင်းသည်ကူးစက် မှုတားခြင်းပါပဲ။
သီးသန့်ထားမှု isolation ကိုဘယ်အတိုင်းအတာထိဘယ်အချိန်အထိ ထားမလဲ ဆိုတာလည်းဉာဏ်နဲ့ အသိနဲ့ ချင့်တွက်ပြီးချင့်ချိန်ရမှာပါ။
Isolation နေဖို့က ပူးကပ်နေလို့မရ။၆ ပေအတွင်း ဝင်လို့ မရ။လူစုနေလို့ မရ။လူစုလူဝေး ဖြစ်နေလို့ မရ။Isolation နေနေနိုင်ဦးတော့ကိုဗစ်ပိုးပါသော ဆဲလ်တို့ကိုမမြင်နိုင်လို့ကိုင်မိလောက်ပြီထင်လျှင်တစ်ဆင့်သယ်ဆောင်ပေးတတ်သူ လက်ကိုရေ ဆပ်ပြာတို့ဖြင့် ဆေးကြောဖို့လည်းအလွန်အရေးကြီးပါတယ်။
ကိုဗစ်ပိုးတောထဲကိုသွားမည်ဆိုလျှင်တော့ဖေ့ရှီးထက် goggle မျက်စိပတ်လည်အလုံပိတ်ပေး တဲ့ ပစ္စည်းရယ်၊ပါးစပ်နဲ့နှာခေါင်းအလုံကာပေးမည့်N 95 တို့က အဓိကပါ။
အရေပြား ပေါက်ပြဲမနေလျှင်အရေပြားမှာ အနာမရှိလျှင်အရေပြားမှာ အပွန်းအပဲ့ မရှိလျင်ဝတ်စုံတွေက goggle လောက်N95 လောက် အရေးမပါပါ။
ဒါက ကိုဗစ်တောထဲကို သွားမှပါ။သာမန်ဆိုလျှင် ၆ ပေအတွင်းမကပ်နဲ့၊surgical mask သေချာတပ်၊လက်ဆေး ဆို လုံလောက်ပါတယ်။
ခက်နေတာက mask ကိုခုအထိ မတပ်သူ၊နှာခေါင်းဖော်သူ၊ပါးစပ်ဖော်သူ၊မေးချိတ်သူ၊နားရွက်ချိတ်သူ၊ရှေ့မျက်နှာကိုင်သူ၊ပြန်ပြန်သုံးသူတွေ ရှိနေဆဲပါ။
လက်လည်း မဆေးကြသူတွေ၊သေချာမဆေးကြသူ တွေ၊alcohol gel ပွတ်ရုံမျှပွတ်နေကြသူတွေယခုထိ ရှိနေဆဲပါ။
ဉာဏ်နဲ့အသက်ဆက်နိုင်ဖို့
၁။ isolation နေပါ။
၂။ လက်ဆေးပါ။
၃။ အာဟာရပြည့်စုံအောင်စားပါ။
၄။ လှုပ်လှုပ်ရှားရှားပြုပေးပါ။
၅။ mask တပ်ပါ။
ဘယ်လောက်ကူးနေနေ ပိုးသက်တမ်းက၄ ပတ်မှ မကျော်တာ … ။
ဉာဏ်ကို လွှာသုံးတတ်ဖို့တော့ လိုပါလိမ့်မည်။
Credit to Dr Aung Soe Min
Unicode