Local News

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပုံမှန်လည်ပတ်လျက်ရှိ

ဖေဖော်ဝါရီ ၇ ရက် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်စီးပွားကူးသန်း ရောင်းဝယ်ဖောက်ကားရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှု ပုံမှန်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုဇုန်၌ သွင်းကုန်ကားများ ဝင်ရောက်မှုများနေပြီး ပို့ကုန်တင်ပို့မှု အပိုင်းတွင်လည်း ပုံမှန်အတိုင်းရှိကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက ပြောကြားသည်။

“ဒီရက်ပိုင်း ကုန်သွယ်မှု အခြေအနေမှာ သွင်းကုန်ကားတွေကတော့ များတယ်။ ယခင်၂၅၀ လောက် ရှိတာကနေ ၄၄၀ လောက် ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ဘက်ကလည်း တရုတ်နှစ်သစ်ကူး နီးတော့ မြန်မာကုန်သည်တွေအနေနဲ့ တရုတ်နှစ်သစ်ကူး ကာလအတွင်း ကုန်ဝယ်လို့ရမှာ မဟုတ်ဘူူး။ ဒါကြောင့် ကုန်စုတာရယ်၊ ဟိုရက်ပိုင်းက ကျယ်ဂေါင်ထဲမှာ ပိတ်မိနေတဲ့ ကားတွေက ဒီရက်ပိုင်းအတွင်း လွယ်ကူစွာ ထွက်လာလို့ ရတဲ့အတွက် သွင်းကုန်ကားတွေကတော့ များနေတယ်။ ပို့ကုန်ကတော့ ပုံမှန်ရှိပါတယ်။ ဒီရက်ပိုင်းအတွင်း ကားလေး နည်းနည်းတန်းသွားတာက တရုတ်ဘက်နဲ့ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရ ချန်နယ်ဖုန်းတွေနဲ့ အွန်လိုင်းတွေ မရတဲ့အတွက်ကြောင့် လုပ်ရခက်သွားတာကြောင့် ပို့ကုန်ကားတွေ နည်းနည်းတန်းသွားတော့ ရှိတယ်။ ဒါပေမယ့် ယခင်အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ ပုံမှန်ပါပဲ” ဟု မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက ပြောကြားသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် အွန်လိုင်း မရခြင်းကြောင့် ကုန်သည်အချင်းချင်း ငွေပေးချေမှုအပိုင်းတွင် အခက်အခဲအချို့ ရှိခဲ့ရုံမှအပ duty ဆောင်မှုအပိုင်းတွင်မူ အခက်အခဲမရှိခဲ့ကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်းထံမှ သတင်းရရှိသည်။

“ပို့ကုန်ပိုင်းမှာ ကြန့်ကြာနေတာက အရင် စနေ၊ တနင်္ဂနွေ ဘဏ်တွေ၊ အင်တာနက်တွေ ပိတ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်ကိစ္စတွေမှာ ငွေထုတ်မရတဲ့အတွက် ကားတွေ တန်းသွားတော့ ရှိတယ်။ ပြီးရင်တော့ တနင်္လာ၊ အင်္ဂါ နောက်အပတ်ထဲဆို ပုံမှန်အတိုင်း စီးဆင်းသွားမှာပဲ။ ၁၀၅ မိုင်ဘက်မှာ ဂျူတီဆောင်တာကတော့ အွန်လိုင်းတွေ မရတော့ပေမဲ့ Manual နဲ့ သွားလို့ရတဲ့ အပိုင်းတွေရှိတော့ ဂျူတီဆောင်တဲ့ အပိုင်းတွေမှာ အခက်အခဲတော့ မရှိပါဘူး” ဟု ဦးမင်းနိုင်စိုးက ပြောကြားသည်။

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၁) ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့ပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ငွေကြေးလဲလှယ်သည့် စျေးနှုန်းများ မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ငွေလဲနှုန်းကတော့ ကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ တရုတ်နယ်စပ်နဲ့ ကျွန်တော်တို့ဘက်မှာတော့ အမြဲတမ်း အတက်အကျတော့ ရှိနေတာပဲ။ အကြောင်းအရာ တစ်ခုရှိနေရင်တော့ လူတွေက စိုးရိမ်တကြီး လုပ်ကျတာတွေတော့ ရှိတယ်။ တကယ်တမ်း ပျမ်းမျှတွက်ကြည့်ရင်တော့ ပုံမှန်ပါပဲ” ဟု မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာပြီးနောက် နယ်စပ်ကုန်သွယ်မှု အပိုင်းတွင် သက်ရောက်မှု အနည်းငယ်ရှိခဲ့သော်လည်း နှစ်နိုင်ငံ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ကုန်သွယ်မှုအပိုင်း၌ ပုံမှန်အတိုင်း လည်ပတ်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင်တော့ အကျိုးသက်ရောက်မှုကတော့ နည်းနည်းပါးပါးတော့ ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်မှာတော့ ကြီးကြီးမားမား မရှိနိုင်ပါဘူး၊ တရုတ်ဘက်ကလည်း လိုအပ်ချက်တွေ ရှိတယ်။ ကျွန်တော်တို့ဘက်မှာလည်း လိုအပ်ချက်တွေရှိတော့ ကုန်ရောင်းကုန်ဝယ်ရဲ့ သဘောက လိုအပ်ချက်တွေ ရှိလို့ရှိရင် ရောင်းကြဝယ်ကြမှာ ဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု မရှိလောက်ဘူးလို့ ထင်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုအပိုင်းမှာတော့ နှစ်ပေါင်းများစွာကလည်း တရုတ်နဲ့ ကုန်သွယ်မှုလုပ်လာတာ ဖြစ်တဲ့အတွက် ဆက်လုပ်နေရဦးမှာပဲ” ဟု မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက ပြောကြားသည်။

Crd

Unicode