ကျေးရွာ လမ်းဖောက် ရာကနေ ရှေးဟောင်း ဆင်းတုတော် အမြောက်အများ တွေ့ရှိခဲ့
မဂ်လာပါပရိတ်သတ်ကြီးရေ
“ ကျေးရွာ အတွက် လမ်းဖောက်ရာ ကနေရှေးဟောင်းဆင်းတုတော်များ တွေ့ရှိခဲ့ ”
ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ် ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိခဲ့ရသည်။
“လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက် တွေ့ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပြခဲ့ပါတယ်။
လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ လောင်းရှည်-စေတုတ္တရာနှင့် လောင်းရှည်-ကျင်ဒွေးလမ်း တို့၏ လမ်းဆုံ ဖောက်လုပ်ဆဲ မြေတူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ခံက ပြောကြားခဲ့ပါသည်။
အဆိုပါ ဆင်းတု ရုပ်ပွားတော်များမှာ ဉာဏ်တော်အမြင့် နှစ်လက်မဝန်းကျင်ခန့် ရှိကာ ယွန်းကျောင်းတိုက်တွင် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားခဲ့ပါသည်။
လောင်းရှည်ကျေးရွာသည် ရှေးဟောင်း ယောဒေသတွင် ပါဝင်သော ကျေးရွာတစ်ခု ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ယွန်းကျောင်းတိုက် အပါအဝင် နှီးဘုရား၊
ယွန်းဘုရား၊ ရှေးဟောင်းပေစာ၊ သီရိဓမ္မာသောက မင်းကြီး တည်ထားသော သိန်းကျင်း ရွှေတန်ဆာဘုရား စသော လေ့လာဖွယ်ရာ နေရာများတည်ရှိပြီး အိမ်ခြေ ၆၅၅ လုံး၊ အိမ်ထောင်စု ၅၆၀ စု၊ လူဦးရေ ၂၈၈၆ ဦး နေထိုင်ကြောင်း ဒေသခံများထံမှ သိရှိခဲ့ ရပါသည်။
အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ c r d
Unicode