Knowledge

ဘုရားရှိခိုး ရွခင်း၏ အကျိုးတရားများ

ဘုရားရှိခိုး ရွခင်း၏ အကျိုးတရားများ

ဘုရားရှိခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား (၄၀)အနက် ဗုဒ္ဓါနုဿ တိကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြစ်တယ်

ဗုဒ္ဓါနုဿ တိကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင် ခြင်းကို ဆိုလိုတာပဲ သို့သော်ဗုဒ္ဓဂုဏ်တော်ဆိုတာအလွန်နက်ရိုင်းတယ်၊

ဂုဏ်တော်ကို မကျက်မှတ်မရွတ်ဆိုဘဲစိတ်ဖြင့် ဆင်ခြင်ဖို့ မလွယ်ကူဘူး ဒါကြောင့် ဘုရားရှင် ဂုဏ်တော်တွေကို ဦးစွာရအောင် ကျက်မှတ်ရတယ်

ကျက်မှတ်ပြီးတော့နှုတ်က ရွတ်ဆိုရတယ် နှုတ်ကရွတ်ဆိုရင်းစာမှာပါဝင်တဲ့ ဂုဏ်တော် ဆင်ခြင်တာကိုဘုရားရှိခိုးတယ်လို့ခေါ်တယ်

ဂုဏ်တော်ကိုဆင်ခြင်ရတဲ့ အကျိုးတွေကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာပြထားပါတယ်

၁။ ဘုရားရှင်၌ရိုသေခြင်း ၊ တုပ်ဝပ်ကျိုးနွံခြင်း။

၂။(က)ရတနာသုံးပါး၌ ယုံကြည်မူ၊ ကံကံ၏အကျိုး၌ယုံကြည်မူ၊ သဒ္ဓါတရားတိုးပွားလာတယ်။

(ခ)အမှတ်သတိ ကောင်းလာတယ်၊မမေ့မလျော့ဘူး၊ မရူးသွပ်နိုင်ဘူး ၊စိတ်ရောဂါ မဖြစ်နိုင်ဘူး။

(ဂ)ဥာဏ်ပညာ ထက်မြတ်လာတယ်၊ဥာဏ်ထက်မြတ်လာလို့ စာကျက်လျှင်ရလွယ်တယ်၊စာကြည့်လျှင် မှတ်မိလွယ်တယ်။

(ဃ)ကောင်းမှုတရားတိုးပွားလာတယ်၊ခန္ဓာကိုယ်တွင်းမှာ ကုသိုလ်တရားတွေပွားများလာတယ်။

၃။(က)နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။(ခ)နှစ်သက်ရုံမျှမက ဝမ်းသာခြင်း ပါမောဇ္ဇတရားလည်းတိုးပွားလာတယ်။

၎။(က)ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကိုနှိမ်နင်းနိုင်တယ်၊ မဟာရာဇဝင်မှာလာတဲ့

မိဖုရားစောလုံဟာ ဘုရားဂုဏ်တော်ထုံထားတော့ မီးမလောင်ဘူး ကောသလမင်းရဲ့မိဖုရားကို မီးပုံတွင်းပစ်ချတော့ တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်၊

ဒါကြောင့် ဘုရားဂုဏ်တော်ဟာ ဘေးရန် အန္တရာယ်ကိုနှိမ်နင်းနိုင်တယ်။

(ခ)အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွဲမရှောင်သာကြုံဦးတော့ ကြုံလာတဲ့ ဘေးရန်အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။

၅။ မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့်ထုံထားတော့ဘုရားရှင်နှင့် အတူနေသလို အမှတ်ရတယ်။

၆။မိမိခန္ဓာကိုယ်ဟာ စေတီိအိမ်လိုဖြစ်ပြီးလူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်ခြင်းကို ခံယူထိုက်တယ်

၇။ဘုရားဂုဏ်တော်ကို အာရုံပြုရင် ဘုရားဂုဏ်တော်များ ဤမြှကြီးကျယ်ခမ်းနားလှပါကလား ငါလည်း ဤသို့သောဂုဏ်ပိုရှင် ဘုရားဖြစ်ရန်စိတ်ညွှတ်နိုင်တယ်။

၈။လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံသည့် တိုင်အောင် မိမိမျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလိုဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ ဒုစရိုက်က ရှောင်လွဲနိုင်တယ်။

၉။အထက်မဂ်ဖိုလ် နိဗ္ဗာန်ကို မထိုးထွင်း မသိမြင်နိုင်စေကာမူ သေသည်ရဲ့ အခြားမဲ့မှာ ဒုဂ္ဂတိဘဝကို မလားနိုင်ဘူး၊ သုဂတိဘဝကိုသာလားရောက်ဖို့ရှိတယ်။

ဘုရားရှိခိုးတဲ့ အကျိုးဟာ ယခုဘဝမှာပင် ခံစားနိုင်

တဲ့ အကျိုးစိတ် ၁၃ပါးရှိတယ် သည် ၁၃ ပါးကို

တူရာပေါင်းလိုက်လျှင် ပစ္စုန်ပ္ပန် ဘုရားရှိခိုး ရကျိုးရှစ်ပါးရှိတယ် နောင်ဘဝ သုဂတိလားရတဲ့ အကျိုးတစ်ပါး ထည့်လိုက်လျှင် ဘုရားရှိခိုးရတဲ့ အကျိုးဟာ ကိုးပါးရှိပါတယ်။

ခရစ်ဒစ်